Connect with us

China

တရုတ်နိုင်ငံက ပြည်ဝင်ခွင့်မူဝါဒများကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်သလို ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ အတိုင်းအတာကို စဉ်ဆက်မပြတ် တိုးချဲ့သွားမည်

ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ)
ဗီဇာကင်းလွတ်ခွင့် “အမည်စာရင်း” အဆက်မပြတ် များပြားလာခြင်းက ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှု စဉ်ဆက်မပြတ် တွန်းအားပေးရေးအတွက် တရုတ်နိုင်ငံ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ထင်ရှားစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ပြည်ဝင်ခွင့်မူဝါဒများကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည် ဖြစ်သလို ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ အတိုင်းအတာကို စဉ်ဆက်မပြတ် တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဇွန် ၁ ရက်မှစ၍ တရုတ်နိုင်ငံက ဘရာဇီး၊ အာဂျင်တီးနား၊ ချီလီ၊ ပီရူး၊ ဥရုဂွေး စသည့် လက်တင်အမေရိကနိုင်ငံပေါင်း ၅ နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား ဗီဇာကင်းလွတ်ခွင့်မူဝါဒ စတင်စမ်းသပ်ကျင့်သုံးခဲ့ကြောင်း၊ မကြာမီရက်ပိုင်းကလည်း “ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံများအပေါ် ဗီဇာကင်းလွတ်ခွင့် ‘အပြည့်အဝ လွှမ်းခြုံ’ အောင် ဖော်ဆောင်လိုက်ပြီ” ဖြစ်ကြောင်း ကြေညာခဲ့ရာ သက်ဆိုင်ရာနိုင်ငံများကလည်း ထို့အပေါ် လှိုက်လှိုက်လှဲလှဲတုံ့ပြန်ခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ပိုင်းများတွင် ဗီဇာကင်းလွတ်ခွင့်မူဝါဒများ မကြာခဏထုတ်ပြန်သည့် ရလဒ် မည်သို့ရှိပါသနည်း၊ ယခုနောက်ပိုင်းတွင် ပိုမိုများပြားသည့်နိုင်ငံများကို ဗီဇာကင်းလွတ်ပေးမည်လော ဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လျင်ကျန့်က ဇွန် ၁ ရက်မှစ၍ တရုတ်နိုင်ငံ၏ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့် “မိတ်ဆွေအသိုက်အဝန်း” သည် ပထမဆုံးအကြိမ်အဖြစ် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသနိုင်ငံများအထိ တိုးချဲ့ခဲ့ရာ တစ်ဖက်သတ် ဗီဇာကင်းလွတ်ခွင့်မူဝါဒဖြင့် တရုတ်နိုင်ငံသို့ လာရောက်နိုင်သော နိုင်ငံ ၄၃ နိုင်ငံ ရှိပြီ ဖြစ်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ ဗီဇာကင်းလွတ်ခွင့် “အမည်စာရင်း” အဆက်မပြတ် များပြားလာခြင်းက ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်လှစ်မှု စဉ်ဆက်မပြတ် တွန်းအားပေးရေးအတွက် တရုတ်နိုင်ငံ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ထင်ရှားစေကြောင်း၊ လူပုဂ္ဂိုလ် အဆင်ပြေလွယ်ကူစွာ ကူးလူးသွားလာနိုင်ရေး အစီအမံများ စဉ်ဆက်မပြတ် ကောင်းမွန်လာခြင်းက တံခါးဖွင့်ပုံစံ ကမ္ဘ့ာစီးပွားရေးကို တည်ဆောက်ရန် ခိုင်မာသော လှုပ်ရှားမှုကို တရုတ်နိုင်ငံက အားထားဆောင်ရွက်ခြင်းအား ထင်ဟပ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုနှစ် ပထမ သုံးလပတ်တွင် ပြည်ဝင်ပြည်ထွက်ဂိတ်အသီးသီးမှ နိုင်ငံခြားသားပြည်ဝင်မှုအကြိမ်ရေ ၉ သန်း ရှိပြီး ယမန်နှစ်ကာလတူထက် ၄၀ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း၊ ပထမလေးလကြာကာလတွင် တရုတ်နိုင်ငံ၌ အသစ်တည်ထောင်သော ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၈,၀၀၀ ကျော်ရှိရာ ကာလတူထက် ၁၂.၁ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ယင်းကိန်းဂဏန်းများက အားကောင်းသည့် ပြသမှုပင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“နောက်ပိုင်း ကျွန်တော်တို့အနေနဲ့ ပြည်ဝင်ခွင့်မူဝါဒတွေကို စဉ်ဆက်မပြတ် ကောင်းမွန်အောင် ဆောင်ရွက်သွားမှာဖြစ်သလို ဗီဇာကင်းလွတ်ခွင့်နိုင်ငံများ အတိုင်းအတာကိုလည်း စဉ်ဆက်မပြတ် တိုးချဲ့သွားပြီး နိုင်ငံခြားသားမိတ်ဆွေတွေ တရုတ်နိုင်ငံကို လာပြီး အရည်အသွေးပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေကို ကိုယ်တိုင်ကိုယ်ကျခံစားနိုင်ဖို့၊ ကဏ္ဍပိုမိုစုံလင်တဲ့ စားသုံးမှုအလားအလာနဲ့ ပိုမို အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုအာမခံချက်တွေကို ပံ့ပိုးသွားမှာဖြစ်တယ်။ ပိုမိုကြီးမားတဲ့ အတိုင်းအတာရှိတဲ့ တံခါးဖွင့်မှု၊ ပိုပြီးနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ နိုင်ငံအသီးသီးနဲ့ သာယာဝပြောမှုတွေကို မျှဝေခံစားသွားပါမယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中方将持续优化入境政策 不断扩大免签国家范围
新华社北京6月3日电(记者许可、袁睿)外交部发言人林剑3日表示,免签“名单”不断变长,彰显了中国持续推进高水平对外开放的坚定决心。中方将持续优化入境政策,不断扩大免签国家范围。
当日例行记者会上,有记者问:6月1日起,中国对巴西、阿根廷、智利、秘鲁、乌拉圭等5个拉美国家持普通护照人员的免签政策开始试行;中方日前宣布“实现对海合会国家免签‘全覆盖’”,在有关国家也引发了热烈反响。中方近年来频频推出免签政策效果怎样?今后是否还会向更多国家免签?
林剑说,6月1日起,中国的单方面免签“朋友圈”首次拓展到拉美和加勒比地区国家,适用单方面免签政策来华的国家已达43个。免签“名单”不断变长,彰显了中国持续推进高水平对外开放的坚定决心;便利人员往来措施不断优化,反映出中国致力于打造开放型世界经济的扎实行动。
他说,今年一季度,各口岸入境外国人超900万人次,较去年同期增长逾40%;前4个月,中国新设立外商投资企业18000余家,同比增长12.1%,这些数字都是有力说明。
“今后,我们将持续优化入境政策,不断扩大免签国家范围,让更多外国朋友来中国体验更优质的产品供给、更多元的消费场景和更便利的服务保障,以更大范围的开放、更深层次的合作与各国共享繁荣。”林剑说。(完)