Connect with us

International Organizations

ဂါဇာအပစ်ရပ်ရေး ဆုံးဖြတ်ချက်မူကြမ်းအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန်က နောက်ထပ်တစ်ဖန် ကန့်ကွက်မဲပေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ လုံခြုံရေးကောင်စီတွင် မဲပေးနေသည့် မြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ချက်ချင်းအပစ်ရပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဇွန် ၄ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ နောက်ထပ်တစ်ဖန် ကန့်ကွက်မဲပေးခဲ့သည်။

လုံခြုံရေးကောင်စီက ယင်းနေ့တွင် အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံက အဆိုပြုသည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို မဲပေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်မူကြမ်း၌ ဂါဇာကမ်းမြောင်ဒေသတွင် ခြွင်းချက်မရှိ ချက်ချင်း ထာဝရ အပစ်အခတ်ရပ်စဲရန်၊ ထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန်၊ ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာမှုအကူအညီ ဝင်ရောက်ခြင်း ကန့်သတ်ချက်ကို ခြွင်းချက်မရှိ ဖယ်ရှားပေးရန် တောင်းဆိုထားသည်။ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး အမြဲတမ်းဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး၍ ပယ်ချခဲ့ခြင်းကြောင့် ဆုံးဖြတ်ချက်မူကြမ်း အတည်ပြုမှု မရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
———————
(Chinese Version)
美国再次在联合国安理会否决加沙停火决议草案
新华社联合国6月4日电(记者尚绪谦)美国4日再次在联合国安理会否决有关要求在巴勒斯坦加沙地带立即停火的决议草案。
安理会当天对一项由10个非常任理事国提出的决议草案进行表决。该决议草案要求在加沙地带立即无条件永久停火,立即无条件释放所有被扣押人员,立即无条件解除所有对加沙地带的人道准入限制。安理会15个成员中14个投了赞成票,常任理事国美国行使了否决权,导致决议草案未获通过。(完)
1. 这是6月4日在位于纽约的联合国总部拍摄的安理会投票现场。新华社记者 谢锷 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.