Connect with us

China

ရှီကျင့်ဖိန်နှင့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီနှင့် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်၌ ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီနှင့် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန်က အယ်လ်ဘာနီစီအား ဝန်ကြီးချုပ်အဖြစ် ဆက်လက်ရွေးချယ်ခံရခြင်းကို ဂုဏ်ပြုကြောင်း ထပ်မံပြောကြားခဲ့သည်။ နှစ်ဖက်အတူတကွကြိုးစားမှုအောက်တွင် တရုတ်-ဩစတြေးလျ ဆက်ဆံရေးသည် လတ်တလောနှစ်များတွင် အခက်ခဲဆုံးအခြေအနေများကို ကျော်ဖြတ်လာနိုင်ပြီး ပြန်လည်ကောင်းမွန်လာအောင် ဖော်ဆောင်နိုင်ခဲ့ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျ ထင်သာမြင်သာရှိသော ကောင်းကျိုးများကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ယင်းမှ မိမိတို့ရရှိသည့် အကြီးမားဆုံးလမ်းစဖွင့်ပေးမှုမှာ တန်းတူညီမျှဆက်ဆံမှု၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းမှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာလက်ကိုင်ထားခြင်းသည် တရုတ်-သြစတြေးလျ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီမှုရှိခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေတွေ မည်သို့ပင် ပြောင်းလဲစေကာမူ ဤယေဘုယျ ဦးတည်ချက်ကို မယိမ်းယိုင်ဘဲ အခိုင်အမာထိန်းသိမ်းထားသင့်ကြောင်း၊ တရုတ်-သြစတြေးလျ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စတင်ခဲ့သည့် ဒုတိယမြောက် ၁၀ နှစ်တွင် တရုတ်နိုင်ငံသည် ဩစတြေးလျနိုင်ငံနှင့်အတူ တရုတ်-သြစတြေးလျဆက်ဆံရေး တစ်ဆင့်တိုး ရှေ့သို့တက်လှမ်းရန်၊ ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း သမ္မတ ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။

