Connect with us

International Organizations

အာဆီယံအနေဖြင့် ဆိုက်ဘာရာဇဝတ်မှုများကို ပူးပေါင်းရင်ဆိုင်သင့်ကြောင်း မလေးရှား အစိုးရအရာရှိ ဆို

ကွာလာလမ်ပူ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)
တစ်နေ့တခြား ပိုမိုများပြားလာသော ဆိုက်ဘာရာဇဝတ်မှုများကို ရင်ဆိုင်ရန် အာဆီယံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ကာ ထိရောက်သောလှုပ်ရှားမှုများ လုပ်ဆောင်ရန် အရေးတကြီး လိုအပ်လျက်ရှိကြောင်း၊ အဆိုပါပြစ်မှုကျူးလွန်မှုများတွင် ငွေကြေးလိမ်လည်မှု၊ အကျပ်ကိုင် ခြိမ်းခြောက်သည့် ဆော့ဖ်ဝဲလ်တိုက်ခိုက်မှု စသည်တို့ပါဝင်ကြောင်း မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီး Saifuddin Nasution Ismail က ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်နည်းပညာများ လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ အဆိုပါပြစ်မှုကျူးလွန်မှုများသည် လက်ရှိတွင် အရေးတကြီးရင်ဆိုင်ဖြေရှင်းရန်လိုအပ်သည့် ဆိုးရွားသော စိန်ခေါ်မှုများ ဖြစ်လာပြီဟု Saifuddin Nasution Ismail က ထိုနေ့တွင် ၂၅ ကြိမ်မြောက် အာဆီယံနိုင်ငံများ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေး အဆင့်မြင့်အရာရှိ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့ကြောင်း မလေးရှား Bernama သတင်းဌာန ဖော်ပြချက်အရ သိရသည်။

သက်ဆိုင်ရာကဏ္ဍက ပြစ်မှုကျူးလွန်မှုကို ခွဲခြားအတည်ပြုရန်၊ ကြိုတင်ကာကွယ်ရန်နှင့် တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်မှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် အာဆီယံအနေဖြင့် ဉာဏ်ရည်တု (AI) အား တာဝန်သိစွာ အသုံးပြုခြင်း အပါအဝင် နည်းပညာနည်းလမ်းအသစ်များ အသုံးပြုရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော်လည်း ၎င်းက နည်းပညာကိုသာ အားကိုးခြင်းသည် လုံလောက်မှုမရှိကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီး၏ အပြန်အလှန်ယုံကြည်မှု၊ သတင်းအချက်အလက် အပြန်အလှန် မျှဝေမှုနှင့် စွမ်းရည်တည်ဆောက်မှု စသည်တို့ကို အားထားမှသာလျှင် အဆိုပါစိန်ခေါ်မှုများကို ရင်ဆိုင်သည့် ပူးပေါင်းအင်အား ဖြစ်တည်လာမည်ဟုလည်း ထောက်ပြပြောကြားခဲ့သည်။

အစည်းအဝေးတွင် Saifuddin Nasution Ismail က လက်ရှိအာဆီယံက နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ တိုက်ဖျက်ရာတွင် အရေးကြီးတိုးတက်မှုများကို အစီရင်ခံတင်ပြခဲ့ရာ ၎င်းအနက် လူကုန်ကူးမှုရင်ဆိုင်ရန် လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်း၊ သတင်းအချက်အလက် အတူမျှဝေမှု၊ တရားဥပဒေယန္တရား အဆင့်မြှင့်မှုနှင့် နယ်စပ်ဒေသ စီမံထိန်းချုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို သဘောတူညီခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေးအဖွဲ့ တည်ထောင်ရန် အကြံပြုခြင်း စသည်တို့ ပါဝင်သည်။

၂၀၂၅ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအနေဖြင့် မလေးရှားနိုင်ငံသည် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စည်ပင်ဝပြောရေးဟူသည့် ဘုံရည်မှန်းချက်ကို အတူတကွဖော်ဆောင်ရန်အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆက်လက်နီးကပ်စွာပူးပေါင်းဆောင်ရွက်၍ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အတူတကွတိုက်ဖျက်သွားမည်ဖြစ်ကြောင်း Saifuddin Nasution Ismail က ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
马来西亚官员:东盟需合作应对网络犯罪
新华社吉隆坡6月24日电(记者王嘉伟 毛鹏飞)马来西亚内政部长赛义夫丁24日表示,东盟亟待加强合作并采取有效行动,应对与日俱增的网络犯罪,这些犯罪涉及金融诈骗、勒索软件攻击等。
据马来西亚国家新闻社报道,赛义夫丁当天在第25届东盟打击跨国犯罪高官会议开幕式上表示,随着数字科技迅猛发展,这些犯罪行为已成为当前亟待应对的严峻挑战。东盟需采取新技术手段,包括负责任地运用人工智能,以提升有关方面对犯罪行为的甄别、预防与执法落实能力。
但他也指出,仅仅依靠技术是不够的,还有赖相关各方的彼此信任、信息共享以及能力建设等才能形成应对这些挑战的合力。
会上,赛义夫丁还汇报了当前东盟在打击跨国犯罪事务上的重要进展,其中包括:召开应对人口走私的工作小组会议;同意加强信息共享、法律机制更新与边境管控合作;提议设立打击金融犯罪小组等。
赛义夫丁表示,作为2025年东盟轮值主席国,马来西亚将继续与东盟各成员国密切合作,共同打击跨国犯罪,致力于实现区域和平、稳定和繁荣的共同目标。(完)