Connect with us

Africa & Middle East

ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အမှာစကားပြောကြားနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီအား ဇွန် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ဂ်ချီတို့သည် ဇွန် ၂၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် အာရက်ဂ်ချီက ဒေသတွင်း နောက်ဆုံးအခြေအနေများကို အကြောင်းကြားခဲ့ပြီး အီရန် နျူကလီးယားအဆောက်အဦများအား တိုက်ခိုက်ခဲ့သော အစ္စရေး၊ အမေရိကန်၏ အန္တရာယ်များသော လုပ်ရပ်သည် နိုင်ငံတကာ ဥပဒေကို အပြင်းအထန်ချိုးဖောက်ခဲ့ရာ အီရန်အနေဖြင့် ရွေးချယ်စရာမရှိဘဲ တန်ပြန်တိုက်ခိုက်ရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

အီရန်နှင့် အစ္စရေးတို့သည် မကြာသေးမီက အပစ်အခတ်ရပ်စဲမှု ရရှိထားသော်လည်း အခြေအနေမှာ မတည်ငြိမ်သေးကြောင်း၊ အစ္စရေး၏ ကျူးကျော်မှုရပ်တန့်မှသာလျှင် စစ်မှန်သော စေ့စပ်ညှိနှိုင်းမှုစတင်နိုင်မည်ဖြစ်ကြောင်း၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အမေရိကန်၊ အစ္စရေးလှုပ်ရှားမှုများကို ပြစ်တင်ရှုတ်ချခဲ့ကြပြီး ဤကိစ္စရပ်အတွက် လုံခြုံရေးကောင်စီက အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ အီရန်၏ အကျိုးအကြောင်းဆီလျော်သည့် တရားဝင်ရပ်တည်ချက်အပေါ် နားလည်ပေးမှုနှင့် ထောက်ခံပေးမှုအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သော ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းထားလိုပြီး အခြေအနေ ပြေလျော့ရေးအတွက် တရုတ်နိုင်ငံက ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး တည်ဆောက်ပေးသူ၊ အရှေ့အလယ်ပိုင်း တည်ငြိမ်ရေး မြှင့်တင်ပေးသူ အစဉ်အမြဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖိန် က လက်ရှိအခြေအနေနှင့် ပတ်သက်၍ အဆိုပြုချက် ၄ ရပ် အဆိုပြုကာ ချက်ချင်းအပစ်ရပ်၍စစ်ပွဲအဆုံးသတ်ရန်၊ အရပ်သားပြည်သူများ၏ လုံခြုံရေး အာမခံပေးရန်၊ ဆွေးနွေးစေ့စပ်ညှိနှိုင်းမှုများ စတင်ရန်၊ ငြိမ်းချမ်းရေး ကြိုးပမ်းမှု မြှင့်တင်ရန် တိုက်တွန်းခဲ့ကြောင်း၊ ယင်းက တရုတ်နိုင်ငံ၏ တရားမျှတမှုကို လက်ကိုင်ထားခြင်း၊ သမာသမတ်ကျမှုကို အခိုင်အမာ စောင့်ထိန်းခြင်း၏ မူဝါဒရပ်တည်ချက်ကို အပြည့်အဝဖော်ပြခဲ့ကြောင်း၊ အီရန်အား အမေရိကန်တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ရှုတ်ချကြောင်းကို ပထမဆုံးအချိန် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ အာမခံကြီးကြပ်မှုရှိသော နျူကလီးယားအဆောက်အဦများအား စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ရည်ရွယ်ချက်၊ အခြေခံမူနှင့် နိုင်ငံတကာဥပဒေအား ပြင်းထန်စွာချိုးဖောက်နေပြီး နျူကလီယား ယိုစိမ့်မှု သို့မဟုတ် နျူကလီးယား ကပ်ဘေးကိုပင် ဖြစ်စေနိုင်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မည်သည့် လုပ်ရပ်ကိုမဆို ကန့်ကွက်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အီရန်က နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး ထိန်းသိမ်းကာကွယ်ခြင်းအပေါ် အားထားဆောင်ရွက်မှုကို ထောက်ခံအားပေးပြီး ယင်းကို အရင်းခံ၍ စစ်မှန်သော အပစ်အခတ်ရပ်စဲရေးဖော်ဆောင်ရန်၊ ပြည်သူများအား ပုံမှန်လူနေမှုဘဝ ပြန်လည်ရရှိစေရန်၊ အရှေ့အလယ်ပိုင်းအခြေအနေ အမြန်ဆုံး ပြေလျော့ရေးကို တွန်အားပေးရန် ဝမ်ရိက ပြောကြားခဲ့သည်။

အပစ်ရပ်စစ်ပွဲအဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးမြှင့်တင်ရန် ထုတ်ဖော်ပြောဆိုခဲ့သော အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ တစ်ညီတစ်ညွတ်တည်းအသံကို တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးကြောင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းကာကွယ်မည့် ဦးစားပေး တာဝန်ဝတ္တရားကို ထမ်းဆောင်ရန်အတွက် လုံခြုံရေးကောင်စီက ပါဝင်သင့်သည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် တွန်းအားပေးလိုကြောင်း၊ အီရန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ ရွှေ့ပြောင်းရာတွင် တရုတ်နိုင်ငံအား ပံ့ပိုးကူညီပေးမှုအတွက် အီရန်အစိုးရအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ သံရုံးများနှင့် ကောင်စစ်ဝန်များအား အီရန်အနေဖြင့် ဆက်လက် ကာကွယ်စောင့်ရှောက်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………
(Chinese Version)
王毅同伊朗外长阿拉格齐通电话
新华社北京6月24日电 6月24日,中共中央政治局委员、外交部长王毅同伊朗外长阿拉格齐通电话。
阿拉格齐通报了地区局势最新情况,强调以色列、美国袭击伊朗核设施的危险行径严重违反国际法,伊方别无选择,必须予以反击。伊以刚刚达成停火但形势并不稳定。只有以色列停止侵略,才能开启真正谈判。伊斯兰合作组织外长会已对美以行动予以谴责,期待安理会为此发挥作用。感谢中方对伊方正当立场的理解和支持,愿同中方保持密切沟通,期待中方为缓和局势发挥更大作用。
王毅说,中方始终是中东和平的建设者、中东稳定的促进者。习近平主席针对当前局势提出四点主张,呼吁立即停火止战,保障平民安全,开启对话谈判,推进促和努力,充分表明了中方主持公道、坚守正义的原则立场。美国袭击伊朗后,中方第一时间发声谴责。军事打击接受国际原子能机构保障监督的核设施,严重违反联合国宪章宗旨以及国际法,可能引发核泄漏甚至核灾难,国际社会都应予以反对。
王毅说,中方支持伊方致力于维护国家的主权和安全,在此基础上实现真正停火,让人民恢复正常生活,推动中东局势尽快降温。中方赞赏伊斯兰合作组织发出停火止战、推进和平的一致声音,愿推动安理会发挥应有作用,担负起维护国际和平与安全的首要职责。感谢伊朗政府为中方撤离在伊中国公民提供的支持,希望伊方继续保护中国机构、人员和使领馆安全。(完)
图说:6月22日,伊朗外交部长阿拉格齐在土耳其伊斯坦布尔举行的新闻发布会上发言。新华社记者 刘磊 摄