Connect with us

Politics, Law & Military

ဟန်ကျိန့်က တရုတ်-အမေရိကန် အဆင့်မြင့် အရပ်ဖက်ဆွေးနွေးမှုလမ်းကြောင်း (Track II) ဆွေးနွေးပွဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ နှင့် တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က တရုတ်-အမေရိကန် အဆင့်မြင့် အရပ်ဖက်ဆွေးနွေးမှုလမ်းကြောင်း (Track II) ဆွေးနွေးပွဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ နှင့် ပေကျင်းမြို့၌ ဇွန် ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ဟန်ကျိန့်က တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ ကမ္ဘာကြီးတွင် အရေးကြီးဆုံးဖြစ်သော နှစ်ဖက်ဆက်ဆံရေးများအနက် တစ်ခုဖြစ်ကြောင်း၊ လက်ရှိတွင် တရုတ်-အမေရိကန်ဆက်ဆံရေးသည် အဓိကကျသော သမိုင်းဝင် အခိုက်အတန့်၌ တည်ရှိနေကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် အမေရိကန်ကြား အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုတို့သည် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေရုံသာမက ကမ္ဘာကြီးငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကိုပါ အကျိုးပြုကြောင်း၊ တရုတ်-အမေရိကန် အဆင့်မြင့် အရပ်ဖက်ဆွေးနွေးမှုလမ်းကြောင်း (Track II) ဆွေးနွေးပွဲက နှစ်နိုင်ငံမှ ပညာရှင်များ၏ သိမြင်မှုအသစ်များ၊ အကြံဉာဏ်များကို စဉ်ဆက်မပြတ် စုဆောင်းနိုင်ကာ အမေရိကန် နယ်ပယ်အသီးသီး၏ တရုတ်နိုင်ငံအပေါ် နားလည်မှု၊ သိရှိမှုများ တိုးတက်စေနိုင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်မှု၊ ကောင်းမွန်မှု၊ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ဘက်က အမေရိကန်-တရုတ် အဆင့်မြင့် အရပ်ဖက်ဆွေးနွေးမှုလမ်းကြောင်း (Track II) ဆွေးနွေးပွဲသည် နှစ်ဖက်အား အပြန်အလှန် ပိုမိုကောင်းမွန်စွာ နားလည်ရန် အထောက်အကူပြုပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုများပြားသော အကျိုးရှိသည့် တွေးခေါ်ပုံကို ပံ့ပိုးပေးကြောင်း၊ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ လေးစားဖွယ်ကောင်းပြီး နှစ်ဖက်အနေဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများ၌ တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
韩正会见中美高级别二轨对话美方代表团
新华社北京6月5日电 6月5日,国家副主席韩正在北京会见中美高级别二轨对话美方代表团。
韩正表示,中美关系是当今世界最重要的双边关系之一。当前,中美关系处于关键历史节点。中美相互尊重、和平共处、合作共赢,不仅有利于两国,也有利于世界和平与发展。希望中美高级别二轨对话能不断汇聚两国有识之士的真知灼见,增进美国各界对中国的了解和理解,共同推动中美关系稳定、健康、可持续发展。
美方表示,美中高级别二轨对话有助于双方更好理解对方,为两国关系发展提供更多有益思路。中国经济发展令人钦佩,双方应加强贸易、投资等领域对话合作。(完)
图说:6月5日,国家副主席韩正在北京会见中美高级别二轨对话美方代表团。 新华社记者 刘卫兵 摄

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.