North America
သီတင်းပတ် တစ်ပတ်အတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ရရှိရန် မျှော်လင့်ဟု ထရမ့် ဆို

ဝါရှင်တန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်အား သီတင်းပတ် တစ်ပတ်အတွင်း ရရှိရန် မျှော်လင့်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အခုဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။ လာမယ့်တစ်ပတ်အတွင်း ဒီကိစ္စကို အဆင်ပြေအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထရမ့်က ထိုနေ့တွင် ဝါရှင်တန်မြို့ အနီးတစ်ဝိုက်ရှိ မေရီလန်းပြည်နယ် အန်ဒရူးပူးတွဲအခြေစိုက်စခန်း၌ မီဒီယာများအား ပြောကြားခဲ့သည်။
ထရမ့်သည် ယခုလအတွင်း ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်နှင့်စပ်လျဉ်း၍ သဘောထားမှာ အကြိမ်များစွာ အပြောင်းအလဲဖြစ်ခဲ့သည်။ “ယခုအပတ်အတွင်း သက်ဆိုင်ရာ သဘောတူညီချက် ရရှိနိုင်ခြေ” ရှိသော်လည်း “အခြေအနေက နေ့တိုင်းပြောင်းလဲနေတယ်” ဟု ၎င်းက ဇူလိုင် ၆ ရက်တွင် ဆိုခဲ့သည်။ ဇူလိုင် ၇ ရက်တွင် ဝါရှင်တန်မြို့၌ ခရီးစဉ်လာရောက်နေသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု နှင့်အတူ မီဒီယာများအား တွေ့ဆုံစဉ်တွင်မူ ထရမ့်က ပါလက်စတိုင်း-အစ္စရေးအရေးကိစ္စအား ဖြေရှင်းရန် ရည်ရွယ်သည့် “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” သည် အကောင်အထည်ဖော်နိုင်ခြေ ရှိ၊ မရှိအား “မသိ” ဟု ထပ်မံပြောကြားခဲ့ပြန်သည်။
ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အစ္စရေးသည် ဇူလိုင် ၆ ရက်မှစ၍ ကာတာနိုင်ငံ ဒိုဟာမြို့၌ အသစ်တစ်ကြိမ် ကြားခံဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ရက် ၆၀ အပစ်ရပ်ရေး သဘောတူညီချက်ကို အာရုံစိုက်ဆွေးနွေးလျက်သော်လည်း အတန်အသင့်ကြီးမားသည့် တိုးတက်မှု မရရှိသေးကြောင်း သိရသည်။ (Xinhua)

ဂါဇာဒေသ ဂါဇာမြို့တွင် ပြည်သူများက အစ္စရေးစစ်တပ်တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးနေရာအား ကြည့်ရှုနေသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
特朗普:望一周内达成加沙停火协议
新华社华盛顿7月13日电 美国总统特朗普13日表示,希望加沙停火协议在一周内达成。
特朗普当天在华盛顿附近的马里兰州安德鲁斯联合基地对媒体说:“我们正在进行谈判,希望能在接下来的一周内把这件事理顺。”
特朗普本月就加沙停火协议的表态出现多次反复。他6日表示,“有可能在本周内”达成有关协议,但“情况每天都在变化”。7日在华盛顿与到访的以色列总理内塔尼亚胡一道面对媒体时,特朗普又说“不知道”旨在解决巴以问题的“两国方案”是否还有可能落实。
巴勒斯坦伊斯兰抵抗运动(哈马斯)与以色列自6日起在卡塔尔多哈举行新一轮间接谈判,聚焦60天停火协议,但尚未取得较大进展。(完)
图说1:4月7日,美国总统特朗普在华盛顿白宫迎接到访的以色列总理内塔尼亚胡。新华社记者胡友松摄
图说2:6月27日,民众在加沙城查看以军袭击后的废墟。新华社发(里泽克·阿卜杜勒贾瓦德摄)
–