Connect with us

China

AIIB စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို လာမည့်နှစ် စက်တင်ဘာလတွင် ကာတာနိုင်ငံ၌ ကျင်းပမည်

အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၀ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် AIIB စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ နှစ်ပတ်လည်အစည်းအဝေး အိမ်ရှင်နိုင်ငံအား တရုတ်နိုင်ငံမှ ကာတာနိုင်ငံထံ လွှဲပြောင်းပေးနေသည်ကို ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၀ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ AIIB စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၁ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌ ကျင်းပမည်ဖြစ်ကြောင်း AIIB မှ သတင်းထောက်က သိရှိခဲ့ရသည်။
AIIB ဆိုင်ရာ ကာတာ စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်၊ ကာတာနိုင်ငံ ဘဏ္ဍရေးဝန်ကြီး Ali bin Ahmed Al Kuwari က စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၁ ကြိမ်မြောက်အစည်းအဝေး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ဇွန် ၂၆ ရက်တွင် ကျင်းပသော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနား၌ AIIB စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ နှစ်ပတ်လည်အစည်းအဝေး၏ အိမ်ရှင်နိုင်ငံတာဝန်ကို တရုတ်နိုင်ငံမှ ကာတာနိုင်ငံထံ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့သည်။
AIIB စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့ဝင်များ၏ ၁၀ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဇွန် ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့ပြီး ဧည့်သည်တော် ၃,၅၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ (Xinhua)
………………
(Chinese Version)
亚投行第十一届理事会年会将于明年9月在卡塔尔举办
新华社北京6月26日电(记者任军、申铖)记者6月26日从亚洲基础设施投资银行(亚投行)了解到,经亚投行第十届理事会决议,亚投行十一届理事会年会将于2026年9月在卡塔尔首都多哈举办。
亚投行卡塔尔理事、卡塔尔财政大臣阿里·本·艾哈迈德·库瓦里将担任第十一届理事会主席。在26日的交接仪式上,亚投行理事会年会东道国正式由中国交接给卡塔尔。
亚投行第十届理事会年会于6月24日到26日在京举办,约3500名嘉宾参会。(完)
图说:6月26日,在亚投行第十届理事会年会上,亚投行理事会年会东道国由中国交接给卡塔尔。新华社记者 李鑫摄