Connect with us

Asia

ဂျပန်ဝန်ကြီးချုပ် NATO ထိပ်သီးအစည်းအဝေး ခရီးစဉ် ပယ်ဖျက်

ဂျပန်နိုင်ငံ အိုကီနာဝါခရိုင်၌ ကျင်းပသည့် အိုကီနာဝါတိုက်ပွဲတွင် ကျဆုံးသူများအား ဂါရဝပြု အခမ်းအနား၌ အမှာစကားပြောကြားနေသော ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာကို ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာသည် မူလက ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့သို့ သွားရောက်ကာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ထိပ်သီးအစည်းအဝေး တက်ရောက်ရန် စီစဉ်ထားကြောင်း၊ သို့သော် ဘက်ပေါင်းစုံထည့်သွင်းစဉ်းစားမှုအရ အဆိုပါခရီးစဉ်အား ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်စစ်တပ်က အီရန်နျူကလီးယားအဆောက်အဦများအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသအခြေအနေအား စဉ်ဆက်မပြတ် တင်းမာလာစေသဖြင့် ဂျပန်အစိုးရက ယခုအကြိမ်ခရီးစဉ်အား ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဂျပန်အစိုးရ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဂျပန်မီဒီယာအများအပြားက သတင်းဖော်ပြကြသည်။

တောင်ကိုရီးယားသမ္မတက အဆိုပါအစည်းအဝေးအား မတက်ရောက်ဟု သေချာသည့်အခြေအနေတွင် ဂျပန်ကလည်း ထိုအခြေအနေအရ ညှိနှိုင်းပြင်ဆင်မှုများ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဂျပန် NHK သတင်းဌာနက ဖော်ပြသည်။

ယခုအကြိမ်ခရီးစဉ်၏ မူလအစီအစဉ်မှာ အမေရိကန်က ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် ၄ နိုင်ငံပါဝင်ရန် ခေါ်ယူထားသည့် အထူးတွေ့ဆုံဆွေးနွေးမှုအား တက်ရောက်ရန်ဖြစ်ကြောင်း၊ လက်ရှိတွင် အခြားနိုင်ငံများတက်ရောက်မှု အခြေအနေကို ဘက်စုံထည့်သွင်းစဉ်းစားပြီးနောက် သတိထား၍ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်ကြောင်း ရှိဂဲရု အီရှီဘာက ဇွန် ၂၃ ရက်တွင် အိုကီနာဝါ၌ အခမ်းအနား တက်ရောက်စဉ် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ပြည်တွင်း၌ အရေးတကြီးဖြေရှင်းရန်လိုအပ်သည့် အကြောင်းအရာများစွာနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေ စသည့် မသေချာမရေရာသော အကြောင်းအချက်များကို ဘက်စုံထည့်သွင်းစဉ်းစားပြီးနောက် သမ္မတ လီဂျေမြောင်က ယခုအကြိမ် ထိပ်သီးအစည်းအဝေးအား မတက်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံ အမျိုးသားလုံခြုံရေးရုံးက ဇွန် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် NATO အဖွဲ့ဝင်နိုင်ငံများ မဟုတ်ပေ။ ၂၀၂၂ ခုနှစ် ဇွန်လတွင် ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံလေးနိုင်ငံမှ ခေါင်းဆောင်များသည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသော NATO ထိပ်သီးအစည်းအဝေးတွင် ပါဝင်ခဲ့သည်။ ယင်းသည် နေတိုးအဖွဲ့က ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ပထမဆုံးအကြိမ်အဖြစ် အာရှ-ပစိဖိတ်ဒေသနိုင်ငံများကို ဖိတ်ကြားခြင်းဖြစ်သည်။ ယခုနှစ် NATO ထိပ်သီးအစည်းအဝေးကို ဇွန် ၂၄ ရက်မှ ၂၅ ရက်အထိ သည်ဟိတ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ (Xinhua)

——————
(Chinese Version)
日本首相取消北约峰会行程
新华社东京6月23日电(记者李子越 陈泽安)日本外务省23日宣布,首相石破茂原定于24日至26日访问荷兰海牙并出席北大西洋公约组织峰会,但因多方面考虑,已决定取消行程。
多家日本媒体援引日本政府相关人士的话说,鉴于美军对伊朗核设施发动空袭导致中东局势持续紧张,政府决定取消此次出访行程。
日本广播协会说,在韩国总统明确不出席的背景下,日本也据此作出调整。
石破茂23日在冲绳出席活动期间接受采访时表示,此次访问原计划主要出席由美国召集日本、韩国、澳大利亚和新西兰四国参与的特别会谈,现在将综合考虑其他国家的出席情况,慎重作出决定。
韩国国家安保室22日表示,在综合考量国内亟待解决的多项议题及中东局势等不确定性因素后,总统李在明决定不出席此次北约峰会。
日本和韩国都不是北约成员国。2022年6月,日本、韩国、澳大利亚和新西兰四国领导人参加在西班牙马德里举行的北约峰会,这是北约首次邀请亚太国家参加峰会。今年的北约峰会定于24日至25日在海牙举行。(完)
图说:6月23日,在日本冲绳,日本首相石破茂在冲绳战殁者追悼仪式上发言。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.