Connect with us

Asia

ဂျပန်နိုင်ငံ ဝါခါယာမာခရိုင်မှ ပန်ဒါဝက်ဝံကြီး ၄ ကောင် တရုတ်နိုင်ငံသို့ အိမ်ပြန်ခရီးစဥ် စတင်

ဂျပန်နိုင်ငံ ဝါခါယာမာခရိုင်ရှိ Adventure World ကစားကွင်းတွင် ဝန်ထမ်းနှင့် ဒေသခံပြည်သူများက ကစားကွင်းအပြင်၌ ပန်ဒါဝက်ဝံများအား ပို့ဆောင်သည့်ကုန်တင်ကား ထွက်ခွာသွားသည်ကို ဇွန် ၂၈ ရက်က နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ဝါခါယာမာ (ဂျပန်)၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝါခါယာမာခရိုင်ရှိ Adventure World ကစားကွင်းမှ ပန်ဒါဝက်ဝံကြီး ၄ ကောင်သည် ဒေသစံတော်ချိန် ဇွန် ၂၈ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ပို့ဆောင်ရေးကုန်တင်ယာဉ်ဖြင့် ကစားကွင်းအတွင်းမှ ထွက်ခွာကာ တရုတ်နိုင်ငံသို့ အိမ်ပြန်ခရီး စတင်ခဲ့သည်။ ယခုအကြိမ် ပြန်လည်ပို့ဆောင်သည့် ပန်ဒါဝက်ဝံကြီး ၄ ကောင်မှာ “တရုတ်-ဂျပန် ချစ်ကြည်ရင်းနှီးမှု အထူးသံတမန်” ဟု တင်စားခေါ်ဝေါ်ခံရသည့် နာမည်ကျော် ဂျပန်နိုင်ငံရောက် ပန်ဒါဝက်ဝံကြီး Eimei ၏ ဇနီးနှင့် သမီးများဖြစ်သော ယခုနှစ်တွင် အသက် ၂၄ နှစ်ရှိသည့် Rauhin ၊ အသက် ၈ နှစ် ရှိသည့် Yuihin ၊ အသက် ၆ နှစ် ရှိသည့် Saihin နှင့် အသက် ၄ နှစ် ရှိသည့် Fuhin တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂျပန်နိုင်ငံ ဝါခါယာမာခရိုင်ရှိ Adventure World ကစားကွင်း ဥက္ကဋ္ဌ Koji Imazu က ဇွန် ၂၈ ရက်တွင် ပန်ဒါဝက်ဝံကြီးများ မထွက်ခွာမီ သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝါခါယာမာခရိုင် ရှိရဟမမြို့ရှိ Adventure World ကစားကွင်းတွင် ဂျပန်သို့ရောက်ရှိနေသည့် ပန်ဒါဝက်ဝံကြီး Fuhin အစာစားနေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
日本和歌山县4只大熊猫踏上回国旅程
新华社照片,和歌山(日本),2025年6月28日
当地时间28日上午8时许,日本和歌山县冒险世界游乐园的4只大熊猫搭乘运输卡车从园区出发,踏上返回中国的旅程。此次送返的4只大熊猫是被誉为“中日友好特使”的著名旅日大熊猫“永明”的妻女,分别是现年24岁的妈妈“良浜”,以及8岁的“结浜”、6岁的“彩浜”和4岁的“枫浜”。
1、6月28日,工作人员与当地民众在日本和歌山县冒险世界游乐园外目送运输大熊猫的卡车离开。 新华社记者 贾浩成 摄
2、6月28日,在日本和歌山县,冒险世界游乐园园长今津孝二送别大熊猫前接受记者采访。新华社记者 贾浩成 摄
3、6月27日,在日本和歌山县,旅日大熊猫枫浜在白浜冒险世界游乐园内进食。新华社记者 贾浩成 摄