Connect with us

Science & Technology

တရုတ်သိပ္ပံအကယ်ဒမီက Chang’e-6 လကမ္ဘာ နမူနာပစ္စည်းများ သုတေသနရလဒ်အား ထုတ်ပြန်

တရုတ်သိပ္ပံအကယ်ဒမီ (CAS) သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်သိပ္ပံအကယ်ဒမီ (CAS) က Chang’e-6 လကမ္ဘာ နမူနာပစ္စည်းများ သုတေသနရလဒ်အား ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့ရာ အဓိကသုတေသနပြုလုပ်မှုရလဒ် လေးရပ်ကို မျက်နှာဖုံးဆောင်းပါးပုံစံဖြင့် ပညာရပ်ပိုင်းဆိုင်ရာ နိုင်ငံတကာ ဂျာနယ်ဖြစ်သည့် “Nature” တွင် ဖော်ပြခဲ့သည်။အဆိုပါရလဒ်များတွင် လကမ္ဘာအနောက်ဖက်ခြမ်း ချော်ရည်လှုပ်ရှားမှု၊ လကမ္ဘာ ရှေးဟောင်းသံလိုက်စက်ကွင်း၊ လကမ္ဘာမန်တယ်လ် (moon mantle) ၏ ရေပါဝင်မှုပမာဏ၊ လကမ္ဘာမန်တယ်လ်၏ ဆင့်ကဲပြောင်းလဲမှု ထူးခြားချက်များကို အသီးသီး ဖော်ပြခဲ့သည်။ ယင်းမှာ ပထမဆုံးအကြိမ်အဖြစ် လူသားများအား လကမ္ဘာအနောက်ခြမ်း၏ ဆင့်ကဲပြောင်းလဲမှုသမိုင်းကို သိရှိစေခြင်း ဖြစ်ရာ လကမ္ဘာ၏ “အရှေ့ဘက်ခြမ်းနှင့် အနောက်ဖက်ခြမ်း ကွာဟမှု” လျှို့ဝှက်ချက်ကို ဖြေရှင်းရန်အတွက် အချက်အချာကျသည့် အထောက်အထားကို ပံ့ပိုးပေးခဲ့သလို နေအဖွဲ့အစည်းရှိ ဂြိုဟ်များ၏ ဆင့်ကဲပြောင်းလဲမှုအပေါ် လူသားမျိုးနွယ်တို့၏ အသိအမြင်မူဘောင်အား အသစ်ထပ်တိုးလာစေခဲ့ပေသည်။ (Xinhua)

     

————————-
(Chinese Version)
中国科学院发布嫦娥六号月球样品系列研究成果
新华社照片,北京,2025年7月9日
7月9日,中国科学院发布嫦娥六号月球样品系列研究成果,四项重磅研究以封面文章形式发表于国际学术期刊《自然》。这些成果分别揭示了月背岩浆活动、月球古磁场、月幔水含量、月幔演化特征,首次让人们得以了解月球背面的演化历史,为破解月球“二分性”之谜提供了关键证据,更刷新了人类对太阳系天体演化的认知框架。
1. 7月9日拍摄的中国科学院新闻发布会现场。 新华社记者 金立旺 摄
2. 我国科研人员制作的月球背面影像图。新华社发(中国科学院供图)