China
အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံများအား ပင်လယ်ထဲသို့ ပြန်လွှတ်ပေး

တာ့လျန် (လျောင်နင်)၊ ဇွန် ၆ ရက် (ဆင်ဟွာ)
ကယ်ဆယ်ကူညီထားသည့် အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံသားပေါက်ကောင် ၅ ကောင်နှင့် အရွယ်ရောက်ပြီးသော အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံ ၄ ကောင်ကို တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တာ့လျန်မြို့တွင် ဇွန် ၆ ရက်က ပင်လယ်ထဲသို့ ပြန်လွှတ်ပေးခဲ့သည်။
နိုင်ငံတော် အဆင့် (၁) ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန်အနေဖြင့် အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံများသည် တရုတ်နိုင်ငံ ပင်လယ်ပြင်၏ မျိုးပွားနိုင်သည့် ပင်လယ်ဖျံ အဏ္ဏဝါနို့တိုက်သတ္တဝါဖြစ်သည်။ လျောင်နင်ပြည်နယ် လယ်ယာစိုက်ပျိုးရေးသိပ္ပံအကယ်ဒမီရှိ လျောင်နင်ပြည်နယ် သမုဒ္ဒရာနှင့် ငါးလုပ်ငန်း သိပ္ပံသုတေသနဌာနက ကယ်ဆယ်ကူညီထားသည့် ကျားသစ်ဖျံများကို ပင်လယ်ထဲသို့ ပြန်လည်မလွှတ်ပေးမီ ၎င်းတို့အား စနစ်တကျရှိသော ကယ်ဆယ်ကူညီခြင်းနှင့် မွေးမြူခြင်း၊ တောရိုင်းအသွင် လေ့ကျင့်ခြင်း၊ ကျန်းမာရေး အကဲဖြတ်ခြင်းတို့ လုပ်ဆောင်ပေးခဲ့သည်။ (Xinhua)

အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံအား လွှတ်ပေးနေသော ဝန်ထမ်းများအား ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လွှတ်ပေးရန် စီစဉ်ထားသည့် အနောက်ပစိဖိတ်သမုဒ္ဒရာ ကျားသစ်ဖျံအား ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………
(Chinese Version)
西太平洋斑海豹放归大海
新华社照片,大连(辽宁),2025年6月6日
当日,在辽宁大连,5只被救助的西太平洋斑海豹幼崽与4只成年西太平洋斑海豹被放归大海。 西太平洋斑海豹作为国家一级保护野生动物,是唯一能在我国海域进行繁殖的鳍足类海洋哺乳动物。被救助的斑海豹在放归大海前,辽宁省农业科学院所属辽宁省海洋水产科学研究院对它们进行了系统的救助饲养、野化训练和健康评估。
图说1、2:6月6日,工作人员在放归西太平洋斑海豹。新华社记者 潘昱龙 摄
图说3:这是6月6日拍摄的准备放归的西太平洋斑海豹。新华社记者 潘昱龙 摄