Connect with us

China

သဲကန္တာရ စိမ်းလန်းစိုပြည်လာသည်ကို သားအဖနှစ်ဦး၊ မျိုးဆက်နှစ်ဆက် မျက်မြင်သက်သေပြုခဲ့ကြ

လီမင်မင် ရုံးဆင်းပြီးနောက် သစ်တောဇုန်သို့ လာရောက်၍ ဖခင်ဖြစ်သူနှင့် သစ်တောထဲတွင် အပန်းဖြေလမ်းလျှောက်နေသည်ကို ဇွန် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖုရှင်း (လျောင်နင်)၊ ဇွန် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် ဖုရှင်းမြို့ ကျန်းဝူခရိုင် အားအယ်မြို့နယ်ကျေးရွာစု အားအယ်ကျေးရွာ၏ ပါတီအတွင်းရေးမှူးဖြစ်သူ လီမင်မင်သည် အားအယ်ကျေးရွာ၌ မွေးဖွားကြီးပြင်းသူဖြစ်ပြီး ၎င်း၏ ဖခင်ဖြစ်သူ လီတုန်းခွေသည် ထိုဒေသတွင် အိမ်တိုင်းသိသော သစ်တောထိန်းသိမ်းသူတစ်ဦးဖြစ်သည်။

လီမင်မင်ငယ်စဉ်အခါက ဖခင်ဖြစ်သူသည် အလုပ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ရန် သစ်တောဇုန်အတွင်းသို့ တစ်ဦးတည်း ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သစ်တောဇုန်တွင် ရေနှင့် မီးမရသလို လမ်းလည်း မပေါက်ပေ။ လီမင်မင် သိတတ်စအရွယ်မှစ၍ ၎င်းက ဖခင်အား မြင်တွေ့နိုင်သောအခါမှာ အလွန်နည်းလှသည်။ လီမင်မင် အလယ်တန်းစတက်ပြီးနောက် မိခင်ဖြစ်သူက ဖခင်အား သနားကြင်နာခြင်းကြောင့် တောင်ပေါ်သို့ တစ်မိသားစုလုံး သွားရောက်နေထိုင်ခဲ့ရာ လီမင်မင်မှာ နေ့တိုင်း စက်ဘီးစီး၍ ကျောင်းသို့ အသွားအပြန်လုပ်ရကာ ဖခင်ဖြစ်
သူ၏ အလုပ်အပေါ် စိတ်ထဲဝယ် သိပ်မနားလည်ခဲ့ပေ။

အားအယ်ကျေးရွာသည် တစ်ချိန်က မြေဆီလွှာပျက်စီးမှုပြင်းထန်ခဲ့ရာ လယ်ယာစိုက်ပျိုးရေးမှာ ကောက်ပဲသီးနှံများကိုသာ အဓိကထားစိုက်ပျိုးခဲ့ရသဖြင့် ကျေးရွာပြည်သူများ၏ဝင်ငွေမှာ နည်းပါးလှသည်။ ငယ်ရွယ်စဉ်က သဲလေ တိုက်ခတ်မှု များပြီး အပြင်သို့သွားရောက် လှုပ်ရှားရန် အလွန်ပင်ခက်ခဲကြောင်း လီမင်မင်က မှတ်မိသေးသည်။ အရွယ်ရောက်ပြီးနောက် ရွာလေး၏ ဂေဟပတ်ဝန်းကျင်မှာ တစ်နေ့ထက်တစ်နေ့ကောင်းမွန်လာပြီး လေထန်သော ရာတီဥတုတွင်ပင် အဝါရောင်သဲများ လွင့်ပျံနေသည်ကို မြင်ခဲလှပေသည်။ လီမင်မင်သည် ဖခင်ဖြစ်သူ၏ အလုပ် အရေးပါသော အနက်အဓိပ္ပာယ်ကိုတဖြည်းဖြည်း နားလည်လာခဲ့သည်။ ဖခင်၏ သက်ရောက်မှုများကြောင့် ၎င်းသည်လည်း သစ်တောလုပ်ငန်းဆိုင်ရာကောလိပ်တစ်ခုကို ရွေးချယ်ခဲ့ပြီး ကျောင်းပြီးနောက် ဇာတိမြေသို့ပြန်၍ အလုပ်လုပ်ခဲ့သည်။

လီမင်မင်က ကျေးရွာပြည်သူများအား ဦးဆောင်၍ ”ကျေးရွာစုပေါင်းစီးပွားရေးအဖွဲ့+သမဝါယမ+ လယ်သမား” စနစ်ဖြင့် ”စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်ရေး” ပေါင်းစည်းသောထုတ်ကုန်လုပ်ငန်းဇုန်ကို တည်ဆောက်ခဲ့သည်။ ဇုန်အတွင်းဆောက်လုပ်ထားသော ဖန်လုံအိမ်များသည် ”ဖန်လုံအိမ်ဖြင့် သဲများ ကာဆီးထားခြင်း” အကျိုးရှိပြီး သဲဒဏ်ကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့သည့်အပြင် ကျေးရွာစုပေါင်းစီးပွားရေးနှင့်လယ်သမားဝင်ငွေများ နှစ်စဉ်တိုးပွားစေခဲ့သည်။ ယနေ့တွင် အားအယ်မြို့နယ်ကျေးရွာစု၏ စုပေါင်းစီးပွားရေးသည် လေးနှစ်ဆက်တိုက် ယွမ် ၁၀ သိန်းကျော်ရှိလာခဲ့ပြီဖြစ်သည်။ (Xinhua)

……………….
(Chinese Version)
父女两代人见证沙地披绿装
新华社照片,阜新(辽宁),2025年6月5日
辽宁省阜新市彰武县阿尔乡镇阿尔乡村党支部书记李明明是土生土长的阿尔乡人,她的父亲李东魁是当地家喻户晓的护林员。
李明明小时候,父亲为了更好地工作,一个人搬到林区居住。林区不通水电、不通公路,从记事起,李明明能见到父亲的时间就很少。李明明上初中后,母亲心疼父亲,一家人搬到了山上生活,李明明每天骑着自行车往返学校,心里对父亲的工作有些不解。
阿尔乡村曾经土地沙化严重,农业种植以杂粮为主,村民收入较少;李明明记得小时候风沙多,外出活动苦不堪言,长大后,村子的生态环境日益改善,就算是大风天气,也鲜少看到扬起的黄沙。李明明逐渐懂得了父亲工作的重要意义。在父亲的影响下,她选择了一所林业院校上学,毕业后回到家乡工作。
李明明带领村民通过“村集体经济组织+合作社+农户”的模式,建设“种养加”一体化产业园。产业园里建成的大棚起到了“以棚扣沙”的作用,有效控制沙害蔓延的同时,使集体经济和农民收入逐年增加。如今,阿尔乡村集体经济已经连续4年超过100万元。
图说1:6月3日,李明明下班后来到林场,与父亲一起在林间散步。新华社记者 潘昱龙 摄
图说2:6月3日,李明明下班后来到父亲李东魁家,翻看老照片,听父亲回忆自己当年种树的经历。新华社记者 周华 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.