Connect with us

Europe

“အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” မှ ယူကရိန်း နုတ်ထွက်သည့် စာရွက်စာတမ်းအား ဇယ်လန်းစကီး လက်မှတ်ရေးထိုး

တူကီယဲနိုင်ငံ အန်ကာရာမြို့ရှိ ယူကရိန်းသံရုံး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးအား ၂၀၂၅ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးသည် ဇူလိုင် ၁၅ ရက်တွင် ယူကရိန်း အမြင့်ဆုံးလွှတ်တော်က ထိုနေ့၌ အတည်ပြုခဲ့သည့် တရားဥပဒေ စာရွက်စာတမ်းအား လက်မှတ်ရေးထိုးခဲ့ပြီး ယူကရိန်းက “အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” မှ ယာယီနုတ်ထွက်မှုကို တရားဝင်ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ရပ်သည် ရုရှား၏ စစ်ရေးဖိအားများ ရင်ဆိုင်ရန်အတွက် ယူကရိန်းဘက်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သဘောတူညီချက်မှ နုတ်ထွက်ခြင်းသည် ကာကွယ်ရေးအင်အား၏ တန်းတူညီမျှမှုအား ပြန်လည်ဖော်ဆောင်ရန်ဖြစ်ကြောင်း ဇယ်လန်းစကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ပြောကြားခဲ့သည်။ သေကျေဒဏ်ရာရစေနိုင်သော မြေမြှုပ်မိုင်းအပါအဝင် အချို့သောလက်နက်များ အသုံးပြုခြင်းသည် ယူကရိန်းက ရုရှားဘက်အား ရင်ဆိုင်ရာတွင် “စစ်ရေးအင်အားနဲ့ စွမ်းအားရဲ့ ဟန်ချက်ညီမှုကို အနည်းဆုံး ဖော်ဆောင်နိုင်ရေး” အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းက အဆိုပါသဘောတူညီချက်မှ နုတ်ထွက်ရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ ယူကရိန်း-ရုရှား နှစ်ဖက်က မြေမြှုပ်မိုင်း တားမြစ်ရေး အပိုင်းတွင် “ညီမျှမှုမရှိ” သည့်အနေအထားကြောင့် ဖြစ်ကြောင်း၊ ယူကရိန်း-ရုရှား စစ်ပွဲအပြည့်အဝမရပ်တန့်မီ ယူကရိန်းအနေဖြင့် အဆိုပါ သဘောတူညီချက်မှ ယာယီနုတ်ထွက်ထားမည်ဖြစ်ကြောင်း ယူကရိန်း အမြင့်ဆုံးလွှတ်တော်၏ သက်ဆိုင်ရာ ရှင်းလင်းချက် စာရွက်စာတမ်းအား ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် သတင်းဌာနက ဇူလိုင် ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” သည် ၁၉၉၉ ခုနှစ်တွင် တရားဝင် အသက်ဝင်ခဲ့ပြီး လူသေကျေဒဏ်ရာရမှုဖြစ်စေနိုင်သည့် မြေမြှုပ်မိုင်းများ အသုံးပြုခြင်း၊ သိုလှောင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် လွှဲပြောင်းပေးခြင်းအား တားမြစ်ထားသည်။ ၂၀၀၅ ခုနှစ် မေလတွင် ယူကရိန်း အမြင့်ဆုံးလွှတ်တော်က အဆိုပါသဘောတူညီချက်တွင် ယူကရိန်း ပါဝင်ရန် ခွင့်ပြုခဲ့သည်။ ဇယ်လန်းစကီးက ယခုနှစ် ဇွန်လ ၂၉ ရက်တွင် အမိန့်ကြေညာချက် လက်မှတ်ရေးထိုး၍ ယူကရိန်း အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ “အော့တဝါ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေး သဘောတူညီချက်” မှ နုတ်ထွက်ခြင်း ဆုံးဖြတ်ချက်ကို ခွင့်ပြုခဲ့သည်။ ထို့နောက် ယူကရိန်း အစိုးရအဖွဲ့က သဘောတူညီချက်မှ နုတ်ထွက်ခြင်း အစီအစဉ်ကို စတင်ခဲ့သည်။ (Xinhua)

———————
(Chinese Version)
泽连斯基签署乌克兰退出《渥太华禁雷公约》文件
新华社基辅7月15日电 乌克兰总统泽连斯基15日说,已签署当天由最高拉达(议会)通过的法律文件,正式批准乌克兰暂时退出《渥太华禁雷公约》。他称,此举旨在提升乌方防御能力,应对来自俄罗斯的军事压力。
泽连斯基当天在社交媒体发布帖文表示,退出公约是为恢复防御力量对等性。他称,使用包括杀伤性地雷在内的部分武器,将有助于乌克兰在应对俄方时“至少实现兵力与能力的均衡”。
乌克兰国家通讯社15日援引乌最高拉达有关解释性文件报道称,乌方退出该公约的一大原因在于,乌俄双方在禁雷方面处于“不对等”地位。在乌俄彻底停战前,乌方将暂时退出该公约。
《渥太华禁雷公约》于1999年正式生效,公约禁止使用、储存、生产和转让杀伤人员地雷。2005年5月,乌最高拉达批准乌克兰加入该公约。泽连斯基今年6月29日签署法令,批准乌克兰国家安全与国防委员会关于乌退出《渥太华禁雷公约》的决定。乌内阁随后启动退出公约程序。(完)
图说:5月15日,乌克兰总统泽连斯基在土耳其安卡拉的乌克兰大使馆举行新闻发布会。新华社发(穆斯塔法·卡亚摄)