North America
အမေရိကန်က ဟားဗက်တက္ကသိုလ် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများအပေါ် ဗီဇာကန့်သတ်ချက် ကျင့်သုံးမည်ဟု ထုတ်ပြန်ကြေညာ

ဝါရှင်တန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အမျိုးသားလုံခြုံရေးအား ကာကွယ်ထိန်းသိမ်းရန်ဟူသော ခေါင်းစဉ်ဖြင့် ဟားဗက်တက္ကသိုလ် နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများ၏ ဗီဇာများကို ကန့်သတ်မည်ဖြစ်ကြောင်း၊ ဟားဗက်တက္ကသိုလ်၌ လေ့လာသင်ယူနေသော သို့မဟုတ် ကူးလူးဖလှယ်ရေး စီမံကိန်းတွင် ပါဝင်မည့် နိုင်ငံခြားသားများ ပြည်ဝင်မှုကို ယာယီဆိုင်းငံ့မည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇွန် ၄ ရက်တွင် ကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။
ထရမ့်က အမေရိကန်ကို ဝင်ရောက်ရန် ခွင့်မပြုသင့်သည့် ကျောင်းသား၊ ကျောင်းသူများ မည်မျှရှိသနည်းကို အတည်ပြုရန်အတွက် ၎င်းအနေဖြင့် ဟားဗက်တက္ကသိုလ်မှ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူ အမည်စာရင်း တင်ပြရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း၊ “နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေက ကျွန်တော်တို့နိုင်ငံကို ချစ်မြတ်နိုးတဲ့လူတွေ ဖြစ်တာကို ကျွန်တော်အာမခံချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါကြေညာချက်အရ F ၊ M သို့မဟုတ် J အမျိုးအစား ဗီဇာရရှိထားသည့် ဟားဗက်တက္ကသိုလ် ကျောင်းသားသစ်များအားလုံး အမေရိကန်နိုင်ငံသို့ ပြည်ဝင်မှုကို ယာယီဆိုင်းငံ့ထားကြောင်း၊ ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးမှ အဆိုပါကြေညာချက်စံနှုန်းနှင့် ကိုက်ညီသည့် ဟားဗက်တက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ၏ လက်ရှိအသက်ဝင်ဆဲဗီဇာများ ပယ်ဖျက်ရေးကို စဉ်းစားရန် ညွှန်ကြားခဲ့ကြောင်း အိမ်ဖြူတော် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ဟားဗက်တက္ကသိုလ်က အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာနထံ နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူများ၏ တရားဥပဒေ ချိုးဖောက်သော သို့မဟုတ် အန္တရာယ်ရှိသော လှုပ်ရှားမှုများ လုပ်ဆောင်သည့် အချက်အလက်များ မတင်ပြသဖြင့် ဟားဗက်တက္ကသိုလ်သည် ယုံကြည်ရသည့် နိုင်ငံတကာ ကျောင်းသား ကျောင်းသူနှင့် ကူးလူးဖလှယ်မှုခရီးစဉ် စီမံကိန်းများ စီမံခန့်ခွဲသူ မဟုတ်တော့ကြောင်း ဖက်ဒရယ်အစိုးရ ကောက်ချက်ချထားသည်။ (Xinhua)
———————–
(Chinese Version)
美国宣布将对哈佛大学国际学生实行签证限制
新华社华盛顿6月4日电(记者吴晓凌)美国总统特朗普4日签署公告,以维护国家安全的名义限制哈佛大学国际学生签证,暂停在哈佛大学学习或参加交流项目的外国公民入境。 特朗普表示,他仍在等待哈佛大学提供外国学生名单,以便确定有多少学生不应该被允许进入美国。“我想确保国际学生是热爱我们国家的人。”
白宫网站刊文说,该公告暂停任何持有F、M或J签证的哈佛大学新生入境美国,并指示国务卿考虑撤销符合公告标准的哈佛在校生现有签证。由于哈佛大学未向国土安全部提供外国学生从事违法或危险活动的信息,联邦政府得出结论,哈佛大学不再是值得信赖的国际学生和交流访问项目管理者。(完)
图说:5月29日,在美国马萨诸塞州剑桥,哈佛大学毕业生参加毕业典礼。新华社发(朱子于摄)