Connect with us

China

တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု”က ခေါင်းစဉ်ပြခြင်းသာ ဖြစ်

ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ယခုကာလများတွင် အမေရိကန်နိုင်ငံက တစ်ဖက်သတ် စည်းကြပ်ခွန်အစီအမံများစွာ ထုတ်ပြန်ခဲ့ရာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်စီးပွားအစီအစဉ်များကို ဆိုးရွားစွာ ရှုပ်ထွေးစေပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှု အနာဂတ်အလားအလာကို ထိခိုက်စေခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် အမေရိကန်ဘက်က တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှ” ဟု ဆိုခြင်းမှာ ၎င်းစည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့် အဓိကအကြောင်းပြချက် ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အမေရိကန်ဘက်က ကုန်သွယ်စီးပွား အရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းကသာ ပြဿနာ၏အရင်းအမြစ်ဖြစ်ပြီး ယင်းအတွေးအခေါ်ကို အကယ်၍ ချိန်ညှိပြောင်းလဲခြင်းမရှိပါက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ရာတွင် အကြီးမားဆုံးသော အတားအဆီးဖြစ်လာလိမ့်ပေမည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိမရှိဆိုသည်မှာ ထဲထဲဝင်ဝင် ရှုမြင်ရန် လိုအပ်သည်။ အမေရိကန်၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍရှိ ဧရာမကြီးမားသော အားသာချက်ကို မဆိုထားဘိ ကုန်စည်ကုန်သွယ်ရေး ကဏ္ဍတွင်ပင်လျှင် အမေရိကန်အစိုးရက အဆင့်မြင့် သိပ္ပံနည်းပညာကုမ္ပဏီလုပ်ငန်းများနှင့် ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပို့ကုန်စီမံထိန်းချုပ်မှုများ လုပ်ဆောင်ခြင်းကြောင့် အဆင့်မြင့် သိပ္ပံနည်းပညာထုတ်ကုန် ရေရှည်ပို့ကုန်ကန့်သတ်မှုခံနေရသည်။ အမေရိကန်ဘက်က ကုန်သွယ်စီးပွားအရေးကိစ္စကို လုံခြုံရေးအသွင် အကျယ်ချဲ့ခြင်းနှင့်အတူ ယခုနှစ်များ၌ ကုန်သွယ်စီးပွားကဏ္ဍ ကန့်သတ်မှုမူဝါဒနှင့် အစီအမံများစွာကို အဆက်မပြတ် ထုတ်ပြန်ခဲ့ရာ ကန့်သတ်မှုအတိုင်းအတာ စဉ်ဆက်မပြတ် တိုးချဲ့ပြီး ပိတ်ဆို့မှုအင်အားကို အဆက်မပြတ် မြှင့်တင်ခဲ့သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု ကြီးမားလာခြင်းမှာ အမေရိကန်ဘက်က မူဝါဒကြောင့် မလွဲမသွေဖြစ်လာရသည့် ရလဒ်ပင်ဖြစ်သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိမရှိကို ဘက်စုံရှုမြင်ရန် လိုအပ်ပေသည်။ နိုင်ငံတစ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးအခြေအနေသည် ၎င်း၏မက်ခရိုစီးပွားရေးဖွဲ့စည်းမှုပေါ်တွင် မူတည်ခြင်းဖြစ်ပြီး ကုန်သွယ်ရေးမိတ်ဖက်ပေါ်တွင် မူတည်ခြင်းမဟုတ်ပေ။ တရုတ်-အမေရိကန် ကုန်စည်ကုန်သွယ်ရေးပမာဏ၏ ပို့ကုန်နှင့်သွင်းကုန်ပမာဏ ကွာဟမှုမှာ အမေရိကန်စီးပွားရေးဖွဲ့စည်းပုံပြဿနာ၏ မလွဲမသွေ ရလဒ်ဖြစ်သလို နှစ်နိုင်ငံ နှိုင်းယှဉ်သည့်အားသာချက်နှင့် နိုင်ငံတကာ လုပ်ငန်းကဏ္ဍ ခွဲထားသည့်အခင်းအကျင်းများက အဆုံးအဖြတ်ပေးခြင်းလည်း ဖြစ်သည်။ အမေရိကန် ကုန်သွယ်ရေးလိုငွေပြမှု၏ အရင်းအမြစ်မှာ အမေရိကန် ကုန်ထုတ်လုပ်မှုလုပ်ငန်း ဆယ်စုနှစ်ပေါင်းများစွာ ဆက်တိုက်ကျဆင်းလာခြင်း၊ ဝန်ဆောင်မှုလုပ်ငန်း အဆက်မပြတ် တိုးချဲ့ခြင်းကြောင့်ဖြစ်ပြီး ကုန်ပစ္စည်းအများအပြားကို သွင်းကုန်အားထားရခြင်းကြောင့် ဖြစ်သည်။ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍတွင်မူ အမေရိကန်သည် သိသာထင်ရှားသော အားသာချက် ရှိနေပေသည်။ အမေရိကန်သည် တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး လိုငွေပြမှုအကြီးဆုံးအရင်းအမြစ် ဖြစ်ပြီး လိုငွေပြသည့်အတိုင်းအတာမှာ ယေဘုယျအားဖြင့် ချဲ့ထွင်သောအနေအထားရှိသည်။ ကုန်စည်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် မိမိနိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းများ တစ်ဖက်နိုင်ငံရှိ ဌာနအဖွဲ့အစည်း၌ ဒေသရောင်းအားပမာဏ ဟူသော အကြောင်းအရင်း သုံးရပ်ကို ဘက်စုံထည့်သွင်း စဉ်းစားပါက တရုတ်-အမေရိကန် နှစ်ဖက်ကုန်သွယ်စီးပွားကူးသန်းမှု အကျိုးအမြတ်ခံစားရမှုမှာ အကြမ်းဖျင်းအားဖြင့် ညီမျှပေသည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး ညီမျှမှု ရှိမရှိကို ဖွံ့ဖြိုးတိုးတက်မှုဖြင့် ရှုမြင်ရန် လိုအပ်ပေသည်။ တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်ရေးမှီခိုမှုအချိုးအစားမှာ ယခုရာစုနှစ် ကနဦးကာလက ၆၀ ရာခိုင်နှုန်းကျော်မှ ၂၀၂၄ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းကျော်အထိ လျော့နည်းခဲ့ကြောင်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ပြည်တွင်းဝယ်လိုအားကို စဉ်ဆက်မပြတ်မြှင့်တင်ခြင်း၊ ပြည်တွင်းလည်ပတ်မှုကို တိုးချဲ့လာခြင်းတို့နှင့်အတူ ယနေ့တွင် စားသုံးမှုမှာ တရုတ်စီးပွားရေး တိုးတက်မှု၏ အဓိကအကျဆုံး မောင်းနှင်အား ဖြစ်ခဲ့ပြီ ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ပိုငွေကို တမင်ရည်ရွယ်ချက်ရှိစွာ ဖော်ဆောင်ခြင်းမဟုတ်ပေ။ တရုတ်နိုင်ငံ၏ လက်ရှိ စာရင်း ပိုငွေ (Current Account Surplus) နှင့် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၏ အချိုးအစားမှာ ၂၀၀၇ ခုနှစ်တွင် ၉.၉ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်းအထိ လျော့နည်းလာခဲ့ပြီဖြစ်သည်။

