Asia
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံဖြတ်ချက်ကို လက်ခံကြောင်း၊ မိမိအတွက် လျှောက်လဲချက်တင်ရန် ကြိုးစားသွားမည်ဟု ပေထုံတန် ဆို

ဘန်ကောက်၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုံတန်က ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း၊ လျှောက်လဲမှုဆိုင်ရာ စာရွက်စာတမ်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သတ်မှတ်ထားသည့် အချိန်အတွင်း ပြင်ဆင်ထားမည်ဟု ၎င်းအား ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ရာထူးယာယီဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်အိမ်တော်၌ ဇူလိုင် ၁ ရက်တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ဖုန်းခေါ်ဆိုမှု အသံဖိုင်နှင့်ပတ်သက်၍ ပေထုံတန်က မိမိ၏ မူလရည်ရွယ်ချက်မှာ နိုင်ငံတော်အတွက် အပြည့်အဝ ထည့်သွင်းစဉ်းစားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုကာကွယ်ရန်၊ စစ်သည်တို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤအချက်နှင့် ပတ်သက်၍ မိမိမှာ လိပ်ပြာလုံကြောင်း၊ သို့သော် လုပ်ဆောင်ခဲ့သည့်ပုံစံမှာ တချို့သောသူများ လက်မခံနိုင်ဖွယ်ရှိနိုင်ကြောင်း၊ ၎င်းအနေဖြင့် ကိုယ်ကျိုးစီးပွားအတွက် တစ်စက်လေးမျှ မရှိကြောင်း၊ မိမိလုပ်ဆောင်ခဲ့သော လုပ်ရပ်အားလုံးသည် ကမောက်ကမဖြစ်ခြင်းနှင့် ပဋိပက္ခမှ ရှောင်ကြဉ်ရန်အတွက်သာ ဖြစ်ကြောင်းကို သက်သေပြရန် ကြိုးစားသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။
ပေထုံတန်က လျှောက်လဲချက်ဆိုင်ရာ စာရွက်စာတမ်းများကို ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သတ်မှတ်ထားသည့် ၁၅ ရက်ကာလအတွင်း အသင့်ဖြစ်အောင် ပြင်ဆင်ထားမည်ဟု ပြောကြားခဲ့သည်။ ရာထူးဆိုင်းငံ့ထားစဉ်အတွင်း နိုင်ငံတော်အတွက် အလုပ်တာဝန်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံတောင်းပန်ခဲ့သည်။
ဇွန်လလယ်တွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့်စပ်လျဉ်း၍ ပေထုံတန်နှင့် ကမ္ဘောဒီးယားနိုင်ငံအထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်တို့ ဖုန်းခေါ်ဆိုမှု အသံဖိုင် ပေါက်ကြားခဲ့ရာ ထိုင်းနိုင်ငံတွင် အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့သည်။ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့၏ ဒုတိယအကြီးဆုံးပါတီဖြစ်သည့် Bhumjaithai ပါတီက ထိုညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ကြောင်း၊ ဒုတိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Anutin Charnvirakul စသည့် Bhumjaithai ပါတီမှ အစိုးရအဖွဲ့ဝင်အားလုံးလည်း နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
…………………………………
(Chinese Version)
佩通坦:接受宪法法院决定 将努力为自己辩护
新华社曼谷7月1日电(记者陈倩慈 林昊)泰国总理佩通坦7月1日在总理府就当天被宪法法院暂停职务一事发表讲话,表示接受宪法法院的决定,将在宪法法院规定时间内准备好辩护材料。
佩通坦表示,关于通话录音一事,自己的初衷完全是为国家考虑,为了维护国家主权,为了保护士兵生命,也为了国家的和平。这一点自己问心无愧,但采取的方式可能不为一些人所接受。她将努力证明,自己没有一点私心,所做一切只是为了避免混乱与冲突。
佩通坦表示,将在宪法法院规定的15天内准备好辩护材料。她再次道歉,表示在停职期间将继续为国家工作。
6月中旬,佩通坦同柬埔寨参议院主席洪森关于泰柬边境局势的一段通话录音流出,在泰国引发争议。执政联盟第二大党自豪泰党宣布退出执政联盟,副总理兼内政部长阿努廷等所有自豪泰党内阁成员辞职。(完)
图说:7月1日,在位于泰国曼谷的总理府,佩通坦(中)出席内阁会议后离开。新华社发(拉亨摄)