Europe
ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး စာချွန်လွှာကို ရုရှား ထုတ်ပြန်

မော်စကို၊ ဇွန် ၄ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ဒုတိယအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားက ယူကရိန်းထံ လွှဲပြောင်းပေးခဲ့သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး စာချွန်လွှာ အကြောင်းအရာ အပြည့်အစုံကို ရုရှား TASS သတင်းဌာနက ဇွန် ၂ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။ စာချွန်လွှာ အကြောင်းအရာ အပြည့်အစုံတွင် ယူကရိန်းအကျပ်အတည်း အဆုံးသတ်အဖြေရှာမှု အခြေအနေများ၊ ရက် ၃၀ အတွင်း ဘက်စုံ အပစ်အခတ်ရပ်စဲမှု ဖော်ဆောင်ခြင်းနည်းလမ်း၊ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးရန် အဆင့်နှင့် အချိန်ကန့်သတ်ချက် စသည်တို့ ပါဝင်သည်။
ရုရှားဘက်က စာချွန်လွှာထဲတွင် ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးရန် အစီအစဉ်ကို ဖော်ပြထားသည်။ ၎င်းတို့မှာ ငြိမ်းချမ်းရေးစာချုပ် စာသားမူကြမ်းရေးဆွဲခြင်း၊ စစ်ပွဲတွင် ကျဆုံးသွားသူများ၏ ရုပ်အလောင်းအား ကောက်ယူသင်္ဂြိုဟ်ရန်အတွက် ၂ ရက်မှ ၃ ရက်အထိ အပစ်အခတ်ရပ်စဲခြင်း၊ ရုရှားဘက်က ကျဆုံးသွားသည့် ယူကရိန်းစစ်သား ရုပ်အလောင်း ၆,၀၀၀ ကို တစ်ဖက်သတ် လွှဲပြောင်းပေးခြင်း၊ အပစ်အခတ်ရပ်စဲရေး စာချွန်လွှာ လက်မှတ်ရေးထိုး၍ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးမည့်နေ့ အတည်ပြုခြင်း၊ ယူကရိန်းဘက်က စစ်တပ်များမဆုတ်ခွာမီ ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကာလ သတ်မှတ်ကာ ယူကရိန်းစစ်တပ်က ရက် ၃၀ အတွင်း လုံးဝဆုတ်ခွာပြီး သဘောတူညီချက်များစွာကို အကောင်အထည်ဖော်ခြင်း၊ ယူကရိန်းက ရွေးကောက်ပွဲကျင်းပ၍ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးခြင်း၊ စာချုပ်သည် တရားဥပဒေအရ ထိန်းချုပ်မှုအင်အားရှိသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်အတည်ပြုမှု ရရှိရမည်ဖြစ်ခြင်း၊ စာချုပ်အား စိစစ်အတည်ပြုမှု၊ အသက်ဝင်မှုနှင့် အကောင်အထည်ဖော်မှု တို့ပါဝင်ကြောင်း သိရသည်။
ရုရှားသမ္မတ လက်ထောက်၊ ရုရှားဆွေးနွေးညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် Vladimir Meginsky က ရုရှား၏စာချွန်လွှာသည် အသေးစိတ်ဖြစ်သော၊ ဘက်စုံသော အဆိုပြုချက်တစ်ခုဖြစ်ကြောင်း၊ ရေရှည်ငြိမ်းချမ်းမှု အနည်းဆုံး အပစ်အခတ်ရပ်စဲမှုကို ဖော်ဆောင်နိုင်ရေးကို တွန်းအားပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်း-ရုရှားကိုယ်စားလှယ်အဖွဲ့က ဇွန် ၂ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ရုရှား-ယူကရိန်းပဋိပက္ခအား