North America
နိုင်ငံအများအပြားမှ နိုင်ငံသားများ ပြည်ဝင်ခွင့်အား ကန့်သတ်ကြောင်း အမေရိကန် ကြေညာ

လော့စ်အိန်ဂျယ်လိစ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်၊ မြန်မာ၊ အီရန်၊ ယီမင် စသည့် နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ နိုင်ငံသားများ အမေရိကန်ပြည်ဝင်ခွင့်ကို ဘက်စုံကန့်သတ်ပြီး ဘူရွန်ဒီ စသည့် နိုင်ငံ ၇ နိုင်ငံ၏ ပြည်ဝင်ခွင့်ကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ကြောင်း အမေရိကန်အိမ်ဖြူတော်က ဇွန် ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်အရ ယင်းကန့်သတ်ချက်အမိန့်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ဇွန် ၉ ရက်တွင် အသက်ဝင်မည် ဖြစ်သည်။ အမေရိကန်သည် “အမျိုးသားလုံခြုံရေး” စသည်တို့ကို အကြောင်းပြကာ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်၊ ကွန်ဂို (ဘရာဇာဗီးလ်)၊ အီကွေတာ ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်နှင့် ယီမင် စသည့် နိုင်ငံ ၁၂ နိုင်ငံ၏ နိုင်ငံသားများအပေါ် ပြည်ဝင်ခွင့် ဘက်စုံကန့်သတ်လိုက်ခြင်း ဖြစ်သည်။
အမေရိကန်သည် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာ လီယွန်း၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလား စသည့် နိုင်ငံ ၇ နိုင်ငံ၏ နိုင်ငံသားများ အမေရိကန်ပြည်ဝင်ခွင့်ကို တစ်စိတ်တစ်ပိုင်း ကန့်သတ်မည် ဖြစ်သည်။
အဆိုပါကန့်သတ်အမိန့်ကို ဆောင်ရွက်ရခြင်းမှာ “ပြည်ပအကြမ်းဖက်သမားများ၊ အခြားအမျိုးသားရေးလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်သည့်လူပုဂ္ဂိုလ်များ” အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ထရမ့် ပထမအကြိမ် အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရပြီးချိန်တွင်လည်း ကန့်သတ်မိန့်များ ထုတ်ပြန်ခဲ့ဖူးရာ လစ်ဗျား၊ ဆီးရီးယား၊ အီရန်၊ ယီမင်၊ အီရတ်၊ ဆူဒန်နှင့် ဆိုမာလီ စသည့် နိုင်ငံ ၇ နိုင်ငံ၏ နိုင်ငံသားများအတွက် အမေရိကန်ပြည်ဝင်ခွင့်ကို တားမြစ်ခဲ့သည်။ ယင်းမှာ ထိုစဉ်က ဆိုးရွားသော ရှုပ်ထွေးမှုများ ဖြစ်ပွားခဲ့ပြီး တရားစွဲဆိုမှုများလည်း ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ဘိုင်ဒန်အာဏာရပြီးနောက် ထရမ့်အစိုးရ၏ ကန့်သတ်အမိန့်အများအပြားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)
———————
(Chinese Version)
美国宣布限制多国公民入境
新华社洛杉矶6月4日电(记者黄恒)美国白宫4日发布公告,宣布全面限制阿富汗、缅甸、伊朗、也门等12个国家的公民入境美国,部分限制布隆迪等7国公民入境。
根据白宫发布的公告,该限制令将于美国东部时间9日生效。美国以“国家安全”等为由,对阿富汗、缅甸、乍得、刚果(布)、赤道几内亚、厄立特里亚、海地、伊朗、利比亚、索马里、苏丹和也门等12国的公民实施全面入境限制。
美国还将部分限制布隆迪、古巴、老挝、塞拉利昂、多哥、土库曼斯坦和委内瑞拉等7国的公民入境美国。
公告称,之所以采取限制令,是为了阻止“外国恐怖分子、其他威胁国家安全和公共安全人员”入境美国。
2017年1月,特朗普首次当选美国总统后,也曾发布限制令,禁止利比亚、叙利亚、伊朗、也门、伊拉克、苏丹和索马里等7个国家的公民入境美国。这在当时曾造成严重混乱,并引发一系列诉讼。拜登上台后,撤销了特朗普政府多项限制令。(完)
1. 5月30日,在华盛顿白宫,美国总统特朗普走向南草坪准备登机。新华社记者 胡友松 摄