China
ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်နှင့် အာကာသစခန်းပေါင်းစပ်အပိုင်း ထိတွေ့ချိတ်ဆက်မှုများ ပြီးစီး

ပေကျင်း၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
ထျန်းကျိုး-၉ (Tianzhou-9) ကုန်တင်အာကာသယာဉ် ဂြိုဟ်ပတ်လမ်းအတွင်းသို့ ဝင်ရောက်ပြီးနောက် အခြေအနေ စီစဉ်သတ်မှတ်မှုအား အဆင်ပြေချောမွေ့စွာ ပြီးစီးခဲ့ပြီး ပေကျင်းစံတော်ချိန် ၂၀၂၅ ခုနှစ် ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီ ၅၂ မိနစ်တွင် အာကာသစခန်း ထျန်းဟော်ပင်မခန်း၏ အနောက်ဘက် ချိတ်ဆက်ပေါက်နှင့် အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။
ထိတွေ့ချိတ်ဆက်မှုပြီးစီးပြီးနောက် ထျန်းကျိုး-၉ သည် ပေါင်းစပ်အပိုင်းပျံသန်းမှုအဆင့်သို့ ရောက်ရှိမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။
နောက်ဆက်တွဲအနေဖြင့် ရှန်ကျိုး-၂၀ အာကာသယာဉ်းမှူးအဖွဲ့သည် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်အတွင်းသို့ ဝင်ရောက်ပြီး ကုန်စည်ပို့ဆောင်ခြင်း စသည် သက်ဆိုင်ရာလုပ်ငန်းများကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ပေကျင်းအာကာသယာဉ်ပျံသန်းမှုထိန်းချုပ်ရေးစင်တာတွင် ဇူလိုင် ၁၅ ရက်က ရိုက်ကူးထားသော ထျန်းကျိုး-၉ (Tianzhou-9) ကုန်တင်အာကာသယာဉ်က အာကာသစခန်းပေါင်းစပ်အပိုင်းဆီသို့ ချဉ်းကပ်လာသော ဓာတ်ပုံအား တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
天舟九号货运飞船与空间站组合体完成交会对接
新华社北京7月15日电(蔡琳琳、李陈虎)据中国载人航天工程办公室消息,天舟九号货运飞船入轨后顺利完成状态设置,于北京时间2025年7月15日8时52分,成功对接于空间站天和核心舱后向端口。交会对接完成后,天舟九号将转入组合体飞行段。
后续,神舟二十号航天员乘组将进入天舟九号货运飞船,按计划开展货物转运等相关工作。(完)
图说1:7月15日在北京航天飞行控制中心拍摄的天舟九号货运飞船与空间站组合体进行交会对接的模拟图像。 新华社发(周柯毅 摄)
图说2:7月15日在北京航天飞行控制中心拍摄的天舟九号货运飞船向空间站组合体靠拢的画面。新华社发(周柯毅 摄)