Connect with us

Africa & Middle East

အစ္စရေးနှင့် အီရန် အပစ်အခတ်ရပ်စဲပြီးနောက် ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှု ချက်ချင်းဖော်ဆောင်သင့်ဟု အီရန်သမ္မတ ဆို

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့တွင် ဒေသခံပြည်သူများက အခမဲ့ပေးဝေသည့် အစားအစာများ ရယူနေသည်ကို ဇွန် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အစ္စရေးနှင့် အီရန်သည် အပစ်အခတ်ရပ်စဲပြီးဖြစ်ကြောင်း၊ ယခုတွင် ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲမှု ချက်ချင်းဖော်ဆောင်သင့်ကြောင်း အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီသည် ဇွန် ၂၆ ရက်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမားနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာ၌ ပြောကြားခဲ့သည်။

အီဂျစ်-ဗြိတိန်နှစ်ဖက်က အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းပြီး လက်နက်အင်အားအသုံးပြုခြင်းကို ရှောင်ရှားရန်အတွက် ဆွေးနွေးညှိနှိုင်းမှု ပြန်လည်စတင်ရန် လိုအပ်သည်ဟု ယူဆကြောင်း အီဂျစ်နိုင်ငံ သမ္မတရုံးက ထိုနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အယ်လ်-စီစီက လက်ရှိ အရှေ့အလယ်ပိုင်းဒေသ တင်းမာမှု အခြေအနေ ယာယီပြေလျော့လာမှု အခါအခွင့်ကြုံခိုက် ဂါဇာကမ်းမြောင်ဒေသ၌ “ရေရှည်အပစ်အခတ်ရပ်စဲမှု” ကို ချက်ချင်းဖော်ဆောင်သင့်ပြီး ဂါဇာဒေသပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ချက်ချင်းပို့ဆောင်ပေးရန် အာမခံပေးသင့်ကြောင်း အလေးထားပြောကြားခဲ့သည်။

၁၉၆၇ ခုနှစ် နယ်စပ်သတ်မှတ်ချက်အား အခြေခံပြီး အရှေ့ဂျေရုဆလမ်အား မြို့တော်အဖြစ်ထားရှိသည့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံတည်ထောင်မှုကို အခြေခံကာ နိုင်ငံတကာအသိုက်အဝန်းက “တရားမျှတ၍ ဘက်စုံဖြစ်သော ဖြေရှင်းရေးနည်းလမ်း” ကို ကြိုးပမ်းရှာဖွေရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြီးအကဲများက အီဂျစ်-ဗြိတိန် နှစ်ဖက်ဆက်ဆံရေးနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြပြီး စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် နေရပ်စွန့်ခွာသူ ကလေးငယ်အား ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
埃及总统:以伊停火后应立即实现加沙停火
新华社开罗6月26日电(记者董修竹)埃及总统塞西26日与英国首相斯塔默通电话时表示,以色列与伊朗已经停火,现在应立即在巴勒斯坦加沙地带实现停火。
埃及总统府当天在一份声明中说,埃英双方认为,有必要重启谈判,和平解决危机,避免诉诸武力。
塞西强调,应以当前中东地区紧张局势暂时缓和为契机,立即实现加沙地带“持久停火”,并应确保向加沙民众紧急运送人道主义援助。他呼吁,在建立以1967年边界为基础、以东耶路撒冷为首都的独立巴勒斯坦国的基础上,国际社会努力寻求“公正和全面的解决方案”。
声明说,两国领导人还讨论了埃英双边关系,表示将致力于推进经济和投资领域合作。(完)
1、6月21日,在加沙城,当地民众领取免费食物。 新华社发(里泽克·阿卜杜勒贾瓦德摄)
2、这是6月20日在加沙城一所学校里拍摄的流离失所儿童。 新华社发(里泽克·阿卜杜勒贾瓦德摄)