Asia
“အလယ်ပိုင်းစင်္ကြံ” နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” ညှိနှိုင်းချိတ်ဆက်မှု များစွာအရေးကြီးကြောင်း အာဒိုဂန် ဆို

ပေကျင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တူကီယဲနိုင်ငံ၏ “အလယ်ပိုင်းစင်္ကြံ” အစီအစဉ်နှင့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ရေး ညှိနှိုင်းချိတ်ဆက်မှုသည် များစွာအရေးကြီးပြီး ပိုမိုဘေးကင်းလုံခြုံသော၊ ပိုမိုထိရောက်သောနည်းလမ်းဖြင့် အာရှတိုက်နှင့် ဥရောပတိုက်အား ချိတ်ဆက်ပေးရန်အတွက် အထောက်အကူပြုကြောင်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က မကြာသေးမီက ပြောကြားခဲ့သည်။
လက်ရှိတွင် တစ်ကမ္ဘာလုံး ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းသည် ဆူးအက်တူးမြောင်းမှတစ်ဆင့် ဖြတ်သန်းသွားပါက ပုံမှန်အားဖြင့် ၃၅ ရက်ခန့်ကြာပြီး ဂွတ်ဟုပ်အငူမှ ဖြတ်သန်းသွားပါက ၄၅ ရက်ခန့် ကြာမည်ဖြစ်ကြောင်း၊ “အလယ်ပိုင်းစင်္ကြံ” ၏ သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ပြီးပါက ပို့ဆောင်ရေးအချိန်ကို ခန့်မှန်းခြေ ၁၅ ရက်အတွင်းအထိ လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း အာဒိုဂန်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်မှုဖိုရမ်အား တက်ရောက်စဉ် ပြောကြားခဲ့သည်။
“အလယ်ပိုင်းစင်္ကြံ”ကို ကက်စပီယံပင်လယ် ဖြတ်ကျော် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး စင်္ကြံ (TITR) ဟုလည်းခေါ်ဆိုပြီး တရုတ်နိုင်ငံမှ စတင်ကာ ကာဇက်စတန်နှင့် ကက်စပီယံပင်လယ် ရေပြင်ကို ဖြတ်ကျော်၍ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာသို့ရောက်ရှိပြီး တူကီယဲနှင့် အခြားဥရောပတိုက်နိုင်ငံများအထိ သွားရောက်နိုင်သည်။ အဆိုပါစင်္ကြံဖြင့် တရုတ်နိုင်ငံနှင့် ဥရောပတိုက်အကြား ကုန်းပြင်နှင့် ပင်လယ်သမုဒ္ဒရာပို့ဆောင်မှု ကြာချိန်ကို များစွာလျှော့ချနိုင်သည်။
တရုတ်-တူကီယဲနှစ်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် “အလယ်ပိုင်းစင်္ကြံ” အစီအစဉ် ချိတ်ဆက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်မှုဖိုရမ်ကို ဇွန် ၂၇ ရက်မှ ၂၉ ရက်အထိ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေးတက်ရောက်လာသော ကိုယ်စားလှယ်များက တစ်ကမ္ဘာလုံးဆိုင်ရာ လမ်းပန်းဆက်သွယ်ရေးကွန်ရက်၊ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုထိရောက်မှုမြင့်မားစွာ ပေါင်းစပ်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ (Xinhua)
——————-
(Chinese Version)
埃尔多安:“中间走廊”与“一带一路”协同对接十分重要
新华社伊斯坦布尔6月29日电(记者王腾飞)土耳其总统埃尔多安日前表示,土耳其“中间走廊”计划与高质量共建“一带一路”协同对接十分重要,有助于以更安全、更高效的方式连接亚洲与欧洲。
埃尔多安在伊斯坦布尔参加全球交通互联互通论坛时说,目前,全球物流通道经苏伊士运河通常需要约35天,经好望角约45天,而一旦“中间走廊”相关投资完成,运输时间预计将缩短至15天以内。
“中间走廊”也称跨里海国际运输走廊,起自中国,经哈萨克斯坦和里海水域至阿塞拜疆、格鲁吉亚,并可延伸至土耳其和欧洲国家。通过该走廊可大幅缩短中国和欧洲之间陆上和海洋运输时间。
中土两国2015年签署了关于对接“一带一路”倡议和“中间走廊”计划的谅解备忘录。
全球交通互联互通论坛27日至29日在伊斯坦布尔召开,与会代表围绕更高效整合全球交通网络、基础设施投资以及加强多边合作等议题展开讨论。(完)