Connect with us

China

ဝမ်ရိနှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ဒေးဗစ်ပါဒူးတို့ တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ဒေးဗစ်ပါဒူးတို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ဒေးဗစ်ပါဒူးနှင့် ဇွန် ၃ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဝမ်ရိက ဒေးဗစ်ပါဒူးအား ၎င်း၏ ရာထူးအသစ်ထမ်းဆောင်ခြင်းကို ကြိုဆိုကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန် တည်ငြိမ်စွာ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ၎င်းအနေဖြင့် တရုတ်-အမေရိကန်ကြား ယုံကြည်ရသော ညှိနှိုင်းပေးသူ၊ သဘောထားကွဲလွဲမှုများကို ဖျန်ဖြေပေးသူ၊ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ပေးသူအဖြစ် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ တရုတ်-အမေရိကန် ဆက်ဆံရေးသည် အရေးကြီးသော အဓိကကျသည့် အခိုက်အတန့်တွင် ရှိနေကြောင်း၊ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် ရာစုနှစ် တစ်ဝက်နီးပါး၏ သမိုင်းကြောင်းကို ပြန်လည်ကြည့်လျှင် အရေးကြီးဆုံး အချက်မှာ တန်းတူညီမျှမှုနှင့် လေးစားမှုသည် နှစ်ဖက် ဆက်ဆံရေး၏ အခြေခံဖြစ်ပြီး ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုသည် တစ်ခုတည်းသော မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးမှုအပြီး တရုတ်သည် နှစ်ဖက်သဘောတူညီမှုများကို လေးလေးနက်နက်နှင့် တိတိကျကျ လက်တွေ့ ဖော်ဆောင်ခဲ့သော်လည်း ဝမ်းနည်းဖွယ်ကောင်းသည်မှာ အမေရိကန်က လတ်တလောတွင် အခြေအမြစ်မရှိသော အကြောင်းပြချက်များဖြင့် အပျက်သဘောဆောင်သော အစီအမံများစွာကို ဆက်တိုက်ထုတ်ပြန်နေသည်မှာ တရုတ်၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်နစ်နာစေရာ တရုတ်အနေဖြင့် ယင်းအပေါ် အခိုင်အမာ ကန့်ကွက်ကြောင်း၊ အမေရိကန်အနေဖြင့် စိတ်တူ၊ ကိုယ်တူ လုပ်ဆောင်သင့်ကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်တို့ ယခုနှစ် ဇန်နဝါရီလတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုမှ ရရှိခဲ့သော အရေးကြီးသည့် သဘောတူညီချက်များကို လက်တွေ့ကျ အကောင်အထည်ဖော်ဆောင်ရွက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးအား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် လိုအပ်သော အခြေအနေများဖန်းတီပေးသင့်ကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။

ဒေးဗစ်ပါဒူးက သမ္မတ ထရမ့်သည် သမ္မတ ရှီကျင့်ဖိန်အား အလွန်လေးစားကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့အနေဖြင့် တက်ကြွသော၊ အပြုသဘောဆောင်သော ဆက်ဆံရေးအား ထိန်းသိမ်းထားခြင်းမှာ အလွန်အရေးပါကြောင်း၊ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အနေဖြင့် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် နားဆင်ပေးမှုရှိသော စိတ်ဓာတ်ကို အရင်းခံ၍ တရုတ်နိုင်ငံနှင့်အတူ နီးကပ်သော ညှိနှိုင်းဆွေးနွေးမှုများ ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အသစ် ဒေးဗစ်ပါဒူးတို့ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဇွန် ၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

…………………………….
(Chinese Version)
王毅会见美国新任驻华大使庞德伟
新华社北京6月3日电 6月3日,中共中央政治局委员、外交部长王毅在京会见美国新任驻华大使庞德伟。
王毅欢迎庞德伟履新,希望他做中美之间可信的沟通者、分歧的调解者、合作的促进者,为推动中美关系健康稳定可持续发展发挥积极作用。王毅说,当前中美关系处在重要关键节点。回顾中美建交近半个世纪的风雨历程,最重要的启示是,平等尊重是双方交往前提,对话合作是唯一正确选择。
王毅强调,日内瓦经贸会谈后,中方认真严格落实双方共识。但令人遗憾的是,美方近日以莫须有理由,接连出台一系列消极举措,损害中方正当权益,中方对此坚决反对。美方应相向而行,切实落实两国元首今年1月通话达成的重要共识,为中美关系重返正轨创造必要条件。
庞德伟表示,特朗普总统十分尊重习近平主席,两国元首保持积极、建设性交往十分重要。作为驻华大使,愿本着相互尊重、相互聆听的精神,同中方保持密切沟通。(完)
6月3日,中共中央政治局委员、外交部长王毅在北京会见美国新任驻华大使庞德伟。 新华社记者 张领 摄