Connect with us

Asia

“‘တရုတ်-ဗဟိုအာရှ စိတ်ဓာတ်’ မြှင့်တင်ခြင်း- ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်

“‘တရုတ်-ဗဟိုအာရှ စိတ်ဓာတ်’ မြှင့်တင်ခြင်း- ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဇွန် ၂၁ ရက်က ရိုက်ကူးခဲ့စဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန၏ အမျိုးသားအဆင့်မြင့် တတ်သိပညာရှင်အဖွဲ့က ဇွန် ၂၂ ရက်တွင် ကမ္ဘာတစ်ဝန်း၌ “ ‘တရုတ်-ဗဟိုအာရှ စိတ်ဓာတ်’ မြှင့်တင်ခြင်း- ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ၊ အခွင့်အလမ်းများနှင့် အလားအလာများ” တတ်သိပညာရှင်အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ခေတ်သစ် တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှု အရေးပါသော အောင်မြင်မှုများ၊ အခွင့်အလမ်းစိန်ခေါ်မှုများအပေါ် ဘက်စုံ ဆန်းစစ်သုံးသပ်ခဲ့ပြီး အနာဂတ်အလားအလာများအပေါ် အမြော်အမြင်ရှိစွာ ခွဲခြမ်းစိတ်ဖြာမှုများ ပြုလုပ်ခဲ့သည်။

ခေတ်သစ်ကာလတစ်လျှောက် တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှုသည် ကုန်သွယ်စီးပွားရေး ကူးလူးမှု၊ အခြေခံအဆောက်အအုံ၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ထွန်းသစ်စကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်တည်ဆောက်မှု၊ ယဉ်ကျေးမှု အပြန်အလှန်သင်ယူလေ့လာမှု၊ ငြိမ်းချမ်းသာယာရေး စသည့် ကဏ္ဍ ၇ ခုတွင် ကြွယ်ဝသော အောင်မြင်မှုရလဒ်များရရှိခဲ့သည်ဟု အဆိုပါအစီရင်ခံစာက ယူဆထားသည်။

တရုတ်နှင့် ဗဟိုအာရှသည် အေးအတူပူအမျှရှိသော အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း၊ ညီအစ်ကိုကောင်း ဖြစ်လာခဲ့ရာ ယူရေးရှားကုန်းမြေတွင် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာကြွယ်ဝသော အခင်းအကျင်းအသစ်ကို ဖန်တီးခဲ့ပြီး စူးစမ်းရှာဖွေခြင်းဖြင့် “တရုတ်-ဗဟိုအာရှ စိတ်ဓာတ်” ဖြစ်ပေါ်လာကာ ကမ္ဘာကြီးအတွက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပုံစံနှင့် စံနမူနာကို အတူတကွ တည်ဆောက်ပေးခဲ့ကြောင်း ယူဆထားသည်။

တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၊ အဆင့်မြင့် တံခါးဖွင့်လှစ်မှု၊ အသစ်တစ်ဖန် နည်းပညာပြုပြင်ပြောင်းလဲမှုနှင့် ထုတ်လုပ်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲမှုတို့က တရုတ်-ဗဟိုအာရှ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အခွင့်အလမ်းများ ဆောင်ကြဉ်းပေးကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်- ဗဟိုအာရှပူးပေါင်းဆောင်ရွက်မှုသည်လည်း တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ ပထဝီနိုင်ငံရေးအန္တရာယ်နှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးစသည့် ကဏ္ဍများ၏ အန္တရာယ်စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အဆိုပါအစီရင်ခံတွင် ထောက်ပြထားသည်။