တရုတ်-သြစတြေးလျ နှစ်ဖက်အနေဖြင့် ဦးစွာ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှုကို စဉ်ဆက်မပြတ် တိုးတက်စေရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအား ဆက်လက်ထိန်းသိမ်းသွားမည့် သန္နိဋ္ဌာန်မှာ ယိမ်းယိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ ဘုံဖွံ့ဖြိုးတိုးတက်ရေးအား အခိုင်အမာလက်ကိုင်ထားမည့် အတွေးအခေါ်မှာ ယိမ်းယိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအားမြှင့်တင်သည့် မူဝါဒကို အခိုင်အမာလက်ကိုင်ထားမှုသည် ယိမ်းယိုင်ခြင်းရှိမည်မဟုတ်ကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ကာ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်လွယ်ကူချောမွေ့စေရေးအား တွန်းအားပေးပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာဝပြောရေးအား မြှင့်တင်ပေးရန် ထောက်ခံအားပေးကြောင်း၊ နှစ်ဖက်အနေဖြင့် မှန်ကန်သော အပြန်အလှန်နားလည်သိရှိမှု၊ လက်တွေ့ကျသော အပြန်အလှန်ယုံကြည်မှုအုတ်မြစ်ကို အခိုင်အမာထိန်းသိမ်းသင့်ကြောင်း သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ချဲ့ထွင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၁၆ နှစ်ကြာကာလတစ်လျှောက်လုံးတွင် သြစတြေးလျနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ရာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုသည် သြစတြေးလျနိုင်ငံအတွက် အမှန်တကယ် ထင်သာမြင်သာရှိသော အကျိုးစီးပွားများဆောင်ကြဉ်းပေးခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှုကို တွန်းအားပေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုမ္ပဏီလုပ်ငန်းများအတွက် ကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်ကို လက်တွေ့ ဖန်းတီပေးကာ အကျိုးစီးပွား ဆုံချက်နှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုများ ပိုမိုဖန်တီးပေးပြီး ပူးပေါင်းဆောင်ရွက်မှုအလွှာနှင့်အဆင့်ကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို ကျယ်ကျယ်ပြန့်ပြန့် ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပြည်သူများသည် စိတ်နှလုံးသားချင်း ဆက်နွှယ်၍ ချစ်ကြည်ရင်းနှီးမှုမှာ စစ်မှန်ရိုးသားကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-သြစတြေးလျ ချစ်ကြည်ရင်းနှီးမှုသစ်ပင်ကြီး အသီးအရွက်များ ပိုမိုပွင့်လန်းဝေဆာစေရန် ပိုမိုများပြားသော သြစတြေးလျနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ကြိုဆိုသလို ပိုမိုများပြားသော သြစတြေးလျလူငယ်များ တရုတ်နိုင်ငံသို့ လာရောက် နှီးနှောဖလှယ် သင်ယူလေ့လာရန် ဖိတ်ခေါ်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် အန္တရာယ်စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရှုပ်ထွေးနေသော နိုင်ငံတကာအခင်းအကျင်းအား ရင်ဆိုင်ရာတွင် နိုင်ငံအသီးသီးအနေဖြင့် နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို အတူတကွ ထိန်းသိမ်းကာကွယ်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေကို အရင်းခံသော နိုင်ငံတကာနည်းစနစ်များကို ကာကွယ်ကာ နိုင်ငံတကာနည်းစနည်းအား ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော လားရာသို့ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးရမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီက လတ်တလောနှစ်များတွင် သြစတြေးလျ-တရုတ် ဆက်ဆံရေးသည် အပြုသဘောဆောင်သော တိုးတက်မှုများရရှိခဲ့ကြောင်း၊ သြစတြေးလျဘက်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးတန်ဖိုးထားရာ တရုတ်ဘက်နှင့်အတူ တန်းတူညီမျှဆက်ဆံမှု၊ တူညီမှုများကို ရှာဖွေပြီး ကွဲပြားမှုများကို ထိန်းသိမ်းမှု၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကာ သြစတြေးလျ-တရုတ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ ယင်းမှာ နှစ်နိုင်ငံ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို ဒေသတွင်း တည်ငြိမ်သာယာဝပြောမှုအတွက်လည်း အကျိုးပြုကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားပြီး “ထိုင်ဝမ်ခွဲထွက်ရေး” ကို မထောက်ခံကြောင်း၊ သြစတြေးလျအနေဖြင့် တရုတ်နိုင်ငံနှင့် အလွှာအဆင့်အသီးသီး ကူးလူးဆက်ဆံဆွေးနွေးမှုများ ထိန်းသိမ်းထားပြီး အပြန်အလှန်ယုံကြည်မှုတိုးတက်စေလိုကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် သြစတြေးလျနိုင်ငံအတွက် လွန်စွာအရေးပါကြောင်း၊ သြစတြေးလျသည် တရုတ်နိုင်ငံစီးပွားရေးနှင့် အချိတ်အဆက်ပြတ်တောက်ရန် မည်သည့်အခါကမျှ ရှာဖွေခြင်းမရှိဘဲ နှစ်ဖက်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှုကို ထိန်းသိမ်းထားပြီး အစိမ်းရောင်ထုတ်ကုန်လုပ်ငန်း၊ ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်မှု၊ ဆေးဘက်ဆိုင်ရာနည်းပညာစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ တွန်းအားပေးသွားကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သွားလိုကြောင်း၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ အားကစားစသည့် လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို အားဖြည့်ကာ ပြည်သူများအပြန်အလှန်နားလည်မှုကို မြှင့်တင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြောင်းလဲရှုပ်ထွေးနေသော ကမ္ဘာကြီးနှင့် ရင်ဆိုင်သည့်အခါ သြစတြေးလျနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းထားကာ ကုလသမဂ္ဂ၏ အဓိကအခန်းကဏ္ဍကို ထောက်ခံအားပေးပြီး နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ပိုမိုများပြားသော တည်ငြိမ်မှု၊ သေချာမှုများ ပံ့ပိုးပေးနိုင်ရန် လွတ်လပ်သော ကုန်သွယ်ရေးနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းစည်းကမ်းများကို အတူတကွကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက တာဝန်ယူထမ်းဆောင်ခြင်းကို ထောက်ခံအားပေးကြောင်း အယ်လ်ဘာနီစီက ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဝမ်ရိလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(Chinese Version)
习近平会见澳大利亚总理阿尔巴尼斯
新华社北京7月15日电(记者孙奕、许可)7月15日上午,国家主席习近平在北京人民大会堂会见来华进行正式访问的澳大利亚总理阿尔巴尼斯。
习近平再次祝贺阿尔巴尼斯当选连任。习近平指出,在双方共同努力下,中澳关系近年来走出低谷、实现转圜,给两国人民带来了实实在在福祉。这给我们最大的启示就是,坚持平等相待、求同存异、互利合作符合中澳两国和两国人民根本利益,无论国际风云如何变化,都应该坚持这个大方向不动摇。中澳全面战略伙伴关系已经开启第二个10年,中方愿同澳方一道,推动中澳关系进一步向前、向好发展,更好造福两国人民。
习近平强调,中澳双方首先要持续增进战略互信。中国坚持和平发展的决心不会动摇,坚持共同发展的理念不会动摇,坚持促进亚太合作发展的政策不会动摇,主张各国团结合作,推进亚太自由贸易区建设、贸易和投资自由化便利化,促进地区和平、发展、繁荣。双方应坚持正确相互认知,夯实互信基础。二是要深化拓展互利合作。中国16年来一直是澳大利亚最大贸易伙伴,对华贸易为澳大利亚带来实实在在利益。双方要推动发展战略对接,切实为两国企业营造良好营商环境,打造更多利益契合点和合作增长点,不断提升合作层次和水平。三是要广泛培植人民友谊。两国人民的心灵是相通的、友谊是真诚的,中方欢迎更多澳各界人士来中国走走看看,愿邀请更多澳大利亚青少年来华交流访学,让中澳友好之树更加枝繁叶茂。四是要共同应对风险挑战。面对变乱交织的国际形势,各国要共同维护国际公平正义,维护多边主义和自由贸易,捍卫以联合国为核心的国际体系和以国际法为基础的国际秩序,推动国际秩序朝着更加公正合理的方向发展。
阿尔巴尼斯表示,近年来,澳中关系取得积极进展。澳方十分珍视对华关系,期待同中方一道,平等相待,求同存异,互利合作,推动澳中关系发展,这符合两国的共同利益,也有利于地区稳定繁荣。澳方坚持一个中国政策,不支持“台独”。澳方愿与中方保持各层级交往对话,增进互信。中国的发展对澳大利亚至关重要,澳方从不寻求与中国经济脱钩,愿保持双边贸易畅通,推进绿色产业、应对气候变化、医疗技术等领域务实合作,实现互利共赢。愿加强旅游、教育、体育等人文交流,促进人民相互理解。面对变乱交织的世界,澳方愿与中方坚持多边主义,支持联合国发挥重要作用,共同维护自由贸易和世界贸易组织规则,为国际社会提供更多稳定性、确定性。澳方支持中国担任2026年亚太经合组织东道主。
王毅参加会见。(完)
图说:7月15日上午,国家主席习近平在北京人民大会堂会见来华进行正式访问的澳大利亚总理阿尔巴尼斯。 新华社记者 黄敬文 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.