Asia
တောင်ကိုရီးယားနိုင်ငံ သမ္မတအဖြစ် လီဂျေမြောင် ကျမ်းသစ္စာကျိန်ဆို၊ “လက်တွေ့ကျတဲ့ သံတမန်ရေး” အကောင်အထည်ဖော်မည်ဟု ပြောကြား

ဆိုးလ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ဇွန် ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်တွင် တာဝန်ထမ်းဆောင်ရန် လွှတ်တော်၌ တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။
“လက်တွေ့ကျတဲ့ သံတမန်ရေး” အကောင်အထည်ဖော်၍ နိုင်ငံ၏အကျိုးစီးပွား အကြီးမားဆုံးဖြစ်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း လီဂျေမြောင်က တာဝန်ထမ်းဆောင်ရန် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ အရေးပေါ် စီးပွားရေး အထူးလုပ်ငန်းများ စတင်ကာ နိုင်ငံတော်ဘဏ္ဍာရေးကို အားကိုးအားထားပြုကာ ကောင်းမွန်သော စီးပွားရေးလည်ပတ်မှု အကောင်အထည်ဖော်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ စသည့် အဓိကအရာရှိများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ လွှတ်တော် အမတ်များ၊ နိုင်ငံတော်ကောင်စီဝင်များ စသည့် လူပုဂ္ဂိုလ် ၃၀၀ ခန့်က ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း တောင်ကိုရီးယားအုပ်ချုပ်ရေးနှင့် လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
လီဂျေမြောင်က အဆိုပါနေ့ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၂၁ မိနစ်ခန့်တွင် သမ္မတရာထူးသက်တမ်းကို စတင်ခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၇ မိနစ်ခန့်တွင် လီဂျေမြောင်က ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကင်မြောင်စိုးထံမှ တပ်မတော်ကွပ်ကဲမှု အာဏာလွှဲပြောင်းရေးဆိုင်ရာ အစီရင်ခံစာကို ကြားနာခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
李在明宣誓就职韩国总统 表示将推行“实用外交”
新华社首尔6月4日电(记者黄昕欣 陆睿)韩国总统李在明当地时间4日上午11时许在国会正式宣誓就职。
李在明在就职讲话中说,将推行“实用外交”,追求国家利益最大化。李在明还表示,将启动紧急经济专班,依靠国家财政实现经济良性循环。
韩国行政安全部说,韩国国会议长等要员、政党代表、国会议员、国务委员等约300人参加宣誓就职活动。
李在明于当天当地时间6时21分开启总统任期。当地时间8时7分许,李在明听取了联合参谋本部议长金明秀关于军队统帅权移交的汇报。(完)
图说:6月4日,在韩国首尔,李在明在韩国国会宣誓就职。新华社发