တရုတ်- ဗဟိုအာရှပူးပေါင်းဆောင်ရွက်မှုသည် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို လမ်းညွှန်အဖြစ် သတ်မှတ်ကာ အပြန်အလှန် ဖေးမကူညီမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု၊ အများဘေးကင်းလုံခြုံရေး၊ ခေတ်အဆက်ဆက် ချစ်ကြည်ရေးကို အခိုင်အမာ ထိန်းသိမ်းကာ ဒေသတွင်း အေးအတူပူအမျှ အသိုက်အဝန်း ခိုင်မာတည်တံ့ခြင်း၊ ဒေသတွင်း သာယာဝပြောမှု စာမျက်နှာအသစ်ကို အတူတကွ ဖန်တီးခြင်း၊ ဘေးကင်းလုံခြုံရေး ကောင်းတူဆိုးဖက်အတူရှိကြသည့် အကာအကွယ်အသစ်ကို အတူတကွ တည်ဆောက်ခြင်း၊ ပြည်သူ့စိတ်နှလုံးသား အပြန်အလှန်ဆက်နွှယ်မှု သံစဉ်အသစ်ကို အတူတကွ ရေးသားခြင်းတို့တွင် အားစိုက်ဖော်ဆောင်ရန် အဆိုပါအစီရင်ခံတွင် တိုက်တွန်းထားသည်။
ဆင်ဟွာသတင်းဌာန၏ အမျိုးသားအဆင့်မြင့် တတ်သိပညာရှင်အဖွဲ့က အများပြည်သူဆိုင်ရာမူဝါဒ၊ နိုင်ငံတကာ မူဝါဒ လေ့လာရေးကို အဓိကဦးတည်ချက်အဖြစ် သတ်မှတ်ကာ မကြာသေးမီနှစ်များအတွင်း ပြည်တွင်းပြည်ပအရေးပါသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြော်အမြင်ရှိသော၊ မဟာဗျူဟာမြောက်သော၊ အရန်ကြိုတင်ပြင်ဆင်ထားသော သုတေသနများ ပြုလုပ်ခဲ့ရာ ကျယ်ပြန့်သော လွှမ်းမိုးမှုရှိသည့် တတ်သိပညာရှင် သုတေသနရလဒ်များစွာ ဖြစ်ပေါ်လာခဲ့သည်။ (Xinhua)
#အမျိုးသားအဆင့်မြင့်တတ်သိပညာရှင်အဖွဲ့ #ဆင်ဟွာသတင်းဌာန #တရုတ်_ဗဟိုအာရှ_စိတ်ဓာတ် #လူသားမျိုးနွယ်အေးအတူပူအမျှအသိုက်အဝန်း #တရုတ်_ဗဟိုအာရှ_ပူးပေါင်းဆောင်ရွက်မှု
………………
(Chinese Version)
《弘扬“中国-中亚精神”:区域合作的成就、机遇与展望》智库报告发布
新华社阿斯塔纳6月22日电(记者张斌 郑钰)新华社国家高端智库22日面向全球发布《弘扬“中国-中亚精神”:区域合作的成就、机遇与展望》智库报告,对新时代中国-中亚合作的重要成就和机遇挑战进行全面梳理,对未来前景展开前瞻分析。
报告认为,新时代以来,中国-中亚合作在经贸往来、基础设施、能源合作、新兴领域、发展能力建设、文明互学互鉴、维护和平安宁等七个方面取得丰硕成果。中国与中亚成为命运与共的好邻居、好朋友、好伙伴、好兄弟,在亚欧大陆开创了睦邻安邻富邻的新局面,探索形成了“中国-中亚精神”,共同为世界打造了区域合作的样板和典范。
报告指出,中国高质量发展、高水平开放以及新一轮科技革命和产业变革给中国-中亚合作带来重大机遇。同时,中国-中亚合作也面临着单边主义、保护主义、地缘风险和非传统安全等方面的风险挑战。
报告呼吁,中国-中亚合作以构建人类命运共同体理念和三大全球倡议为引领,坚持守望相助、共同发展、普遍安全、世代友好,致力于筑牢区域命运共同体、共创区域繁荣新篇章、共建安危与共新屏障、共谱民心相通新乐章。
新华社国家高端智库以公共政策、国际政策研究为主攻方向,近年来围绕国内外重大问题开展前瞻性、战略性、储备性研究,形成了众多具有广泛影响的智库研究成果。(完)
图说:这是6月21日在北京拍摄的《弘扬“中国-中亚精神”:区域合作的成就、机遇与展望》智库报告。新华社记者 张玉薇 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.