Connect with us

North America

အတန်အသင့်သေးငယ်သည့်နိုင်ငံအချို့အပေါ် ၁၀ ရာခိုင်နှုန်းနှင့်အထက် စည်းကြပ်ခွန် ကောက်ခံမည်ဟု ထရမ့် ဆို

အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၅ ရက်တွင် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်၌ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အာဖရိကတိုက်နှင့် ကာရေဘီယံဒေသနိုင်ငံများ အပါအဝင် အတန်အသင့် သေးငယ်သောနိုင်ငံများအပေါ် ၁၀ ရာခိုင်နှုန်းနှင့်အထက် စည်းကြပ်ခွန်များ ကောက်ခံသွားမည်ဟု ဇူလိုင် ၁၅ ရက်က ပြောကြားခဲ့သည်။

ထရမ့်က ထိုနေ့တွင် အန်ဒရူးလေတပ်အခြေစိုက်စခန်း၌ မီဒီယာများ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် “ကျွန်တော်တို့က ဒီအတန်အသင့်သေးငယ်တဲ့နိုင်ငံတွေအပေါ် တစ်ပြေးစည်းကြပ်ခွန် ကောက်ခံသွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ အနည်းဆုံး နိုင်ငံပေါင်း ၁၀၀ မှ ကုန်ပစ္စည်းများအပေါ် “၁၀ ရာခိုင်နှုန်းထက် အနည်းငယ်မြင့်သော စည်းကြပ်ခွန်” ကောက်ခံသွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းအားလုံးအပေါ် စည်းကြပ်ခွန် ၁၉ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မှုအတွက်ကိုမူ စည်းကြပ်ခွန် ကင်းလွတ်ခြင်းနှင့် စည်းကြပ်ခွန်မဟုတ်သော အတားအဆီး ခံစားခွင့်များ ခံစားရမည်ဖြစ်ကြောင်း ထရမ့်က ဇူလိုင် ၁၅ ရက်တွင် လူမှုမီဒီယာပလက်ဖောင်း “Truth Social” ၌ ပို့စ်ရေးသား၍ ကြေညာခဲ့သည်။

ထရမ့်သည် မကြာသေးမီက ကုန်သွယ်ရေးမိတ်ဖက်ပေါင်း ၂၀ ကျော်၏ အကြီးအကဲများထံသို့ စာလွှာပေးပို့၍ ဩဂုတ် ၁ ရက်မှစကာ အဆိုပါကုန်သွယ်ရေးမိတ်ဖက်များအပေါ် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ခွန်များ ကောက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)

—————
(Chinese Version)
特朗普说将对部分较小国家征收10%以上关税
新华社纽约7月15日电 美国总统特朗普15日表示,他计划对包括非洲和加勒比地区国家在内的较小国家征收10%以上的关税。
特朗普当天在安德鲁斯空军基地接受媒体采访时说:“我们可能会对所有这些较小国家征收统一的关税”。他表示可能会对来自至少100个国家的商品征收“略高于10%的关税”。
特朗普15日在社交媒体平台“真实社交”上发文宣布,美国将对所有进口的印度尼西亚商品征收19%的关税,而美国对印尼的出口将享受免关税和非关税壁垒待遇。
特朗普日前先后致信20多个贸易伙伴的领导人,称将从8月1日起对这些贸易伙伴征收20%至50%不等的关税。(完)
图说:7月15日,美国总统特朗普在华盛顿白宫回答记者提问。新华社记者 胡友松 摄