Connect with us

Asia

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စီမံထိန်းချုပ်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန် (ရှေ့တန်း ဝဲဘက် တတိယ) အား ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတိုက်ဖျက်ရေးအား ဘက်စုံမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ စီမံထိန်းချုပ်မှု အစီအမံများအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ဇွန် ၂၃ ရက်တွင် ကြေညာခဲ့သည်။

ထိုင်းနိုင်ငံအစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့် ထိစပ်နေသောဒေသ၏ နယ်စပ်စီမံထိန်းချုပ်မှုများကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ယင်းတွင် နယ်စပ်ပြည်နယ် ၇ ခု၏ နယ်စပ်စစ်ဆေးရေးစခန်း ဖွင့်လှစ်သည့်အချိန် ကန့်သတ်ခြင်း၊ မလိုအပ်သည့်အခြေအနေတွင် ယာဉ်နှင့်တစ်သီးပုဂ္ဂလ နယ်စပ်ဖြတ်ကျော် ဖြတ်သန်းသွားလာမှုအား တားမြစ်ခြင်းတို့ ပါဝင်ကြောင်း ပေထုံတန်က ထိုနေ့ ဝန်ကြီးချုပ်အိမ်တော်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ပေထုံတန်က ထိုင်းနိုင်ငံအစိုးရအနေဖြင့် နိုင်ငံဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုကွန်ရက်နှင့် ပတ်သက်သည့် ဘဏ္ဍာရေးစနစ်အား စောင့်ကြည့်ထိန်းချုပ်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား စစ်တပ်၊ အစိုးရအဖွဲ့အစည်းများနှင့် အင်တာနက်နှင့် ပင်လယ်ရေအောက် အင်တာနက် ဖိုင်ဘာကြိုး ချိတ်ဆက်မှုကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု သက်ဆိုင်ရာဒေသသို့ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီနှင့် အခြားအဓိကပစ္စည်းများ တင်ပို့မှုကိုလည်း ရပ်ဆိုင်းပြီး ကမ္ဘောဒီးယားအပေါ် လောင်စာဆီတင်ပို့မှုကို ပြန်လည်စိစစ်ကာ ၎င်းကို အခြားတရားမဝင်အကျိုးအတွက် အသုံးပြုမှုများကို ကြိုတင်ကာကွယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ထိုင်းနိုင်ငံ စစ်တပ်၏ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အား ထိန်းချုပ်သော ကြည်းတပ်စစ်ဌာနချုပ်နှင့် ရေတပ် နယ်စပ်ကွပ်ကဲရေးဌာနတို့က ဇွန် ၂၃ ရက် ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်၍ ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသ ပြည်ဝင်ပြည်ထွက် ကန့်သတ်မှုအစီအမံများအား တင်းကျပ်စွာ လုပ်ဆောင်သွားပြီး ဆေးကုသရေး စသည့် လူသားချင်းစာနာမှုအကြောင်းပြချက်ဖြင့် ပြည်ဝင်ပြည်ထွက်မှုနှင့် ကျောင်းတက်ခြင်း၊ လူနေမှုဘဝလိုအပ်သည့်ပစ္စည်းများ ဝယ်ယူခြင်း စသည့် လိုအပ်သော သွားလာမှုများကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြကြသည်။

လတ်တလောကာလအတွင်း နယ်စပ်ဒေသအငြင်းပွားမှုကြောင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှု အခြေအနေ ဆိုးရွားလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံက ဇွန် ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို တားမြစ်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသားများကိုလည်း ထိုင်းနိုင်ငံသို့ ခရီးသွားလာမှုအား ရှောင်ကြဉ်ရန် အကြံပြုခဲ့သည်။ (Xinhua)

—————–
(Chinese Version)
泰国总理宣布将加强泰柬边境管制
新华社曼谷6月23日电(记者高博 林昊)泰国总理佩通坦23日宣布,泰国将加强与柬埔寨边境的管制措施,以全面提升打击跨国犯罪力度。
佩通坦当天在总理府举行的新闻发布会上说,泰国政府将进一步加强与柬接壤地区的边境管控,包括在7个边境省份限制边检站开放时间,禁止非必要情况下车辆与个人跨境通行。
佩通坦表示,泰国政府还将加强监控与跨国电信诈骗网络相关的金融体系,中断与柬军方及政府机构的网络及海底光缆连接。同时,停止向跨国犯罪相关地区出口电力、燃油及其他关键物资,并重新审查所有对柬燃油出口,防止其被用于非法用途。
另据泰国媒体报道,泰国军方负责管理泰柬边境的陆军军区和海军边境指挥部23日晚发布公告,宣布收紧与柬边境地区的出入境管制措施,仅允许医疗等基于人道主义理由的出入境和上学、民生物资采购等必要往来。
近期,因边界争端导致泰柬边境紧张局势加剧。22日,柬埔寨宣布禁止从泰国进口燃油和天然气,并建议柬公民避免前往泰国。(完)
图说:6月23日,泰国总理佩通坦(前排左三)在位于曼谷的总理府出席新闻发布会。新华社发(拉亨摄)