Asia
အိန္ဒိယက အချို့သော ဘိုးရင်းလေယာဉ်၏ လောင်စာဆီ အဖွင့်အပိတ်ခလုတ်အား အရေးပေါ် စစ်ဆေးမှု လုပ်ဆောင်ရန် တောင်းဆို

နယူးဒေလီ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
အိန္ဒိယ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DGCA) က ဇူလိုင် ၁၄ ရက်တွင် ညွှန်ကြားချက်အမိန့် ထုတ်ပြန်၍ အဆိုပါနိုင်ငံအတွင်းရှိ လေကြောင်းလုပ်ငန်းကုမ္ပဏီအားလုံးကို ဇူလိုင် ၂၁ ရက် မတိုင်မီ အချို့သော ဘိုးရင်း (Boeing) လေယာဉ်များ၏ လောင်စာဆီ အဖွင့်အပိတ်ခလုတ်နှင့် ၎င်းအား လော့ခ် (lock) ချမှု စနစ်အား အရေးပေါ်စစ်ဆေးမှု လုပ်ဆောင်ရန် တောင်းဆိုခဲ့သည်။
အဆိုပါညွှန်ကြားချက်အမိန့်သည် အိန္ဒိယ လေကြောင်းမတော်တဆဖြစ်မှု စုံစမ်းစစ်ဆေးရေးဗျူရို (ABI) ၏ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် လေယာဉ်ပျက်ကျမှု ကနဦး စုံစမ်းစစ်ဆေးချက် အစီရင်ခံစာကြောင့် ဖြစ်ကြောင်းသိရသည်။ လွန်ခဲ့သည့်တစ်လက အိန္ဒိယလေယာဉ်ပျက်ကျမှုအတွင်း ပါဝင်သည့် လေယာဉ်၏ လောင်စာဆီ အဖွင့်အပိတ်ခလုတ်သည် လေယာဉ်မပျက်ကျမီ “လည်ပတ်သည်” မှ “ဖြတ်တောက်သည်” နေရာသို့ ရွှေ့ပြောင်းသွားခဲ့သဖြင့် အင်ဂျင်အား လောင်စာဆီ ပံ့ပိုးပေးမှု ပြတ်တောက်သွားခဲ့ကြောင်း ထိုအစီရင်ခံစာ၌ ထောက်ပြထားသည်။
အစီရင်ခံစာက တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံ ပြည်ထောင်စု လေကြောင်းစီမံခန့်ခွဲမှု ဦးစီးဌာန (FAA) သည် ၂၀၁၈ ခုနှစ်၌ အစီရင်ခံစာ ထုတ်ပြန်၍ ဘိုးရင်း 787 စသည့် လေယာဉ်မော်ဒယ်များဖြင့် လည်ပတ်သည့်ကုမ္ပဏီများအနေဖြင့် လောင်စာဆီ အဖွင့်အပိတ်ခလုတ်နေရာအား မတော်တဆ နေရာမပြောင်းမှုကို အာမခံရန်အတွက် လောင်စာဆီ အဖွင့်အပိတ်ခလုတ် လော့ခ် (lock) ချထားမှု လုပ်ဆောင်ချက်အား စစ်ဆေးရန် အကြံပြုခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုအကြိမ် အရေးပေါ်စစ်ဆေးမည့် လေယာဉ်များတွင် ဘိုးရင်း 787 ၊ 747 နှင့် 737 လေယာဉ်မော်ဒယ်များ ပါဝင်ပြီး လည်ပတ်အသုံးပြုသည့် ကုမ္ပဏီများအနေဖြင့် Air India ၊ IndiGo နှင့် SpiceJet စသည့် အိန္ဒိယ လေကြောင်းလိုင်းကုမ္ပဏီများစွာ ပါဝင်ကြောင်း “The Times of India” သတင်းဖော်ပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံမှ ဗြိတိန်နိုင်ငံသို့ ပျံသန်းသည့် Air India လေကြောင်းလိုင်းကုမ္ပဏီ၏ ဘိုးရင်း 787-8 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad လေဆိပ်မှ စတင်ပျံသန်းထွက်ခွာပြီး မကြာမီ ပျက်ကျခဲ့သည်။ အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် စုစုပေါင်း လူ ၂၇၄ ဦး သေဆုံးခဲ့ရပြီး ၎င်းအနက် မြေပြင်မှ ၃၃ ဦးပါဝင်ကြောင်း အိန္ဒိယမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Ahmedabad မြို့တွင် ခရီးသည်တင်လေယာဉ်ပျက်ကျခဲ့သည့် အချင်းဖြစ်နေရာ၌ သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းအား သယ်ဆောင်သွားသည်ကို ၂၀၂၅ ခုနှစ် ဇွန် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
印度要求对部分波音飞机燃油开关进行紧急检查
新华社新德里7月14日电 印度民航总局14日发布指令,要求该国所有航空运营商21日前对部分波音飞机的燃油开关及其锁定系统进行紧急检查。
此项指令源于印度航空事故调查局日前发布的一份空难初步调查报告。报告指出,一个月前印度客机坠毁事故中,涉事飞机的燃油开关在坠毁前从“运行”切换到“切断”位置,导致发动机燃油供应中断。报告同时披露,美国联邦航空局曾于2018年发布公告,建议波音787等机型的运营商检查燃油开关的锁定功能,以确保开关不会意外改变位置。
据《印度时报》报道,此次紧急检查对象涉及波音787、747和737机型,运营商包括印度航空、靛蓝航空和香料航空等多家印度航司。
6月12日,一架从印度飞往英国的印度航空公司波音787-8型客机在印度古吉拉特邦艾哈迈达巴德机场起飞后不久坠毁。据印度媒体报道,坠机事故共造成274人遇难,其中包括33名地面人员。(完)
图说1:6月12日,在印度古吉拉特邦艾哈迈达巴德,人们在客机失事现场进行救援。新华社发
图说2:6月12日,在印度古吉拉特邦艾哈迈达巴德,人们在客机失事现场运送一遇难者遗体。新华社发