North America
ယူကရိန်းထံ “Patriot” လေကြောင်းရန်ကာကွယ်ရေးစနစ် ပံ့ပိုးပေးမည်ဖြစ်သော်လည်း ကုန်ကျစရိတ်ကို “နေတိုး (NATO)” က ပေးချေမည်ဟု ထရမ့်ဆို

လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်က နေတိုး (NATO) မှတစ်ဆင့် ယူကရိန်းထံ “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ပံ့ပိုးပေးမည်ဖြစ်ပြီး ယင်းစက်ကိရိယာများ၏ ကုန်ကျစရိတ်ကို နေတိုးက အမေရိကန်အား ပေးချေမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု အမေရိကန် မီဒီယာများ၏ သတင်းထုတ်ပြန်မှုအရ သိရသည်။
“ဒါက သူတို့ (ယူကရိန်း) အရေးတကြီးလိုအပ်တဲ့ဟာ” ဟူ၍ ထရမ့်သည် အဆိုပါနေ့က မြို့တော်ဝါရှင်တန်အနီးရှိ မယ်ရီလန်းပြည်နယ် Andrews ပူးတွဲအခြေစိုက်စခန်းတွင် မီဒီယာများထံ ပြောကြားခဲ့သည်။ အမေရိကန်အနေဖြင့် ယူကရိန်းထံ “အလွန်အဆင့်မြင့်တဲ့ စစ်ရေးစက်ကိရိယာအမျိုးမျိုး” ပံ့ပိုးပေးမှာဖြစ်ပြီး “ဒါက ကျွန်တော်တို့အတွက်ကတော့ စီးပွားရေးလုပ်တာပါပဲ” ဟူ၍ ၎င်းက ထပ်မံပြောကြားခဲ့သည်။
ထရမ့်က ၎င်းသည် ဝါရှင်တန်၌ နေတိုးအထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တေးနှင့် တွေ့ဆုံပြီး ယူကရိန်းအရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းထံ ပံ့ပိုးပေးမည့် “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် အရေအတွက်အတိအကျကို ၎င်းက ထုတ်ပြန်ပြောခြင်းမရှိခဲ့သလို မည်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများက ဤစက်ကိရိယာ ကုန်ကျစရိတ်များကို ပေးချေမည်ကိုလည်း ထုတ်ဖော်ပြောခြင်းမရှိခဲ့ပေ။
ယူကရိန်းသည် အမေရိကန် စသည့် အနောက်နိုင်ငံ မဟာမိတ်များက ပိုမိုများပြားသော “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ပံ့ပိုးပေးရန် အစဉ်တစ်စိုက် မျှော်လင့်လျက်ရှိသည်။ ထရမ့်က ယခုလ ၉ ရက်တွင် ဝါရှင်တန်၌ ၎င်းအစိုးရသည် ယူကရိန်း၏ “Patriot” လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် တစ်စုံ ထပ်မံလိုချင်သည့် တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားပေးမည်ဟု မီဒီယာများထံ ပြောကြားခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ၎င်းက “Patriot” စနစ်တစ်စုံလုံးသည် “အလွန့်အလွန် ဈေးကြီး” ကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ Hatzor လေတပ်အခြေစိုက်စခန်းတွင် ကျင်းပသည့် “Juniper Cobra 2018” ပူးတွဲဒုံးကျည်တိုက်ဖျက်ရေးလေ့ကျင့်မှု၌ “Patriot” ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်ကို ၂၀၁၈ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
特朗普:将向乌克兰提供“爱国者”系统,但由“北约买单”
新华社洛杉矶7月13日电(记者谭晶晶)据美国媒体报道,美国总统特朗普13日表示,美方将通过北约向乌克兰提供“爱国者”防空导弹系统,北约将向美方支付这些装备的费用。
特朗普当天在首都华盛顿附近的马里兰州安德鲁斯联合基地对媒体说,“这是他们(乌克兰)迫切需要的”。他还说,美方会向乌方提供“各种非常先进的军事装备”,“这对我们来说就是做生意”。
特朗普表示,他将在华盛顿与北约秘书长吕特举行会晤,讨论乌克兰问题等。他未透露计划向乌提供“爱国者”防空导弹系统的具体数量,也未透露哪些北约成员国将支付这些装备的费用。
乌方一直希望美国等西方盟友提供更多“爱国者”防空导弹系统。特朗普本月9日在华盛顿告诉媒体记者,其政府会考虑乌克兰想再要一套“爱国者”防空导弹系统的请求,但他同时强调,全套“爱国者”系统“非常非常贵”。(完)
图说1:7月6日,美国总统特朗普乘直升机返回华盛顿白宫。新华社记者胡友松摄
图说2:图为2018年3月8日在以色列哈措尔空军基地举行的“杜松眼镜蛇2018”联合反导军演上拍摄的“爱国者”导弹防御系统。新华社记者郭昱摄