Asia
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတ၏ ဗဟိုဆက်သွယ်ရေးဌာန ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် ဖလှယ်

အက်စ်တာနာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် ကာဇက်စတန်နိုင်ငံ သမ္မတ လက်ထောက် Arman Kyrykbayev တို့သည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ဇွန် ၂၂ ရက်၌ ဖလှယ်ခဲ့သည်။
ဆင်ဟွာသတင်းဌာန၏ New media center က ကာဇက်စတန်နိုင်ငံသမ္မတ၏ ဗဟိုဆက်သွယ်ရေးဌာနအတွက် မီဒီယာအသစ်၊ နည်းပညာအသစ် ပံ့ပိုးပေးကာ ကာဇက်စတန်နိုင်ငံ Big Data စင်တာနှင့် တွက်ချက်မှုစင်တာ ဖွံ့ဖြိုးတိုးတက်ရေး၊ “တရုတ်-ကာဇက်စတန် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စင်တာ” တည်ဆောက်လည်ပတ်ရေးအတွက် တတ်သိပညာရှင်မေးမြန်းဆွေးနွေးရေး ဝန်ဆောင်မှု ပံ့ပိုးပေးကာ နှစ်ဘက်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖလှယ်ရေးနှင့် လေ့ကျင့်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါသဘောတူညီချက်အရ သိရသည်။
ယဉ်ကျေးမှုဆိုင်ရာ ဆန်းသစ်တီထွင်ရေး၊ ကာဇက်စတန်-တရုတ် ငွေကြေးရှင်းတမ်း၊ ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေး၊ နယ်စပ်ဖြတ်ကျော် ဉာဏမူပိုင်ခွင့် အရောင်းအဝယ်များ၊ လူရည်ချွန်ဖလှယ်ရေးနှင့် လေ့ကျင့်ရေးစသည့် ကဏ္ဍများတွင် ဤဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စင်တာက ထောက်ပံ့မှုမျိုးစုံ ပံ့ပိုးပေးနိုင်မည်ဟု ကာဇက်စတန်နိုင်ငံက မျှော်လင့်လျက်ရှိသည်။ (Xinhua)
………………
(Chinese Version)
新华社与哈萨克斯坦总统中央通讯局交换合作协议
新华社阿斯塔纳6月22日电(记者刘恺 江宥林)新华社社长傅华22日在哈萨克斯坦阿斯塔纳与哈总统助理克雷克巴耶夫交换合作协议。
根据协议,新华社新媒体中心为哈萨克斯坦总统中央通讯局提供新媒体新技术支持,为哈大数据中心与算力中心开发、“中哈交流合作中心”建设运营提供智库咨询服务,双方将开展人力资源交流与培训。
哈方希望该交流合作中心在文化创新、哈中结算、贸易畅通、跨境知识产权交易、人才交流培养等方面提供系列支撑。(完)
图说:6月22日,新华社社长傅华在哈萨克斯坦阿斯塔纳与哈总统助理克雷克巴耶夫交换合作协议。 新华社记者 殷博古 摄