North America
“အမေရိကန်က နိုင်ငံတကာ ကျောင်းသား ၁.၁ သန်းကို ဆုံးရှုံးနိုင်သလား” ဟု ကာတာမီဒီယာ သတင်းဖော်ပြ

ဒိုဟာ၊ ဇွန် ၆ ရက် (ဆင်ဟွာ)
Al Jazeera ရုပ်မြင်သံကြားဌာနဝက်ဘ်ဆိုက်က “အမေရိကန်က နိုင်ငံတကာ ကျောင်းသား ၁.၁ သန်းကို ဆုံးရှုံးနိုင်သလား” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ကို ဇွန် ၅ ရက်တွင် ရေးသားထုတ်ပြန်ခဲ့သည်။ အမေရိကန်၏ လတ်တလော ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာကျောင်းသား၊ကျောင်းသူများကို ပစ်မှတ်ထားသော ကန့်သတ်မှုမူဝါဒများသည် ၎င်းကိုယ်တိုင်အား ကြီးမားသော ဆုံးရှုံးမှုများ ဆောင်ကြဉ်းပေးနိုင်ကြောင်း ဆောင်းပါးတွင် ထောက်ပြခဲ့သည်။ ဆောင်းပါး ကောက်နုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
၂၀၂၃- ၂၀၂၄ ခုနှစ် ပညာသင်နှစ်အထိ အမေရိကန်ရှိ နိုင်ငံတကာ ကျောင်းသား/ကျောင်းသူ ဦးရေမှာ ၁.၁ သန်းကျော်ရှိရာ တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ပညာရေး ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၁၉ သန်းနီးပါး၏ ၅.၆ ရာခိုင်နှုန်းရှိကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားကျောင်းသား၊ ကျောင်းသူများ အကြံပေး အသင်း (NAFSA) ၏ စာရင်းအင်းအရ သိရသည်။
အမေရိကန်အစိုးရ၏ နိုင်ငံတကာကျောင်းသား/ကျောင်းသူများအား ကန့်သတ်သည့် မူဝါဒများ အဆက်မပြတ် ဖော်ဆောင်မှုနှင့် ရင်ဆိုင်နေရချိန်တွင် NAFSA အမှုဆောင်ဒါရိုက်တာနှင့် အမှုဆောင်အရာရှိချုပ် Fanta Aw က ယင်းသည် အမေရိကန်ကို ကြီးမားသော ဆုံးရှုံးမှုများဖြစ်စေမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အခြားနိုင်ငံများက ဤကျောင်းသား/ကျောင်းသူများအား တံခါးဖွင့်ထားပြီး လက်ခံကြမည်ဖြစ်ကြောင်း Al Jazeera ရုပ်မြင်သံကြား၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
“ဒီလမ်းပေါ်ကို စလျှောက်ပြီဆိုတာနဲ့ နောင်နှစ်များစွာကြာမှ ပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်။ ဘယ်တော့မှ ပြန်လည်ကောင်းမွန်မလာတော့တာတောင် ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်မှာ တခြားနိုင်ငံတွေက ဒီကျောင်းသား/ကျောင်းသူတွေကို ဆွဲဆောင်ဖို့ ပိုပြီးတောင် တက်တက်ကြွကြွနဲ့ ကြိုးစားကြလိမ့်မယ်” ဟု Fanta Aw က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ်တွင်ပင် နိုင်ငံတကာကျောင်းသား/ ကျောင်းသူများက အမေရိကန်နိုင်ငံ စီးပွားရေးအတွက် ကန်ဒေါ်လာ ၄၃.၈ ဘီလီယံ ပံ့ပိုးပေးခဲ့သလို အလုပ်အကိုင် ၃၇၈,၀၀၀ အတွက် ထောက်ပံ့ပေးခဲ့ကြောင်း NAFSA ၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ ဆိုလိုသည်မှာ အမေရိကန်က နိုင်ငံတကာ ကျောင်းသာ/ကျောင်းသူ ၃ ဦး လက်ခံတိုင်း အလုပ်အကိုင်နေရာ ၁ ခုကို ထိန်းသိမ်း သို့မဟုတ် ဖန်တီးပေးနိုင်ပေသည်။ နိုင်ငံတကာ ကျောင်းသား/ကျောင်းသူ အရေအတွက် စတင်လျော့နည်းလာလျှင် စီးပွားရေးဆိုင်ရာ ပြဿနာများ ဧကန် ဖြစ်ပေါ်လာမည်ဖြစ်သည်။ (Xinhua)
………………………
(Chinese Version)
全球瞭望丨卡塔尔媒体:美国能失去其110万名国际学生吗?
新华社多哈6月6日电(记者汪强)卡塔尔半岛电视台网站5日刊登题为《美国承受得起失去其110万名国际学生的代价吗?》的文章。文章指出,美国近期出台的一系列针对国际学生的限制政策,可能给自身带来重大损失。文章摘要如下:
据美国全国外国学生顾问协会(NAFSA)统计,2023至2024学年,美国在校国际学生人数超过110万,占全国近1900万高等教育学生总数的5.6%。
面对美国政府不断采取限制国际学生的政策,NAFSA执行主任兼首席执行官范塔·阿夫在接受半岛电视台采访时表示,这会对美国造成重大损失,因为其他国家会敞开大门接纳这些学生,“一旦走上这条路,未来需要多年时间才能恢复,甚至可能永远无法恢复,因为届时会有更多其他国家积极争夺这些学生”。
此外,NAFSA的数据显示,仅在2023至2024学年,国际学生为美国经济贡献了438亿美元,为37.8万个工作岗位提供支持。也就是说,美国每招收三名国际学生,就能创造或维持一个就业岗位。国际学生数量一旦下降,就一定会产生经济问题。(完)
图说:2025年5月24日在美国马萨诸塞州剑桥拍摄的哈佛大学校园。新华社发(朱子于摄)