China
Air China လေကြောင်းလိုင်းတွင် C909 လေယာဉ်ဖြင့် ပထမဆုံးနိုင်ငံတကာခရီးစဉ် ပြေးဆွဲ

ဟူးဟော့၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ် C909 ဖြင့်ပြေးဆွဲသည့် Air China လေကြောင်းလိုင်း၏ CA757 ခရီးစဉ်သည် ဇူလိုင် ၁ ရက် နံနက် ၈ နာရီခန့်တွင် တရုတ်နိုင်ငံ အတွင်း မွန်ဂိုလီးယားဒေသ ဟူးဟော့မြို့ ပိုင်ထာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ပျံသန်းခဲ့ရာ ၁ နာရီကျော်ကြာ ပျံသန်းပြီးနောက် မွန်ဂိုလီးယားနိုင်ငံ မြို့တော်ဦလန်ဘာတာသို့ အဆင်ပြေချောမွေ့စွာရောက်ရှိခဲ့သည်။ ယင်းမှာ Air China လေကြောင်းလိုင်းတွင် C909 လေယာဉ်ဖြင့် ပထမဆုံးနိုင်ငံတကာခရီးစဉ် ပြေးဆွဲမှုကို အမှတ်သင်္ကေတပြုလျက်ရှိသည်။
အဆိုပါခရီးစဉ်သည် ဟူးဟော့မြို့နှင့် ဦလန်ဘာတာမြို့အား အသွားအပြန်ပြေးဆွဲမည်ဖြစ်ပြီး ခရီးစဉ်အမှတ်မှာ CA757/8 ဖြစ်၍ အပတ်စဉ် ခရီးစဉ် ၇ ခု ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
“C909 လေယာဉ်မော်ဒယ်ရဲ့ ထူးခြားချက်နဲ့ပေါင်းစပ်ပြီး ကျွန်တော်တို့က ဒီခရီးစဉ်ရဲ့ပျံသန်းမှုလုပ်ငန်းစဉ်၊ ပြေးလမ်းအခြေအနေ၊ လမ်းကြောင်းပြ အဆောက်အဦ စတာတွေကို ထဲထဲဝင်ဝင်လေ့လာကာ ပျံသန်းမှုလုပ်ဆောင်ချက် လုပ်ငန်းစဉ် အသေးစိတ်ကို သတ်မှတ်ခဲ့ပါတယ်” ဟု အဆိုပါ ပထမဆုံးခရီးစဉ်၏ လေယာဉ်မှူး လျိုရုံကွမ်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်တွင် ပထမဆုံးတစ်စင်း C909 ခရီးသည်တင်လေယာဉ်ကို လက်ခံပြီးကတည်းက Air China ၏ C909 လေယာဉ်အုပ်စုသည် ၃၅ စင်းအထိ ရှိလာပြီဖြစ်ကာ ဘေးကင်းလုံခြုံစွာ ပျံသန်းမှုအချိန်စုစုပေါင်းမှာ နာရီ ၁၁၀,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ ပေကျင်း၊ ချိန်တူး၊ ဟူးဟော့ စသည့် လည်ပတ်မှု အခြေစိုက်စခန်းကြီး သုံးခုကို အားထား၍ Air China ၏ C909 ခရီးသည်တင်လေယာဉ်သည် ခရီးစဉ်လမ်းကြောင်းပေါင်း ၃၀ ကျော် ပျံသန်းလျက်ရှိကြောင်း သိရသည်။
Air China လေကြောင်းလိုင်းအနေဖြင့် ခရီးစဉ်များ ဘေးကင်းလုံခြုံစွာ လည်ပတ်မှုကို အစွမ်းကုန် အာမခံ၍ လေကြောင်းလမ်းခရီးကွန်ရက် အဆက်မပြတ် တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုများ နက်ရှိုင်းစွာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ ပြည်တွင်းထုတ်လေယာဉ်များ ပမာဏအများအပြား ထုတ်လုပ်ခြင်း၊ အရည်အသွေးမြင့် စီးပွားဖြစ် လည်ပတ်ပြေးဆွဲခြင်းကို စဉ်ဆက်မပြတ် တွန်းအားပေး၍ ပြည်တွင်းထုတ်လေယာဉ်များ လည်ပတ်မှုအတွက် အာမခံပေးခြင်းစနစ်ကို ခိုင်မာစွာတည်ဆောက်သွားမည်ဖြစ်ကြောင်း Air China လေကြောင်းလိုင်းမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
国航C909开通首条国际航线
新华社呼和浩特7月1日电(记者王聿昊、朱文哲)7月1日8时许,由国产客机C909执飞的国航CA757航班从呼和浩特白塔国际机场起飞,经过1个多小时的飞行后顺利抵达蒙古国首都乌兰巴托,标志着国航首条C909国际航线正式开通。
该航线由呼和浩特往返乌兰巴托,航班号CA757/8,每周运营7个航班。“结合C909机型特点,我们对该航线的飞行程序、跑道状况、导航设施等进行深入研究,制定了详细的飞行操作流程。”首航航班机长刘永光说。
据了解,自2020年接收首架C909客机以来,国航C909机队规模已达35架,累计安全飞行超11万小时。依托北京、成都、呼和浩特三大运行基地,国航C909客机已执飞超30条航线。
国航相关负责人表示,国航将全力保障航班安全运行,持续优化航线网络,深化国际合作交流,并持续推动国产飞机规模化、高品质商业运营,筑牢国产飞机运营保障体系。(完)
图说:这是执飞首航航班的C909客机。新华社记者王聿昊 摄