China
ဟူနန်ပြည်နယ်တွင် ရေနေသတ္တဝါများ မျိုးပွားမှု မြှင့်တင်ခြင်းနှင့် ဘေးမဲ့လွှတ်ပေးခြင်း အခမ်းအနား ကျင်းပ

ချန်ရှား၊ ဇွန် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ရေနေသတ္တဝါများ မျိုးပွားမှု မြှင့်တင်ခြင်းနှင့် ဘေးမဲ့လွှတ်ပေးခြင်းအခမ်းအနားကို ဇွန် ၉ ရက်က ချန်ရှားမြို့ ကျွီကျီကျိုးဥယျာဉ် ကျန့်ပေ့ဆိပ်ကမ်းတွင် “ရေနေသတ္တဝါများ မွေးမြူစောင့်ရှောက်ခြင်း၊ လှပသော တရုတ်နိုင်ငံ တည်ဆောက်ခြင်း” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ အခမ်းအနားတွင် ရှန်းမြစ်ထဲသို့ ငါးမျိုးစိတ်ပေါင်း ၇.၁ သန်းခန့် လွှတ်ပေးခဲ့သည်။
ယခုအကြိမ် ဘေးမဲ့လွှတ်ပေးခြင်းအခမ်းအနားကို ဟူနန်ပြည်နယ် စိုက်ပျိုးရေးလုပ်ငန်းနှင့် ကျေးလက်ဒေသရေးရာဌာနနှင့် ချန်ရှားမြို့ပြည်သူ့အစိုးရတို့က ပူးတွဲကြီးမှူးကျင်းပခဲ့ရာ ရည်ရွယ်ချက်မှာ ရေနေဇီဝသက်ရှိအရင်းအမြစ်များ ပြန်လည်ထူထောင်ရေးမြှင့်တင်ရန်၊ ရေနေ ဂေဟဗေဒပတ်ဝန်းကျင်၏ အရည်အသွေးကို မြှင့်တင်ရန်၊ ရေနေဇီဝသက်ရှိများအား ချစ်မြတ်နိုးသော၊ ရေဂေဟစနစ်အား စောင့်ရှောက်သော၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးသော ကောင်းမွန်သည့် ဝန်းကျင်ကို ဖန်တီးပေးရန်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ကျွီကျီကျိုးဥယျာဉ်တွင် ကျင်းပသော ရေနေသတ္တဝါများ ဘေးမဲ့လွှတ်ပေးခြင်းအခမ်းအနား၌ ပါဝင်လှုပ်ရှားနေကြသူများအား ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ကျွီကျီကျိုးဥယျာဉ်တွင် ကျင်းပသော ရေနေသတ္တဝါများ ဘေးမဲ့လွှတ်ပေးခြင်းအခမ်းအနား၌ မိဘများက ကလေးငယ်နှင့်အတူ ပါဝင်လှုပ်ရှားနေသည်ကို ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………….
(Chinese Version)
湖南开展水生生物增殖放流活动
新华社照片,长沙,2025年6月9日
当日,以“养护水生生物,建设美丽中国”为主题的湖南省水生生物增殖放流活动在长沙市橘子洲公园战备码头举行,现场向湘江放流鱼种约710万尾。
此次放流活动由湖南省农业农村厅和长沙市人民政府联合主办,旨在促进水生生物资源恢复,提升水生态环境质量,营造关爱水生生物、保护水域生态、促进绿色发展的良好氛围。
图说1、2:6月9日,人们在长沙橘子洲公园参与放流活动(无人机照片)。新华社记者 陈思汗 摄
图说3:6月9日,家长带着小朋友在长沙橘子洲公园参与放流活动。新华社记者 陈思汗 摄