Africa & Middle East
စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း”ကြောင်း ကုလသမဂ္ဂ ဆို

ဂါဇာ၊ ဇွန် ၄ ရက် (ဆင်ဟွာ)
စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအပေါ် သေစေနိုင်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဤကဲ့သို့သော လုပ်ရပ်မှာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း” ကြောင်း၊ “အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်က နိုင်ငံတကာဥပဒေကို အပြင်းအထန်းချိုးဖောက်လိုက်သလို စစ်ရာဇဝတ်မှု ကျူးကျော်ရာလည်းကျတယ်” ဟူ၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဇွန် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဇွန် ၃ ရက် အရုဏ်ဦးချိန်တွင် ဂါဇာကမ်းမြောင်ဒေသရှိ ကူညီထောက်ပံ့ပစ္စည်းများ ခွဲဝေပေးရာ နေရာတစ်ခု အနီးနား၌ ထောက်ပံ့ပစ္စည်းများ လက်ခံရယူနေသော အရပ်သားပြည်သူများအား အစ္စရေးစစ်တပ်က သေနတ်ပစ်ခတ်ခဲ့သောကြောင့် လူ ၂၇ ဦးသေဆုံးကာ အယောက် ၉၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါနေ့၌ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
သတ်မှတ်ထားသော လမ်းကြောင်းမှ သွေဖည်သွားသူများကို ပစ်ခတ်မှုရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇွန် ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ကာ ဝန်ခံခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
联合国:袭击试图获取食物援助的加沙平民的行径“令人发指”
新华社照片,加沙,2025年6月4日
联合国人权事务高级专员沃尔克·图尔克3日发表声明说,对试图获取微薄食物援助的加沙地带平民发起致命袭击,此等行径“令人发指”。“针对平民的袭击行为严重违反国际法,构成战争罪。” 巴勒斯坦加沙地带卫生部门3日发表声明说,以军当天黎明在加沙地带一个援助物资分发点附近朝领取物资的民众开枪,已造成27人死亡,超过90人受伤。以军3日发表声明,承认曾向偏离指定路线人员进行射击。
图说:6月3日,巴勒斯坦人在加沙城领取食物。 新华社发(马哈茂德·扎基摄)