Asia
အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟု အိန္ဒိယ လေယာဉ်ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာ ဆို

နယူးဒေလီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) သည် လွန်ခဲ့သည့်တစ်လက Air India လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့်စပ်လျဉ်း၍ ဇူလိုင် ၁၂ ရက်တွင် ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါ မတော်တဆဖြစ်မှုတွင် ပါဝင်သည့် ခရီးသည်တင်လေယာဉ်သည် စတင်ပျံသန်းပြီးနောက်မကြာမီတွင် အင်ဂျင်နှစ်လုံး လောင်စာဆီပံ့ပိုးမှု ပြတ်တောက်သွားခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြထားသည်။
ခရီးသည်တင်လေယာဉ် မပျက်ကျခင် အင်ဂျင်နှစ်လုံး လောင်စာဆီ စီးဆင်းမှုပမာဏအား ထိန်းချုပ်သည့် အဖွင့်အပိတ်ခလုတ်သည် တစ်စက္ကန့်အတွင်း “လည်ပတ်သည်” မှ “ဖြတ်တောက်သည်” နေရာသို့ ရှေ့ဆင့်နောက်ဆင့် ရွှေ့ပြောင်းသွားကြောင်း၊ မောင်းနှင်ခန်းအတွင်းရှိ အသံမှတ်တမ်းတင်စက်၏ အသံဖိုင်တွင် လေယာဉ်မှူးတစ်ဦးက “ဘာဖြစ်လို့ လေယာဉ်ကိုဆီပေးနေတာ ဖြတ်ရတာလဲ” ဟု မေးမြန်းနေပြီး အခြားလေယာဉ်မှူးတစ်ဦးက “ငါမလုပ်ပါဘူး” ဟု ပြန်လည်ဖြေကြားနေသည်ကို ကြားရကြောင်း အစီရင်ခံစာက ဆိုထားသည်။
ခရီးသည်တင်လေယာဉ် ပျက်ကျချိန်တွင် အဖွင့်အပိတ်ခလုတ်နှစ်ခုလုံး “လည်ပတ်” သည့်နေရာသို့ ပြန်ရွှေ့ထားပြီးဖြစ်ကြောင်း၊ ၎င်းအနက်အင်ဂျင်တစ်လုံးက ပြန်လည် လည်ပတ်လာသည့် အရိပ်အယောင် ရှိသော်လည်း နောက်ဆုံးတွင် ပြန်လည်ကယ်ဆယ်၍မရတော့ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုကာလအတွင်း လေယာဉ်မှူးတစ်ဦးက “MAYDAY MAYDAY MAYDAY” ဟူသည့် အကူအညီတောင်းခံသည့် အချက်ပြမှုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပြီး အဆိုပါဖြစ်စဉ်သည် အနာဂတ်စုံစမ်းစစ်ဆေးမှု၏ အဓိကအချက်ဖြစ်လိမ့်မည်ဟု စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။
လေယာဉ်၏ အရေးပေါ်တုံ့ပြန်မှု စွမ်းအင်ဖိအား လေတာဘိုင်သည် ခရီးသည်တင်လေယာဉ် စတင်ပျံသန်းပြီးနောက် ချက်ချင်းအလုပ်လုပ်ခဲ့သည်ကို လေဆိပ်စောင့်ကြည့်ရေးကင်မရာဗီဒီယိုမှ တွေ့မြင်ရပြီး ယင်းမှာ ခရီးသည်တင်လေယာဉ်သည် မောင်းနှင်အား ပြတ်တောက်သွားသည်ကို ဖော်ပြနေကြောင်း၊ ပျံသန်းရာလမ်းကြောင်း အနီးတစ်ဝိုက်တွင် သိသာထင်ရှားသော ငှက်များ လှုပ်ရှားသွားလာမှုကို မတွေ့ရှိရကြောင်း၊ ခရီးသည်တင်လေယာဉ်သည် လေဆိပ်ခြံစည်းရိုးအား ပျံသန်းမှု မကျော်လွန်မီအချိန်မှစ၍ စတင်နိမ့်ဆင်းလာကြောင်း အစီရင်ခံစာက ဆိုထားသည်။
အဆိုပါ ခရီးသည်တင်လေယာဉ် မတော်တဆမှုဖြစ်ပွားချိန်တွင် လေယာဉ်တောင်ပံရွက်ကိရိယာ Flap နေရာထားရှိမှုနှင့် လေယာဉ်ရှေ့ဘီးနေရာတို့သည် ပုံမှန်အခြေအနေ၌ ရှိကြောင်း အစီရင်ခံစာက တစ်ချိန်တည်းတွင် ဆိုထားသည်။
အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းကုမ္ပဏီ၏ ဘိုးရင်း (Boeing) 787-8 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းထွက်ခွာပြီးမကြာမီ ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၂၇၄ ဦး သေဆုံးခဲ့ရပြီး ၎င်းအနက် မြေပြင်မှ ၃၃ ဦးပါဝင်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့တွင် ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့သည့် အချင်းဖြစ်နေရာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
印度空难调查初步报告:两台发动机失去燃油供应
新华社新德里7月12日电 印度航空事故调查局12日就一个月前印度航空客机坠毁事故发布初步调查报告。报告显示,涉事客机起飞后不久,两台发动机失去燃油供应。
报告说,客机坠毁前,控制两台发动机燃油流量的开关在一秒内先后从“运行”切换到“切断”位置。驾驶舱语音记录器的录音中可以听到其中一名飞行员问:“为什么要切断飞机供油?”另一名飞行员回答:“我没有”。
报告还显示,客机坠毁时两个开关都移回到了“运行”位置,其中一台发动机有恢复运行迹象,但最终无力回天。其间,一名飞行员发出“MAYDAY MAYDAY MAYDAY”求救信号。调查人员说,这一过程将成为未来调查的重点。
报告说,从机场监控视频可以看到,飞机应急能源冲压空气涡轮在客机起飞后立即开始工作,表明客机失去动力。飞行路径附近未观察到明显的鸟类活动,客机飞过机场围墙前即开始下降。
报告同时显示,客机失事时襟翼设置和起落架位置均为正常。
6月12日,一架从印度飞往英国的印度航空公司波音787-8型客机在印度古吉拉特邦艾哈迈达巴德机场起飞后不久坠毁。据印度媒体报道,坠机事故共造成274人遇难,其中包括33名地面人员。(完)
图说1:6月13日,在印度古吉拉特邦艾哈迈达巴德,几名男子站在客机残骸旁。新华社发
图说2:6月12日,在印度古吉拉特邦艾哈迈达巴德,人们在客机失事现场进行救援。新华社发