Connect with us

Africa & Middle East

အီရန်နျူကလီးယားအဆောက်အဦများအား အမေရိကန် တိုက်ခိုက်ခြင်းကြောင့် ဒေသတွင်း တင်းမာမှုအခြေအနေ ဆိုးရွားလာသည့်အပေါ် ဘက်ပေါင်းစုံက ဝေဖန်

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် မီးခိုးလိပ်များတက်လာသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်စစ်တပ်က အီရန်ရှိ Fordo ၊ Natanz နှင့် Isfahan နျူကလီးယားအဆောက်အဦနေရာ ၃ ခုကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် သမ္မတ ထရမ့်က အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ဇွန် ၂၁ ရက် ညပိုင်းတွင် အတည်ပြုခဲ့သည်။

ပြင်သစ်၊ ဆလိုဗေးနီးယား၊ ဘရာဇီး၊ ဥရုဂွေး၊ အီဂျစ်၊ အယ်လ်ဂျီးရီးယားနှင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ဇွန် ၂၂ ရက်တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများသည် ဒေသတွင်း တင်းမာသည့်အခြေအနေကို ပို၍ ဆိုးရွားစေကြောင်း ဝေဖန်ပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနည်းလမ်းဖြင့် အကျပ်အတည်းအားဖြေရှင်းရန် တိုက်တွန်းခဲ့သည်။

ပြင်သစ် သမ္မတ မက်ခရွန်က “ပြင်းထန်သည့် စစ်ရေးတုံ့ပြန်မှု”သည် အစ္စရေးနှင့် အီရန်၏ ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သမ္မတအိမ်တော်၌ ကျင်းပသည့် ကာကွယ်ရေးနှင့် လုံခြုံရေး အစည်းအဝေးတွင် မီဒီယာများအား ပြောကြားခဲ့သည်။ သံတမန်ရေးနှင့် နည်းပညာအရ စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်ဆောင်ရွက်မှသာ ဒေသတွင်းအခြေအနေ အထိန်းအကွပ်မဲ့ အရှိန်မြင့်တက်လာမှုကို ကာကွယ်တားဆီးနိုင်မည်ဟု မက်ခရွန်က ယူဆသည်။

ဆလိုဗေးနီးယားဝန်ကြီးချုပ် Robert Golob က ဆက်တိုက်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုနှင့် စစ်ရေးပဋိပက္ခများသည် အရှေ့အလယ်ပိုင်းဒေသ အရပ်သားပြည်သူများ၏ ဒုက္ခအခက်အခဲကို ပို၍ ဆိုးရွားစေမည်သာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့် သံတမန်ရေးနည်းလမ်းသည် လက်ရှိ အကျပ်အတည်း အန္တရာယ်ကို ဖြေရှင်းသည့် တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆလိုဗေးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အရှိန်မြင့်တက်မှုအပေါ် အထူးစိုးရိမ်ကြောင်းနှင့် လက်ရှိ ရန်လိုသည့် လှုပ်ရှားမှုများက ဒေသတွင်းတည်ငြိမ်မှုကို ထပ်တိုး ပျက်စီးစေမည်ဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ကာ အရပ်သားပြည်သူများ၏ အသက်အိုးအိမ်ကို ခြိမ်းခြောက်မှုဖြစ်စေသည်ဟု သတိပေးပြောကြားခဲ့သည်။ ဆလိုဗေးနီးယားနိုင်ငံ အာဏာရညွှန့်ပေါင်းအဖွဲ့ လက်ဝဲယိမ်းပါတီက အမေရိကန်၏ လှုပ်ရှားမှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချခဲ့ပြီး ယင်းမှာ အခြေအနေ အရှိန်မြင့်တက်စေသည့် တာဝန်ယူမှုမရှိသော လုပ်ရပ်ဖြစ်ရာ အရှေ့အလယ်ပိုင်းကို စစ်မက်၏နှုတ်ခမ်းဝသစ်သို့ တွန်းပို့လိုက်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာတွင် အစ္စရေးနှင့် အမေရိကန်တို့က အီရန်၏ နျူကလီးယားအဆောက်အဦများအား စစ်ရေးတိုက်ခိုက်မှု၊ အီရန်၏ အချုပ်အခြာအာဏာအား ထိပါးကျူးကျော်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ နျူကလီးယား အဆောက်အဦများအား မည်သည့် လက်နက်တိုက်ခိုက်မှုမဆို ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စည်းမျဉ်းစည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး အရပ်သားပြည်သူများ၏ အသက်အိုးအိမ်နှင့် ကျန်းမာရေးကို ဆိုးရွားသည့် ခြိမ်းခြောက်မှုဖြစ်စေကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဥရုဂွေးနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ ဥရုဂွေးနိုင်ငံအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သည့် မည်သည့်လှုပ်ရှားမှုကိုမဆို ဆန့်ကျင်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသူများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန်၊ ရန်လိုသည့်လှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရန်၊ အရပ်သားပြည်သူများကို ကာကွယ်ရန်၊ သံတမန်ရေးတွေ့ဆုံဆွေးနွေးမှုကို ပြန်လည်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အီဂျစ်သမ္မတအိမ်တော်က ကြေညာချက် ထုတ်ပြန်ရာတွင် အစ္စရေးနှင့် အီရန် ပဋိပက္ခ အရှိန်မြင့်တက်လျက်ရှိသည်ကို တားဆီးရမည် ဖြစ်ပြီး ဒေသတွင်း ပဋိပက္ခ အဆက်မပြတ် ကြီးထွားလာမှုသည် ဆိုးရွားသည့် နောက်ဆက်တွဲကို သယ်ဆောင်လာမည်ဟု သမ္မတ Abdel Fattah El-Sisi နှင့် အိုမန် ဆူလတန် Haitham bin Tariq တို့ ဖုန်းဖြင့် ဆက်သွယ်ရာ၌ အလေးထားပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းဒေသတွင် စစ်မက်၏ဒုက္ခပေးမှုကို ရှောင်ရှားရန် စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်များ ပြန်လည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း Abdel Fattah El-Sisi က ပြောကြားခဲ့သည်။

