North America
အမေရိကန် ဖက်ဒရယ်အေဂျင်စီ ဝန်ထမ်းလျှော့ချရေးနှင့် ပြန်လည်ဖွဲ့စည်းရေး ယာယီတားမြစ်မိန့်အား ပယ်ဖျက်ရန် တရားလွှတ်တော်ချုပ်ရုံးထံ ထရမ့်အစိုးရ အယူခံဝင်

ဆန်ဖရန်စစ္စကို၊ ဇွန် ၃ ရက် (ဆင်ဟွာ)
အမေရိကန် ဖက်ဒရယ်တရားရုံးက မကြာသေးမီ ထုတ်ပြန်ခဲ့သော အမေရိကန် ဖက်ဒရယ်အေဂျင်စီနှင့် အစိုးရ စွမ်းဆောင်ရည် ထိရောက်မှုဌာန (DOGE) တို့ တွန်းအားပေး ဆောင်ရွက်နေသည့် ဝန်ထမ်းပမာဏအများအပြား လျှော့ချမှုနှင့် အေဂျင်စီပြန်လည်ဖွဲ့စည်းရေးအစီအစဉ်အား တားဆီးသည့် ယာယီတားမြစ်အမိန့်ကို ပယ်ဖျက်ရန် ထရမ့်အစိုးရက တရားလွှတ်တော်ချုပ်ရုံးထံ ဇွန် ၂ ရက်တွင် အယူခံဝင်ခဲ့သည်။
ဖက်ဒရယ်အေဂျင်စီ၏ ဝန်ထမ်းရေးရာ ထိန်းချုပ်စီမံခွင့်သည် သမ္မတ အခွင့်အာဏာ၏ ဗဟိုအချက်အချာဖြစ်ပြီး သမ္မတအနေဖြင့် လွှတ်တော်၏ အထူးခွင့်ပြုချက်မလိုအပ်ဘဲ ၎င်း၏အဓိကဖြစ်သော အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ကို ဆောင်ရွက်နိုင်ကြောင်း အမေရိကန် တရားစီရင်ရေးဌာန ဒုတိယ ရှေ့နေချုပ် John Sauer က အယူခံလွှာတွင် ဖော်ပြထားသည်။
အမေရိကန်ဖက်ဒရယ် အမှတ် ၉ အယူခံတရားရုံးက မေ ၃၀ ရက်တွင် ထရမ့်အစိုးရ၏ အယူခံဝင်မှုကို ပယ်ချခဲ့ပြီး ကယ်လီဖိုးနီးယားမြောက်ပိုင်းခရိုင် ဖက်ဒရယ်ဒေသတရားရုံး တရားသူကြီး Susan Illston ၏ ထိုမတိုင်မီ ထုတ်ပြန်ခဲ့သော ယာယီတားမြစ်မိန့်ကို ဆက်လက်ထားရှိကာ ဖက်ဒရယ်အေဂျင်စီနှင့် အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) တို့ တွန်းအားပေး ဆောင်ရွက်နေသည့် ဝန်ထမ်းပမာဏအများအပြား လျှော့ချမှုနှင့် အေဂျင်စီပြန်လည်ဖွဲ့စည်းရေးအစီအစဉ်အား ဟန့်တားခဲ့သည်။ ဝန်ထမ်းအများအပြား လျှော့ချခြင်းနှင့် အေဂျင်စီဌာနများ ပြန်လည်ဖွဲ့စည်းခြင်းသည် အမေရိကန် အမျိုးသားစားသောက်ကုန် လုံခြုံရေးစနစ်၊ စစ်မှုထမ်းဟောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှု စသည့် ကဏ္ဍများစွာကို ဆိုးရွားစွာ ထိခိုက်စေခြင်းကြောင့် တရားစွဲဆိုသည့်ကာလအတွင်း အကောင်အထည်ဖော်မှုအား ယာယီရပ်တန့်သင့်ကြောင်း အမှတ် ၉ အယူခံတရားရုံးက ယူဆသည်။
Susan Illston က မေ ၉ ရက်တွင် ရက်သတ္တပတ် နှစ်ပတ်ကြာ ယာယီတားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပြီး ဖက်ဒရယ်အေဂျင်စီများအနေဖြင့် ဖေဖော်ဝါရီလတွင် ထရမ့်လက်မှတ်ရေးထိုးခဲ့သော သက်ဆိုင်ရာ အမိန့်များနှင့် ထို့နောက်မကြာမီ အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့် အရအသုံးရုံးက ထုတ်ပြန်ခဲ့သော စာချွန်လွှာများ ဖော်ဆောင်မှုကို ယာယီရပ်တန့်ရန် တောင်းဆိုခဲ့သည်။
ဖက်ဒရယ်အေဂျင်စီဌာနများအနေဖြင့်လည်း ထရမ့်အမိန့်ကြေညာချက်အရ ထုတ်ပြန်သော ဝန်ထမ်းလျှော့ချသည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ရုပ်သိမ်းရန်၊ စီမံခန့်ခွဲမှုအရ အနားပေးထားသည့် အစိုးရဝန်ထမ်းများကို ရာထူးပြန်လည်ပေးအပ်ရန်နှင့် ထိုက်သင့်သော နစ်နာကြေးပေးရန် Susan Illston က တောင်းဆိုခဲ့သည်။
မေ ၂၂ ရက်တွင် ကယ်လီဖိုးနီးယား မြောက်ပိုင်းခရိုင် တရားရုံးက တားမြစ်မိန့်ကို အကန့်အသတ်မရှိ သက်တမ်းတိုးရန် ထပ်မံဆုံးဖြတ်ခဲ့ရာ ဒုတိယနေ့တွင် အမေရိကန် တရားစီရင်ရေးဌာနက အမှတ် ၉ အယူခံတရားရုံးထံ ထပ်မံ အယူခံဝင်ခဲ့သည်။ (Xinhua)
——————
(Chinese Version)
特朗普政府向最高法院上诉 要求推翻联邦机构裁员及重组临时禁令
新华社旧金山6月2日电(记者吴晓凌)美国特朗普政府2日向最高法院提起上诉,要求推翻联邦法院此前颁布的阻止联邦机构和政府效率部推进大规模裁员及机构重组计划的临时禁令。
美国司法部副总检察长约翰·索尔在上诉书中说,联邦机构人事控制权是总统权力的核心所在,总统无需国会特别许可即可行使其核心宪法权力。
美国联邦第九巡回上诉法院5月30日驳回特朗普政府上诉,维持加利福尼亚北区联邦地区法院法官伊尔斯顿此前颁布的一项临时禁令,即阻止联邦机构和政府效率部推进大规模裁员及机构重组计划。第九巡回上诉法院认为,实行大规模裁员及机构重组将对美国国家食品安全体系、退伍军人医疗保健等众多领域造成严重影响,因此在诉讼审理期间应暂停执行。
伊尔斯顿5月9日颁布为期两周的临时禁令,要求联邦机构暂停执行特朗普2月签署的相关行政命令以及白宫管理和预算办公室随后颁布的备忘录。伊尔斯顿还要求联邦机构撤销根据特朗普行政令发布的任何裁员决定,恢复被行政休假的政府工作人员职位,并给予相应补偿。5月22日,加利福尼亚北区联邦地区法院再次裁决对禁令予以无限期延长。美国司法部次日向第九巡回上诉法院提起上诉。(完)
1. 5月25日,美国总统特朗普乘直升机返回首都华盛顿白宫。新华社记者胡友松摄