China
၁၆ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်သို့ လီချန် တက်ရောက်မည်

ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ထျန်းကျင်းမြို့၌ ကျင်းပမည့် ၁၆ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်အား တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။ ထိုကာလအတွင်း လီချန်သည် ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ အထူးမိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံသို့ လာရောက်၍ ဖိုရမ်တက်ရောက်သည့် နိုင်ငံခြားဧည့်သည်တော်များကို တွေ့ဆုံကာ နိုင်ငံခြား ကုန်သည်စီးပွားလောက ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
အဆိုပါဖိုရမ်သို့ အီကွေဒေါနိုင်ငံ သမ္မတ Daniel Noboa ၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lawrence Wong ၊ ကာဂျစ်စတန်နိုင်ငံ ဝန်ကြီးချုပ် Adylbek Kasymaliyev ၊ ဆီနီဂေါနိုင်ငံ ဝန်ကြီးချုပ် Ousmane Sonko ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh တို့တက်ရောက်ကြမည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၉၀ ကျော်မှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ မီဒီယာလောက ကိုယ်စားလှယ်ပေါင်း ၁,၇၀၀ လည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————–
(Chinese Version)
李强将出席第十六届夏季达沃斯论坛
新华社北京6月23日电 外交部发言人23日宣布:国务院总理李强将于6月24日至25日出席在天津举行的第十六届夏季达沃斯论坛。其间,李强总理将出席开幕式并发表特别致辞,会见来华出席论坛的外方嘉宾,并同外国工商界代表座谈交流。
厄瓜多尔总统诺沃亚、新加坡总理黄循财、吉尔吉斯斯坦总理卡瑟马利耶夫、塞内加尔总理松科、越南总理范明政将出席论坛。来自90多个国家和地区的1700余名政、商、学、媒体界代表将参会。(完)