တရုတ်-အမေရိကန် ကုန်သွယ်ရေး “မညီမျှမှု” သည် ခေါင်းစဉ်ပြခြင်းဖြစ်ပေသည်။ အမှန်စင်စစ်တွင်မူ တရုတ်-အမေရိကန်တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသော ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှိကြရာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်ရန် ဖြစ်သည်။ တရုတ်-အမေရိကန် သံတမန်ဆက်ဆံရေး ထူထောင်သည့် အချိန်မှစ၍ ကုန်သွယ်စီးပွားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ်နက်ရှိုင်းခဲ့ရာ နှစ်နိုင်ငံသည် အပြန်အလှန်အားဖြင့် အရေးကြီးသည့် ကုန်သွယ်ရေးမိတ်ဖက်နှင့် နှစ်ဖက်အပြန်အလှန်ရင်းနှီးမြှုပ်နှံကြသော မိတ်ဖက်များ ဖြစ်သလို နိုင်ငံတကာ ဘဏ္ဍာရေးအကျပ်အတည်းများတွင် အခက်အခဲများကို အတူတကွ ကျော်လွှားခဲ့ဖူးကြသည်။ ယင်းတွင် ဈေးကွက်အင်အား၏ မလွဲမသွေ ရွေးချယ်မှုများ ပါဝင်သလို နှစ်ဖက်၏ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းထားသည့် ဉာဏ်ပညာနှင့် အမြော်အမြင်အခင်းအကျင်း ပို၍ပင် ပါရှိကြပေသည်။
တရုတ်နိုင်ငံသည် အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး၍ အဆင့်မြင့် ပြည်ပတံခါးဖွင့်လှစ်မှု တိုးချဲ့ရေးကို မမှိတ်မသုန် အခိုင်အမာ ဆောင်ရွက်လျက်ရှိသလို ဈေးကွက်အသွင်၊ တရားဥပဒေစိုးမိုးရေးအသွင်၊ နိုင်ငံတကာအသွင် ပထမတန်းစား စီးပွားရေးပတ်ဝန်းကျင်ကို တည်ဆောက်လျက်ရှိကြောင်း၊ အမေရိကန် ကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံရန်၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခွင့်အလမ်းများကို အတူတကွ မျှဝေခံစားရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တွန်းအားပေး အကျိုးဆောင်ရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံဘက်က ကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။
“စည်ပင်သာယာဝပြောမှုကို အကောင်းဆုံးဖော်ဆောင်တဲ့နည်းလမ်းက အတားအဆီး တံတိုင်းမြင့်ကြီးထဲမှာ မရှိပါဘူး၊ တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားရမှာဖြစ်တယ်” ဟု အမေရိကန်နိုင်ငံ ဆီလီကွန်ဗယ်လီ နာမည်ကျော် incubators ကုမ္ပဏီဖြစ်သည့် “Founder Space” အမှုဆောင်အရာရှိချုပ် Steven Hoffman က ဆင်ဟွာ သတင်းထောက်၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှု အရေးကိစ္စကို နိုင်ငံရေးအသွင်၊ ကိရိယာအသွင်၊ လက်နက်အသွင်၊ လုံခြုံရေးအသွင် အကျယ်ချဲ့ပြီး ကုမ္ပဏီလုပ်ငန်းများကို ဖိအားပေး ဘက်ရွေးရပ်တည်စေခြင်း၊ စီးပွားရေးစည်းမျဉ်းများကို ချိုးဖောက်သည့် ရွေးချယ်မှုလုပ်ခြင်းသည် ဈေးကွက်စည်းမျဉ်းစည်းကမ်း၊ တံခါးဖွင့်အခြေအနေကြီးနှင့် ကိုက်ညီမှုမရှိသလို တရုတ်-အမေရိကန် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း သမိုင်းက အဖန်တလဲလဲ သက်သေပြခဲ့သည်။ တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းမည် ဖြစ်ပြီး တိုက်ခိုက်လျှင် နှစ်ဖက်လုံးအထိနာမည် ဖြစ်ရာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော မုချမသွေ ရွေးချယ်မှု ဖြစ်ပေသည်။ (Xinhua)

