Connect with us

China

ဝမ်ရိက တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် အဖွဲ့လိုက် တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၊ ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၂၅ ရက်က အဖွဲ့လိုက် တွေ့ဆုံဆွေးနွေးခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇွန် ၂၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် ၎င်း၏အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ဖြစ်ကြောင်း၊ လက်ရှိတွင် ရာစုနှစ် အပြောင်းအလဲအခင်းအကျင်းများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ ယနေ့ ကမ္ဘာကြီး၏ အပြုသဘောဆောင်သော အင်အားကြီး ၂ ခုဖြစ်သော တရုတ်နှင့် ဥရောပအနေဖြင့် ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးအတွက် အဖိုးတန်သော တည်ငြိမ်မှုနှင့် သေချာမှုကို ဆောင်ကြဉ်းပေးရန် တာဝန်ရှိသလို စွမ်းဆောင်ရည်လည်း ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-ဥရောပ ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး အဆင့်သစ်သို့ လျှောက်လှမ်းနိုင်ရန် တွန်းအားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်-ဥရောပ ဆက်ဆံရေး အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဝမ်ရိက အကြံပြုချက် ၃ ချက် အဆိုပြုခဲ့သည်။

ပထမအနေဖြင့် အပြန်အလှန်လေးစားမှုကို အခိုင်အမာ လက်ကိုင်ထားရန်၊ အထူးသဖြင့် တစ်ဦး၏ အဓိကအကျိုးစီးပွားနှင့် စိုးရိမ်ပူပန်မှုများကို တစ်ဦးက လက်တွေ့အပြည့်အဝ လေးစားရမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမိနိုင်ငံမှ ထိုင်ဝမ်ဒေသ ခွဲထွက်သွားခြင်းကို လုံးဝခွင့်ပြုမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားပြီး “ထိုင်ဝမ်ခွဲထွက်ရေး” အား ဖြစ်ပေါ်စေမည့် မည်သည့်ပုံစံမျိုးကိုမဆို ကန့်ကွက်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် မိတ်ဖက်အနေအထားကို ဆက်လက် လက်ကိုင်ထားရန် ဖြစ်ကြောင်း၊ တရုတ်နှင့် ဥရောပသည် မိတ်ဖက်ဖြစ်ပြီး ပြိုင်ဘက်မဟုတ်သလို ရန်သူလည်းမဟုတ်ကြောင်း၊ တရုတ်နှင့် ဥရောပတွင် နယ်နိမိတ် အငြင်းပွားမှု၊ ပထဝီဝင်နိုင်ငံရေး ပဋိပက္ခ မရှိသလို အခြေခံအကျိုးစီးပွား ပဋိပက္ခ ပို၍မရှိကြောင်း၊ ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ စိတ်တူကိုယ်တူ ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှုအား တရုတ်-ဥရောပဆက်ဆံရေး၏ အဓိက ဦးတည်ချက် ဖြစ်လာစေရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားရန် ဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး ၃ ရပ်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေး အဆိုပြုချက် အထူးသဖြင့် လူသားမျိုးနွယ် အေးအတူပူအမျှအသိုက်အဝန်း ဖွဲ့စည်းတည်ဆောက်ရေး အတွေးအခေါ်က နိုင်ငံတကာအသိုင်းအဝိုင်းအတွက် တရုတ်၏ ဉာဏ်ပညာနှင့် တရုတ်၏ နည်းလမ်းများအား ပံ့ပိုးကူညီပေးခဲ့ကြောင်း၊ တရုတ်-ဥရောပအနေဖြင့် ခေတ်ရေစီးကြောင်းနှင့်အတူ နားလည်မှု တိုးတက်စေပြီး အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်၊ တစ်ဦးကိုတစ်ဦး အောင်မြင်ဖြစ်ထွန်းစေပြီး ကမ္ဘာကြီးအား အလင်းပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီး၏ သံတမန်များက တရုတ်နိုင်ငံသည် အစဉ်အမြဲအားဖြင့် ဥရောပသမဂ္ဂ၏ အရေးပါသော ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ ဥရောပအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြုသဘောဆောင်သော၊ တည်ငြိမ်သော ဥရောပ-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ဖြေရှင်းရန်၊ ဒေသတွင်း အများအာရုံစိုက်သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန်၊ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြောင်း၊ တရုတ်-ဥရောပ ခေါင်းဆောင်တို့ အသစ်တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် အောင်မြင်မှုများရရှိရန် ကြို၍ ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက ယူကရိန်းအကျပ်အတည်း၊ အစ္စရေး-အီရန် ပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု စသည်တို့နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မိတ်ဆက်ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂ နိုင်ငံအသီးသီး၏ အမြင်သဘောထားကိုလည်း နားထောင်ခဲ့သည်။ (Xinhua)
………………
(Chinese Version)
王毅集体会见欧盟及成员国驻华使节
新华社北京6月25日电 中共中央政治局委员、外交部长王毅25日在京集体会见欧盟及成员国驻华使节。
王毅表示,今年是中国同欧盟建交50周年。当前百年变局加速演进,中欧作为当今世界两大建设性力量,有责任也有能力为变乱交织的世界提供宝贵的稳定性和确定性。双方要推动中欧全面战略伙伴关系迈上新台阶。
王毅就中欧关系未来发展提出三点建议:一是坚持相互尊重,特别是切实尊重彼此核心利益和关切。我们绝不允许台湾地区从祖国分裂出去。希望欧盟继续坚定奉行一个中国原则,反对任何形式的“台独”。二是坚持伙伴定位。中欧是伙伴,不是对手,更不是敌人。中欧没有领土争端,没有地缘政治矛盾,更没有根本利害冲突。希望欧方同中方相向而行,使合作成为中欧关系的主基调。三是坚持多边主义。习近平主席提出三大全球倡议、共建“一带一路”倡议尤其是构建人类命运共同体理念,为国际社会贡献了中国智慧和中国方案。中欧要顺应潮流,增进了解,构建互信,成就彼此,照亮世界。
欧盟驻华代表团团长和各国驻华使节表示,中国始终是欧盟重要合作伙伴,欧方愿同中方发展建设性和稳定的欧中关系,共同应对全球性挑战,就地区热点问题加强沟通协调,维护多边主义。预祝新一次中欧领导人会晤取得成功。
王毅还围绕乌克兰危机、以伊冲突、巴以冲突、气候变化等介绍了中方立场,听取了欧盟各国的看法。(完)
图说:6月25日,中共中央政治局委员、外交部长王毅在北京集体会见欧盟及成员各国驻华使节。 新华社记者 庞兴雷 摄