Connect with us

China

ဝမ်ရိနှင့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan တို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နှင့် ဇွန် ၂၄ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဝန်ကြီးချုပ် လောရင့်စ်ဝေါင်တို့ မကြာသေးမီက အောင်မြင်မှုရလဒ်ကြွယ်ဝသော တွေ့ဆုံးဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လိုက်နာပြီး “ထိုင်ဝမ်ခွဲထွက်ရေး” ကို ကန့်ကွက်ကြောင်း စင်ကာပူနိုင်ငံ၏ ထပ်လောင်းပြောကြားခဲ့ခြင်းအပေါ် တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးပါကြောင်း၊ စင်ကာပူနိုင်ငံနှင့်အတူ တရုတ်-စင်ကာပူ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၃၅ နှစ်ပြည့်ကို အခွင့်အလမ်းအဖြစ်သတ်မှတ်ကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်နှင့် အောင်မြင်မှုရလဒ်များကို လက်တွေ့ဖော်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

Vivian Balakrishnan က စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အမြော်အမြင်ရှိသော မဟာဗျူဟာ အမြင်ဖြင့် ထွန်းသစ်စနည်းပညာဖွံ့ဖြိုးတိုးတက်မှုမှ ဆောင်ကြဉ်းပေးသော အခွင့်အလမ်းများကို ဆုပ်ကိုင်ပြီး ကုန်သွယ်စီးပွားရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန်ချိတ်ဆက်မှုစသည့် ကဏ္ဍအသီးသီးပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစေလိုကြောင်း၊ စင်ကာပူနိုင်ငံသည် အခြားသော အာဆီယံနိုင်ငံများ၊ တရုတ်နိုင်ငံနှင့်အတူ တံခါးဖွင့်မှုနှင့် အားလုံးပါဝင်နိုင်မှုကို အခိုင်အမာထိန်းသိမ်းကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒအား ကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………….
(Chinese Version)
王毅会见新加坡外长维文
新华社北京6月24日电 中共中央政治局委员、外交部长王毅24日在京会见新加坡外长维文。
王毅说,习近平主席刚刚同黄循财总理举行富有成果的会晤。中方赞赏新方重申将恪守一个中国原则,反对“台独”,愿同新方以中新建交35周年为契机,落实好两国领导人重要共识和访问成果。
维文表示,新方愿同中方以具有前瞻性的战略眼光,抓住新兴技术发展带来的机遇,深化经贸投资、互联互通等各领域合作。新方将同东盟其他国家和中国一道,坚持开放包容,捍卫多边主义。(完)
图说:6月24日,中共中央政治局委员、外交部长王毅在北京会见新加坡外长维文。 新华社记者 丁林 摄