——————–
(Chinese Version)
新华时评|中美贸易“不平衡”是个伪命题
新华社北京6月8日电 题:中美贸易“不平衡”是个伪命题
新华社记者邓茜
近期,美国推出一系列单边关税措施,严重扰乱全球经贸活动,损害世界经济增长前景。在对华贸易问题上,美方所谓中美贸易“不平衡”成为其加征关税的主要借口,但事实上,美方将经贸问题泛安全化才是症结所在,这一思维若不调整将成为各方合作共赢的最大障碍。
中美贸易是否平衡需要深入地看。且不论美国在服务贸易上的巨大优势,单在货物贸易方面,美国政府对高科技企业及其产品实施出口管制,导致高科技产品长期出口受限。随着美方将经贸问题泛安全化,近年来不断推出各类经贸限制政策和措施,限制范围持续扩大,制裁力度不断加强。美国贸易逆差扩大是美方政策导致的必然结果。
中美贸易是否平衡需要全面地看。一国总体对外贸易状况取决于自身宏观经济结构,而非贸易伙伴。中美货物贸易差额既是美国经济结构性问题的必然结果,也是由两国比较优势和国际分工格局决定的。美国贸易逆差根源在于美国制造业数十年来持续衰落、服务业持续扩张,造成大量商品依赖进口。在服务贸易方面,美国则占有显著优势。美国是中国服务贸易最大逆差来源地,逆差规模总体呈现扩大趋势。综合考虑货物贸易、服务贸易和本国企业在对方国家分支机构的本地销售额三项因素,中美双方经贸往来获益大致平衡。
中美贸易是否平衡需要发展地看。数据显示,中国的外贸依存度已从本世纪初的高于60%降至2024年的略超30%。随着中国不断提振内需,加大内循环,如今消费已成为中国经济增长的最重要引擎。中国并不刻意追求顺差,中国经常账户顺差与国内生产总值之比已从2007年的9.9%降至2024年的2.2%。
中美贸易“不平衡”是个伪命题。事实上,中美拥有广泛共同利益和广阔合作空间,两国经贸关系的本质是互利共赢。中美建交以来,经贸领域合作不断深入,两国互为重要贸易伙伴和双向投资伙伴,也曾在国际金融危机中共克时艰。这其中既有市场力量的必然选择,更有双方求同存异的智慧与格局。中方多次表示,中国正坚定不移推动高质量发展、扩大高水平对外开放,打造市场化、法治化、国际化一流营商环境,欢迎美国企业继续投资中国,共享发展机遇,为推动中美关系稳定、健康、可持续发展作出贡献。美国硅谷知名孵化器“创始人空间”公司首席执行官史蒂夫·霍夫曼在接受新华社记者采访时说:“繁荣的最佳实现途径不在高墙之内,而是要敞开大门。”
历史反复证明,将经贸问题政治化、工具化、武器化、泛安全化,迫使企业选边站队,作出违背经济规律的选择,不符合市场规则和开放大势,不符合中美两国和两国人民的根本利益。中美合则两利、斗则俱伤,中美经贸合作是互利共赢的必然选择。(完)