North America
ထရမ့်က “ပြင်းထန်သော” စည်းကြပ်ခွန်ဖြင့် ရက် ၅၀ အတွင်း ရုရှား-ယူကရိန်း သဘောတူညီချက် ရရှိရန် ရုရှားကို ခြိမ်းခြောက်

ဝါရှင်တန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ရုရှားအနေဖြင့် ရက် ၅၀ အတွင်း ယူကရိန်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မရရှိပါက အမေရိကန်က ရုရှားအပေါ် “အလွန်ပြင်းထန်” သည့် စည်းကြပ်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း၌ နေတိုး (NATO) အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရတ်တေးနှင့် တွေ့ဆုံရာတွင် ရုရှား-ယူကရိန်း စစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှုအပေါ် မကျေနပ်မှုများ ဖော်ပြခဲ့ပြီး ၎င်းနှင့် ရုရှား သမ္မတ ပူတင်တို့၏ အကြိမ်များစွာ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုများမှာ “နှစ်လိုဖွယ်ကောင်း” သော်လည်း “အနှစ်သာရမရှိ” ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့က (ရုရှားကို) အလွန့် အလွန် မကျေနပ်ပါဘူး။ သူတို့က ရက် ၅၀ အတွင်း သဘောတူညီချက် မရရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့က အလွန်ပြင်းထန်တဲ့ စည်းကြပ်ခွန်တွေ ကောက်ခံရပါလိမ့်မယ်။ စည်းကြပ်ခွန် နှုန်းထားက ၁၀၀ ရာခိုင်နှုန်း ဝန်းကျင်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထရမ့်က ဆက်လက်ပြီး ဒုတိယအဆင့် စည်းကြပ်ခွန်ကောက်ခံမည်ဟု ဆိုခဲ့သော်လည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပေ။
ထရမ့်ဆိုလိုသည့်အဓိပ္ပာယ်မှာ ရုရှား-ယူကရိန်းက ရက်ပေါင်း ၅၀ အတွင်း သဘောတူညီချက် မရရှိပါက အမေရိကန်က ရုရှားအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်ခံသွားမည်ဖြစ်ပြီး ရုရှားနိုင်ငံထံမှ ရေနံဝယ်ယူသည့် နိုင်ငံများအပေါ် ဒုတိယအဆင့် စည်းကြပ်ခွန် ကောက်ခံသွားမည်ဖြစ်သည်ဟု အိမ်ဖြူတော် အရာရှိတစ်ဦး ဆက်လက်ပြီး မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။ သို့သော် အဆိုပါအရာရှိသည်လည်း ဒုတိယအဆင့် စည်းကြပ်ခွန်နှင့်စပ်လျဉ်း၍ အသေးစိတ်မိတ်ဆက်ရှင်းလင်းခဲ့ခြင်း မရှိပေ။
အမေရိကန်အနေဖြင့် NATO အဖွဲ့မှတစ်ဆင့် ယူကရိန်းထံသို့ စစ်ရေးကူညီမှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ NATO၊ အမေရိကန်အခွန်ထမ်းမဟုတ်သူများက အဆိုပါလက်နက်များ ဝယ်ယူသည့် ကုန်ကျစရိတ်အား ပေးချေရမည်ဖြစ်ကြောင်း၊ ၎င်းအနက် “Patriot” ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် အပါအဝင် အချို့သော လက်နက်ပစ္စည်းများသည် ယူကရိန်းထံသို့ “အလွန်လျင်မြန်စွာ” ၊ ခန့်မှန်းခြေ “ရက်အနည်းငယ် အတွင်း” ပို့ဆောင်ရောက်ရှိမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ အချို့သောဥရောပနိုင်ငံများသည် မိမိနိုင်ငံ၏ “Patriot” ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ်အား ယူကရိန်းထံသို့ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
မာ့ခ်ရတ်တေးက ဂျာမနီ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေး၊ နယ်သာလန်နှင့် ကနေဒါ နိုင်ငံတို့ကလည်း ယူကရိန်းအား “ပြန်လည် လက်နက်တပ်ဆင်ပေးခြင်း” အစီအစဉ်တွင် ပါဝင်ရန် ဆန္ဒရှိပြီး NATO အဖွဲ့မှတစ်ဆင့် ယူကရိန်းထံသို့ စစ်ရေးအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်သည် ယမန်နှစ်က သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်နေစဉ်ကာလအတွင်း ရုရှား-ယူကရိန်း ပဋိပက္ခအား လျင်မြန်စွာ ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီလတွင် သမ္မတအဖြစ် စတင် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ လက်တွေ့တိုးတက်မှုများ ရရှိနိုင်ခဲ့ခြင်း မရှိပေ။ ထရမ့်က မတ် ၃၀ ရက်တွင် အမေရိကန်မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ၎င်းအနေဖြင့် ပူတင်အပေါ် “အလွန်စိတ်ဆိုး” ကြောင်း၊ ရုရှားဘက်အကြောင်းရင်းကြောင့် ရုရှား-ယူကရိန်းက အပစ်ရပ်ရေးသဘောတူညီချက် မရရှိပါက အမေရိကန်က ရုရှားရေနံအား ဝယ်ယူသူများအပေါ် ဒုတိယအဆင့် စည်းကြပ်ခွန် ကောက်ခံသွားနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
特朗普以“严厉”关税威胁俄罗斯50天内达成俄乌协议
新华社华盛顿7月14日电 美国总统特朗普14日说,如果俄罗斯没有在50天内同乌克兰达成和平协议,美国将对俄罗斯征收“非常严厉”的关税。
特朗普当天在白宫椭圆形办公室会见北约秘书长吕特时,对俄乌战事持续表达不满,称他与俄罗斯总统普京的多次通话“很愉快”却“毫无意义”。
“我们对(俄罗斯)非常、非常不满意。如果我们在50天内没有达成协议,我们将征收非常严厉的关税。税率约为100%。”特朗普接着提到要征收次级关税,但未具体说明。
一名白宫官员稍后向媒体记者解释说,特朗普的意思是,如果俄乌50天内达不成协议,美国将对俄罗斯征收100%的关税,对购买俄罗斯石油的国家征收次级关税。这名官员也没有就次级关税作详细介绍。
特朗普还说,美国将通过北约向乌克兰提供军事援助,由北约、而非美国纳税人支付购买这些武器的费用。包括“爱国者”防空导弹系统在内的一些装备将“非常快”、预计“数日之内”运抵乌克兰。他补充说,一些欧洲国家将把本国的“爱国者”防空系统转交给乌克兰。
吕特说,德国、芬兰、丹麦、瑞典、挪威、荷兰和加拿大均有意加入“重新武装”乌克兰的计划,通过北约向乌克兰提供军事援助。
特朗普去年在竞选总统期间承诺会很快解决俄乌冲突,但今年1月就任总统以来在此事上一直未能取得实质性进展。特朗普3月30日在接受美国媒体采访时表示,他对普京“非常生气”,如果因俄方原因导致俄乌不能达成停火协议,美国可能对俄罗斯石油的买家征收次级关税。(完)
图说:7月13日,美国总统特朗普乘直升机返抵华盛顿白宫。新华社记者 胡友松 摄