ငြိမ်းချမ်းစွာဖြေရှင်းရန်အတွက် ဒုတိယအကြိမ် တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံက နှစ်ဖက်စာချွန်လွှာများကို လဲလှယ်ခဲ့သည်။ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေးဝန်ကြီး Rustem Umerov က ယူကရိန်းအနေဖြင့် သီတင်းပတ်တစ်ပတ်ကြာ အချိန်ယူကာ ရုရှား၏စာချွန်လွှာကို လေ့လာသုံးသပ်သွားမည်ဖြစ်ပြီး တစ်ဆင့်တိုးအစီအမံများအား ညှိနှိုင်းသွားမည်ဟု ပြောကြားခဲ့သည်။
ရုရှားဘက်က စစ်ပွဲတွင် ကျဆုံးသွားသူများ၏ ရုပ်အလောင်းအား ကောက်ယူသင်္ဂြိုဟ်ရန်အတွက် အချိန် ၂ ရက်မှ ၃ ရက်အထိ အပစ်အခတ်ရပ်စဲခြင်း အဆိုပြုမှုနှင့်စပ်လျဉ်း၍ ယူကရိန်း သမ္မတ ဇယ်လန်းစကီးက “ကျွန်တော်ကတော့ သူတို့ အရမ်းတုံးအတယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ အပစ်အခတ်ရပ်စဲမှုရဲ့ အနက်အဓိပ္ပာယ်က အစကတည်းကိုက လူတွေသေဆုံးတာကို တားဆီးခြင်းဖြစ်တယ်” ဟု ဇွန် ၂ ရက်တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ ရုရှားက စစ်ပွဲမှ “ယာယီရပ်နားမှု” ကိုသာ ရရှိလိုခြင်းဖြစ်သည်ဟုလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက ထိုနေ့တွင် ယူကရိန်းဘက်က ဇွန် ၁ ရက်တွင် ဖော်ဆောင်ခဲ့သည့် အထူးစစ်ဆင်ရေး လှုပ်ရှားမှုအကြောင်းလည်း ပြောကြားခဲ့ပြီး ယင်းသည် ယူကရိန်းဘက်က တစ်ကိုယ်တည်းစီစဉ်ရေးဆွဲ ဖော်ဆောင်ခြင်းဖြစ်ကာ ဘက်အသီးသီးသို့ ယူကရိန်း၏စွမ်းရည်ကို ဖော်ပြရန်ဖြစ်ကြောင်း၊ “ရုရှားက ဒေါသူပုန်ထ၊ မထ ဆိုတာကို ဘယ်သူမှ ဂရုမစိုက်ပါဘူး” ဟု ဆိုခဲ့သည်။ အမေရိကန်ဘက်က အားကောင်းသော အစီအမံများ ဖော်ဆောင်ရန် တိုက်တွန်းကြောင်း၊ ရုရှားအားဒဏ်ခတ်အရေးယူမှုကို ထောက်ခံအားပေးကြောင်းလည်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
俄罗斯公布俄乌停火备忘录
新华社莫斯科6月3日电(记者陈汀)俄罗斯塔斯社2日发布了俄方在俄乌第二轮直接谈判中向乌方递交的冲突调解备忘录全文。全文包括最终解决乌克兰危机的条件、实现30天全面停火方案、和平条约签署的步骤和期限等。
俄方在备忘录中列出了和平条约的签署程序:起草和平条约文本;停战两到三天以收殓阵亡人员遗体;俄单方面移交6000具乌阵亡士兵遗体;签署停火备忘录并确定和平条约签署日期;在乌军开始撤军前设立30天的停火期,乌军须在30天内完全撤离并落实一揽子协议;乌克兰举行选举并组建政府机构;签署和平条约;条约须获得具有法律约束力的联合国安理会决议认可;条约核准、生效和落实。
俄罗斯总统助理、俄方谈判代表团团长梅金斯基表示,俄方备忘录是一份详尽、全面的提议,将有可能推动实现长期和平,至少是实现停火。
俄乌代表团2日在土耳其伊斯坦布尔就和平解决俄乌冲突进行了第二轮直接谈判。会上两国交换了双方备忘录。乌克兰代表团团长、国防部长乌梅罗夫表示,乌方将用一周时间研究俄方备忘录并协调进一步举措。
乌克兰总统泽连斯基2日在社交媒体上就俄方提出停火两三天以收殓阵亡人员遗体说:“我觉得他们很愚蠢,因为停火的意义在于从一开始就阻止人们死亡。”泽连斯基还说,俄罗斯只想在战争中获得“短暂停顿”。
泽连斯基同日还谈及乌方1日实施的特种作战行动,称这是乌方独自策划实施,向各方展示乌方实力,“没人在乎俄罗斯是否愤怒”。泽连斯基敦促美国采取强有力举措,支持制裁俄罗斯。(完)
图说:这是6月2日在土耳其伊斯坦布尔拍摄的俄乌第二轮直接谈判现场。新华社发(土耳其外交部供图)