Connect with us

China

၁၅၄ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု အောင်မြင်စွာပြီးစီး

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ မဲခေါင်မြစ်ကမ်းတစ်လျှောက်တွင် နေဝင်ဆည်းဆာ ရှုစားနေသူများကို ၂၀၂၅ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
၁၅၄ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်ဘက်မှ ၅၃၁၀၁ ရေယာဉ်နှင့် ၅၃၁၀၇ ရေယာဉ်တို့သည် ခရီးစဉ် အဆင်ပြေချောမွေ့စွာ ပြီးဆုံး၍ ဇွန် ၂၇ ရက် ၁၀ နာရီ ဝန်းကျင်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဍား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ကျင်ဟား ရဲဘက်ဆိုင်ရာဆိပ်ကမ်း၊ ကွမ်းလေ့ ရဲဘက်ဆိုင်ရာဆိပ်ကမ်းတွင် ရပ်နားခဲ့ရာ ယခုအကြိမ်လှုပ်ရှားမှု အောင်မြင်စွာပြီးဆုံးကြောင်း အမှတ်သင်္ကေတပြုလျက်ရှိသည်။ ယခုအကြိမ်လှုပ်ရှားမှုတွင်ပါဝင်သည့် ဘက်အသီးသီးမှ တရားဥပဒေစိုးမိုးရေးသင်္ဘောနှင့် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများသည်လည်း မိမိနိုင်ငံများသို့ အဆင်ပြေချောမွေ့စွာ ကိုယ်စီပြန်လည်ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်လှုပ်ရှားမှုသည် ၄ ရက် ၃ ည ကြာခဲ့ပြီး စုစုပေါင်းခရီးစဉ် ကီလိုမီတာပေါင်း ၆၀၀ ကျော်ရှိကာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေး ရေယာဉ် ၆ စင်း၊ တရားဥပဒေစိုးမိုးရေး ဝန်ထမ်း ၂၀၀ နီးပါး စေလွှတ်ခဲ့သည်။ လှုပ်ရှားမှုကာလသည် ၃၈ ကြိမ်မြောက် “ဇွန် ၂၆ ရက်” အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် တိုက်ဆိုင်လျက်ရှိရာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံမှ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများ အတူတကွ လေ့လာဆုံးဖြတ်မှုဖြင့် လှုပ်ရှားမှုကို မူးယစ်ဆေးဝါး ပြစ်မှု တိုက်ဖျက်ရေးနှင့် စပ်လျဉ်းပြီး “ကျန်းမာသော လူနေမှုဘဝတွင် အစိမ်းရောင်ဖြစ်၍ မူးယစ်ဆေးဝါး ကင်းစင်ခြင်း” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေးလှုပ်ရှားမှုနှင့် ပူးတွဲ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။

လှုပ်ရှားမှုကာလအတွင်း ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးမှုတပ်ဖွဲ့သည် ပူးတွဲမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့ခွဲ စေလွှတ်ကာ မဲခေါင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ၊ စာသင်ကျောင်း၊ လုပ်ငန်းကုမ္ပဏီများသို့ သွားရောက်၍ အမျိုးစုံလင်သော မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် မြစ်ကမ်းတစ်လျှောက်နေပြည်သူများ၏ မူးယစ်ဆေးဝါးဆန့်ကျင်ရေး၊ ကြိုတင်ကာကွယ်ရေးနှင့် ငြင်းပယ်ရေး အသိပညာများ မြှင့်တင်ပေးခဲ့သည်။ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးလှုပ်ရှားမှုတွင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးလက်ကမ်းကြော်ငြာစာစောင် ၁,၀၀၀ ကျော်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးပညာပေးပစ္စည်း ၄,၀၀၀ ကျော် ပေးဝေခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံက လာအိုနိုင်ငံ မွန်မော်၊ ပန်ရှန်ကော်အခြေစိုက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်မှုဆိုင်ရာ ဆက်သွယ်ရေးရုံးတွင် တရုတ်တာဝန်ထမ်းဆောင်သည့်အဖွဲ့ခွဲများ လဲလှယ်မှုလည်း အောင်မြင်စွာ လုပ်ဆောင်ပြီးစီးခဲ့သည်။

အဆိုပါလှုပ်ရှားမှုပြီးဆုံးပြီးနောက် တရုတ်-လာအို-မြန်မာ ၃ နိုင်ငံက လာအိုနိုင်ငံ မွန်မော်ရေပြင်တွင် မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှု တိုက်ဖျက်ရေး၊ ပူးတွဲစစ်ဆေးဖမ်းဆီးရေးနှင့် အရေးပေါ်တုံ့ပြန်မှုလေ့ကျင့်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ တစ်ပတ်ကြာ ပူးတွဲအခြေစိုက်လေ့ကျင့်မှု တာဝန်ကိုလည်း ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
第154次中老缅泰湄公河联合巡逻执法行动圆满结束
新华社昆明6月27日电(记者王研、胡了然)6月27日10时许,参加第154次中老缅泰湄公河联合巡逻执法行动的中方53101艇、53107艇顺利返航靠泊云南省西双版纳傣族自治州景哈警务码头、关累警务码头,标志着此次行动圆满结束。参与此次行动的各方执法艇及执法队员均已顺利返回各自国家。
此次行动历时4天3夜,总航程600余公里,中老缅泰四方共派出执法艇6艘、执法队员近200名。行动期间正值第38个“6·26”国际禁毒日,经中老缅泰四方有关执法部门共同研判,行动围绕打击毒品犯罪,开展了以“健康人生 绿色无毒”为主题的系列禁毒宣传活动和联合执法行动。
行动期间,联合巡逻执法编队派出联合禁毒小分队,走进沿岸村寨、学校、企业开展形式多样的禁毒宣传活动,提升沿岸群众禁毒、防毒、拒毒的意识。禁毒宣传活动共发放禁毒宣传单1000余份、禁毒宣传品4000余件。另外,中方还顺利完成中老缅泰湄公河联合巡逻执法驻老挝孟莫、班相果联络点中方执勤分队轮换。
据了解,行动结束后,中老缅三方还将共同派员在老挝孟莫水域围绕打击毒品犯罪、联合查缉及应急处突训练等内容开展为期一周的联合驻训任务。(完)
图说:People watch the sunset along the Mekong River in Vientiane, Laos, March 5, 2025. (Photo by Kaikeo Saiyasane/Xinhua)