Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဂျကာတာ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် ဇူလိုင် ၁၄ ရက်က ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဌာနက အဆိုပါနေ့တွင် ထုတ်ပြန်ခဲ့သည်။
ငလျင်သည် ဂျကာတာ စံတော်ချိန် ဇူလိုင် ၁၄ ရက် ၁၂ နာရီ ၄၉ မိနစ် (ပေကျင်းစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၉ မိနစ်) တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဗဟိုချက်သည် အဆိုပါပြည်နယ်၏ အရှေ့တောင်ဘက်ရှိ မာလူကူခရိုင်၏ အနောက်တောင်ဘက် ၁၆၉ ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် တည်ရှိပြီး ငလျင်အနက်မှာ ၉၈ ကီလိုမီတာဖြစ်ကြောင်း သတင်းအရ သိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်ကမ်းရိုးတန်း ငလျင်ရပ်ဝန်းတွင် တည်ရှိပြီး ငလျင်မကြာခဏလှုပ်လေ့ရှိသည်။ (Xinhua)
…………………………………
(Chinese Version)
印尼马鲁古省附近海域发生6.7级地震
新华社雅加达7月14日电(记者陶方伟)印度尼西亚气象、气候和地球物理局14日说,印尼马鲁古省附近海域当天发生6.7级地震。
消息说,地震发生于雅加达时间14日12时49分(北京时间13时49分),震中位于距离该省东南马鲁古县西南方向约169公里处的海域,地震深度为98公里。
印尼位于环太平洋地震带,地震活动频繁。(完)