Connect with us

China

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကျိုးချွီခရိုင်တွင် “ပန်းဆံထိုးလမ်း” ရှုခင်းသာစင်္ကြံက ယဉ်ကျေးမှုခရီးသွား စွမ်းအားအသစ်ကို အသက်သွင်းပေး

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကန်းနန် (ဇန့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျိုးချွီခရိုင်ရှိ လားဂါတောင် နွေရက်အလှရှုခင်းများကို ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုးချွီ (ကန်းစု)၊ ဇုလိုင် ၁၄ ရက် (ဆင်ဟွာ)

ယခုနှစ်မှစ၍ တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကန်းနန် (ဇန့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျိုးချွီခရိုင်သည် ယဉ်ကျေးမှုခရီးသွား ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစွာ တွန်းအားပေးကာ ပေါင်းစပ်လုပ်ငန်းများအား အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ဒေသခံ ဇန့်တိုင်းရင်းသူများ၏ “ပန်းများဖြင့် ဆံထိုးအဖြစ် အသုံးပြုသော” ရှေးဟောင်းဓလေ့ထုံးတမ်းမှ အမည်ယူကာ ကီလိုမီတာ ၁၀၀ ကျော်ရှည်လျားသော “ပန်းဆံထိုးလမ်း” ရှုခင်းသာစင်္ကြံကို တက်ကြွစွာ ဖန်တီးခဲ့သည်။ လားဂါတောင်၊ ပိုင်လုံကျန်းမြစ်၊ ပေါ်ယွိ ဇန့်ကျေးရွာ ပန်းတောင်ကြား၊ ရှေးဟောင်း လက်ဖက်ကုန်သည်လမ်း ယဉ်ကျေးမှုအမွေအနှစ်စသည့် တစ်မူထူးခြားသော ခရီးသွားအရင်းအမြစ်များကို အမှီပြု၍ သဘာဝရှုခင်းအလှ၊ သမိုင်းယဉ်ကျေးမှုနှင့် တိုင်းရင်းသား ဓလေ့ထုံးတမ်းများ နက်နက်ရှိုင်းရှိုင်းပေါင်းစပ်ကာ ဂေဟအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်ရေးအရင်းအနှီးအဖြစ်ပြောင်းလဲခဲ့ရာ လမ်းကြောတစ်လျှောက် ကျေးလက်များ၏ တည်းခိုရာနေရာများ၊ ဒြပ်မဲ့အမွေအနှစ်လက်မှုလုပ်ငန်းနှင့် အပန်းဖြေစိုက်ပျိုးရေးစသည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးခဲ့ပြီး ယဉ်ကျေးမှုခရီးသွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းအားအသစ်များကို အပြည့်အဝအသက်သွင်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကန်းစုပြည်နယ် ကန်းနန် (ဇန့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျိုးချွီခရိုင်ရှိ တစ်မူထူးခြားသော တည်းခိုနေရာအပြင်၌ လည်ပတ်ကြည့်ရှုနေကြသော ခရီးသွားဧည့်သည်များအား ဇူလိုင် ၁၂ ရက်က ဝေဟင်မှတွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
甘肃舟曲:“簪花之路”风景廊道激活文旅新动能
新华社照片,舟曲(甘肃),2025年7月13日
今年以来,甘肃省甘南藏族自治州舟曲县深入推动文旅融合发展,促进融合业态提质升级,从当地藏族女子“以花为簪”的古老习俗中取名,积极打造一百多公里的“簪花之路”风景廊道,依托拉尕山、白龙江、博峪藏寨花谷、茶马古道遗址等特色旅游资源,将自然风光、历史文化与民族风情深度融合,使生态资源转化为发展资本,带动沿线村落的民宿客栈、非遗工坊、休闲农业等业态发展,全面激活文旅发展新动能。
图说1:这是7月12日拍摄的舟曲拉尕山夏日风光(无人机照片)。新华社记者 马宁 摄
图说2:游客在舟曲拉尕山一处特色民宿外游览(7月12日摄,无人机照片)。 新华社记者 陈斌 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.