Connect with us

Europe

ယူကရိန်း၏ ဆက်တိုက် တိုက်ခိုက်မှုများက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးရန် ရည်ရွယ်နေကြောင်း ပူတင် ပြောကြား၊ ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသေးကြောင်း ဇယ်လန်းစကီး ဆို

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ရုရှားသမ္မတ ပူတင်အား ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ ကိဗ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)
ယူကရိန်း၏ လတ်တလော ရုရှားအပေါ် ဆက်တိုက် တိုက်ခိုက်မှုများသည် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးရန် ရည်ရွယ်ကြောင်း ရုရှားသမ္မတ ပူတင်က ဇွန် ၄ ရက်တွင် ရုရှားအစိုးရအရာရှိများနှင့် ကျင်းပသော ဗီဒီယိုအစည်းအဝေး၌ ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဇယ်လန်းစကီးက ယူကရိန်း၏ ရက် ၃၀ ကြာ ဘက်စုံ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားဘက်က သဘောမတူညီသော်ငြားလည်း ၎င်းအနေဖြင့် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိသေးကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း၏ မကြာသေးမီရက်က တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ကျင်းပသော ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းပွဲ မတိုင်မီ ယူကရိန်းက ရုရှားအရပ်သားပြည်သူများအပေါ် “ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများ” ပြုလုပ်ခဲ့ရာ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှောင့်ယှက်ဖျက်ဆီးရန်ဖြစ်သည်ဟု ပူတင်က ပြောကြားခဲ့သည်။ ဤဆက်တိုက် တိုက်ခိုက်မှုများသည် “ကိဗ်အာဏာပိုင်က အကြမ်းဖက်အဖွဲ့အဖြစ် ရောက်ရှိနေပြီး သူတို့ကို ထောက်ခံသူတွေက အကြမ်းဖက်သမားတွေရဲ့ ကြံရာပါ ဖြစ်လာတာ” ကို ပြသနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသည် စစ်မြေပြင်တွင် ကြီးမားသော ဆုံးရှုံးမှုများနှင့် တွေ့ကြုံခဲ့ရကာ ရှေ့တန်းအားလုံးဆုတ်ခွာခဲ့ရကြောင်း၊ “အကြမ်းဖက်လှုပ်ရှားမှုများ” မှတစ်ဆင့် ရုရှားကို ခြိမ်းခြောက်ကာ ရုရှားအား အတင်းအကျပ် အပစ်အခတ်ရပ်စဲစေပြီး ရုရှား-ယူကရိန်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရန် ကြိုးစားနေကြောင်း ပူတင်က ထပ်မံပြောကြားခဲ့သည်။ သို့သော် အပစ်အခတ်ရပ်စဲရေးကို ယူကရိန်းက အတင်းအကျပ် စစ်သည် စည်းရုံးခြင်း၊ လက်နက်ကိရိယာများ ဖြည့်တင်းခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို စီစဉ်ရေးဆွဲခြင်းတို့၌ အသုံးပြုနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစ္စတန်ဘူလ်မြို့၌ ယူကရိန်းထံ ပေးအပ်ခဲ့သော ရုရှား၏ အပစ်အခတ်ရပ်စဲရေး စာချွန်လွှာမှာ “နောက်ဆုံးအကြောင်းကြားခြင်းဖြစ်ပြီး အခြေအနေတင်းမာမှုကို ဖြေလျှော့တဲ့ အဆိုပြုချက်မဟုတ်ဘူး” ဟူ၍ ဇယ်လန်းစကီးက ရုရှား-ယူကရိန်း ဒုတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုနှင့် စပ်လျဉ်း၍ ဇွန် ၄ ရက်တွင် မီဒီယာများထံ ပြောကြားခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် ၎င်းက ယူကရိန်း၏ ရက် ၃၀ ကြာ ဘက်စုံ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားဘက်က သဘောမတူသော်ငြားလည်း ၎င်းအနေဖြင့် ပူတင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ဆန္ဒရှိသေးကြောင်း၊ တွေ့ဆုံဆွေးနွေးပြီးလျှင် ရုရှားဘက်က စစ်ပွဲရပ်တန့်လိုမှုကို ပြသခြင်း မရှိသေးပါက ရုရှားအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ဖော်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ရုရှား-ယူကရိန်း နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနှင့် စပ်လျဉ်း၍ ဇွန် ၂ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဒုတိယအကြိမ် တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံက စာချွန်လွှာများ ဖလှယ်ခဲ့ကြသည်။ ရုရှား စာချွန်လွှာ၏ ပင်မအကြောင်းအရာများတွင် ယူကရိန်းအကျပ်အတည်း အဆုံးသတ် ဖြေရှင်းရန် အခြေအနေများ၊ ၃၀ ရက်ကြာ ဘက်စုံ အပစ်အခတ်ရပ်စဲရေး အစီအစဉ် ဖော်ဆောင်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုးရန် လုပ်ငန်းစဉ်နှင့် သက်တမ်း စသည်တို့ ပါဝင်သည်။ (Xinhua)
…………………..
(Chinese Version)
普京说乌克兰系列袭击旨在破坏和谈 泽连斯基表示仍愿与普京会晤
新华社莫斯科/基辅6月4日电(记者赵冰 李东旭)俄罗斯总统普京4日在与俄政府官员举行视频会议时说,乌克兰近期对俄罗斯的一系列袭击旨在破坏和谈。乌克兰总统泽连斯基同日表示,即使俄方不同意乌方的30天全面无条件停火提议,他仍愿意与普京会晤。
普京说,在俄乌日前于土耳其城市伊斯坦布尔开启第二轮谈判前夕,乌克兰针对俄罗斯平民进行的“蓄意袭击”,目的是扰乱和破坏和谈。他表示,这一系列袭击说明“基辅政权正在沦为恐怖组织,其支持者正在成为恐怖分子的帮凶”。
普京还表示,乌方在战场上遭受了巨大损失并全线后退,试图通过“恐怖活动”恐吓俄罗斯,迫使俄方停火并举行俄乌领导人会晤。但停火可能被乌方用于进行强制动员、补充武器装备和策划恐怖袭击。
泽连斯基4日就俄乌第二轮谈判向媒体表示,俄方在伊斯坦布尔向乌方递交的停火备忘录“是最后通牒,不是缓和局势的提议”。但他同时表示,即使俄方不同意乌方的30天全面无条件停火提议,他仍愿意与普京举行会晤。如果会晤后,俄方仍没有表现出停战意愿,就应对俄方实施严厉制裁。
俄乌两国代表团2日就和平解决俄乌冲突在伊斯坦布尔举行第二轮直接谈判,两国交换了备忘录。俄方备忘录核心内容包括最终解决乌克兰危机的条件、实现30天全面停火方案、和平条约签署的步骤和期限等。(完)
图说1:5月11日,俄罗斯总统普京在莫斯科克里姆林宫举行记者见面会。新华社记者刘恺摄
图说2:5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)