အယ်လ်ဂျီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းကြေညာချက် ထုတ်ပြန်၍ အမေရိကန်က အီရန် နျူကလီးယားအဆောက်အဦကို တိုက်ခိုက်ခြင်းကြောင့် အခြေအနေအရှိန်အဟုန်သည် တစ်ဆင့်တိုး မြင့်တက်လာရာ ဒေသတွင်း၌ ယခင်ကမကြုံခဲ့ရဖူးသည့် အန္တရာယ်နှင့် ကြိုတင်ခန့်မှန်းရခက်သည့် နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ စစ်ရေးနည်းလမ်းသည် မည်သည့်အခါကမျှ ပြဿနာကို ဖြေရှင်း၍ မရကြောင်း၊ လက်ရှိအရေးကြီးဆုံးမှာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေကို အခြေခံသည့် ငြိမ်းချမ်းရေးနည်းလမ်းသို့ ပြန်လည်ရောက်ရှိရန် အခြေအနေများတစ်ဆင့်တိုးအရှိန်မြင့်တက်လာမှုကို ရှောင်ရှားရန် ဖြစ်ကြောင်း သတင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။

လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့က ကြေညာချက်ထုတ်ပြန်ရာတွင် အမေရိကန်က အီရန် နျူကလီးယား အဆောက်အဦများကို တိုက်ခိုက်ခြင်းသည် “ဆိုးရွားသည့် ကျူးကျော်မှု လုပ်ရပ်” ဖြစ်ကြောင်း ဒေသတွင်းအခြေအနေ အရှိန်အဟုန်တစ်ဆင့်တိုးမြှင့်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်၏ ဤလုပ်ရပ်သည် အီရန်အပေါ် ဆက်တိုက် ဖိအားပေးမှုကို တိုးချဲ့ခြင်း ဖြစ်ရာ အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် မရရှိခဲ့သည့် ရည်မှန်းချက်ကို ဖြည့်စွက်ပေးရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း၊ ယခုအကြိမ်ကိစ္စရပ်တွင် အမေရိကန်-အစ္စရေးက ဒေသသတွင်းပဋိပက္ခတွင် ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေး ရှိသည်ကို ဖော်ပြခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
综合消息|多方批评美国袭击伊朗核设施加剧地区紧张局势
新华社北京6月23日电 综合新华社驻外记者报道:美国总统特朗普在美国东部时间21日晚证实,美军“成功打击”伊朗福尔道、纳坦兹和伊斯法罕三处核设施。法国、斯洛文尼亚、巴西、乌拉圭、埃及、阿尔及利亚以及黎巴嫩真主党22日均批评美方军事行动加剧地区紧张局势,并呼吁以和平方式解决危机。
法国总统马克龙在总统府召开国防和安全会议时对媒体说,“严厉的军事回应”无法解决以色列和伊朗冲突。马克龙认为,恢复外交和技术谈判能够防止地区局势不受控制地升级。
斯洛文尼亚总理罗伯特·戈洛布表示,持续的暴力和军事冲突只会加剧中东地区平民的苦难,和平与外交途径是解决当前危机的唯一正确道路。斯外交部发表声明对中东地区局势升级表示严重关切,并警告当前敌对行动可能进一步破坏地区稳定,威胁国际和平与安全,对平民生命构成威胁。斯洛文尼亚执政联盟成员左翼党强烈谴责美方行动,认为这是一次不负责任的升级局势行为,将中东推向新的战争边缘。
巴西外交部发表声明说,巴西强烈谴责以色列和美国军事攻击伊朗核设施,侵犯伊朗主权。声明说,对核设施的任何武装袭击都公然违反《联合国宪章》和国际原子能机构的规则,对平民生命和健康构成严重威胁。
乌拉圭外交部发表声明说,乌拉圭反对任何威胁国际和平与安全的行动,呼吁冲突各方保持克制,立即停止敌对行动,保护平民,恢复外交对话。
埃及总统府发表声明说,总统塞西与阿曼苏丹海赛姆通电话时强调,有必要制止以色列和伊朗正在升级的冲突,地区冲突不断扩大将带来严重后果。塞西表示,必须恢复谈判进程,使该地区免受战争祸害。
阿尔及利亚外交部发布新闻公报说,美国打击伊朗核设施使局势进一步升级,令地区面临前所未有的风险和难以预料的后果。公报说,军事手段从来都无法解决问题,当务之急是回归以《联合国宪章》和国际法为基础的和平方式,避免局势进一步升级。
黎巴嫩真主党发表声明说,美国对伊朗核设施的袭击是“严重侵略行为”,可能导致地区局势进一步升级。声明说,美国此举是对伊朗持续施压的延伸,试图弥补以色列在对伊朗军事行动中未达成的目标,此次事件表明美以在地区冲突中存在合作关系。(完)
1. 这是6月17日在伊朗首都德黑兰市区拍摄的浓烟。新华社记者 沙达提 摄