China
ဖုဟွာနှင့် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်လာသော အရေးကြီးဧည့်သည်တော်များ တွေ့ဆုံဆွေးနွေး

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက ဇူလိုင် ၁၆ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်လာသော အရေးကြီးဧည့်သည်တော်များနှင့် အဖွဲ့လိုက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ယမန်နှစ် နိုဝင်ဘာလတွင် ပထမအကြိမ် “ကမ္ဘာ့တောင်ဘက်ခြမ်း” မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်ကို ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ အောင်မြင်စွာကျင်းပခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ လူလာတို့က ဖိုရမ်သို့ သီးခြားစီ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်တွင် တရုတ်-ဘရာဇီး နှစ်နိုင်ငံခေါင်းဆောင်များ၏ ဂုဏ်ပြုသဝဏ်လွှာစိတ်ဓာတ်နှင့် အရေးကြီး သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း ပူးပေါင်းဆောင်ရွက်မှုအား လက်တွဲ တွန်းအားပေးရန်၊ BRICS နိုင်ငံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ပူးပေါင်းဆောင်ရွက်မှု ရလဒ်အား ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးရန်အလို့ငှာ ဆင်ဟွာသတင်းဌာနသည် ဘရာဇီးမီဒီယာအဖွဲ့အစည်းများနှင့် ပူးတွဲ၍ BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်အား ကျင်းပခဲ့ကြောင်း၊ အဆိုပါဖိုရမ်သည် “Greater BRICS ပူးပေါင်းဆောင်ရွက်မှု” အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန်အတွက် တစ်မူထူးခြားချက်ရှိသော မီဒီယာဉာဏ်ပညာနှင့် တတ်သိပညာရှင်အင်အားများဖြင့် အကျိုးထမ်းဆောင်သွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဗဟိုအမေရိကန်လွှတ်တော်ဥက္ကဋ္ဌ Carlos Hernandez စသည့် ဧည့်သည်တော်များက ဆင်ဟွာသတင်းဌာန၏ မီဒီယာနှင့် တတ်သိပညာရှင်များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန်အတွက် ဦးဆောင်မှုအား ဖော်ပြမှုကို တန်ဖိုးထားချီးကျူးကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက ကမ္ဘာတောင်ဘက်ခြမ်း၏ ကျယ်လောင်သောပြောဆိုသံများကို ပိုမိုကြည်လင်ပြတ်သားစွာ ကြားသိနိုင်ရန်အတွက် BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
傅华会见出席金砖国家媒体智库高端论坛的重要嘉宾
新华社里约热内卢7月16日电(记者温馨 陈威华)新华社社长傅华16日在巴西里约热内卢集体会见出席金砖国家媒体智库高端论坛的重要嘉宾。
傅华表示,去年11月,首届“全球南方”媒体智库高端论坛在圣保罗成功举办,习近平主席和卢拉总统分别向论坛致贺信。今年,为落实中巴两国元首贺信精神和重要共识,携手推动全球南方合作,广泛宣介金砖国家领导人会晤合作成果,新华社联合巴西媒体机构共同举办金砖国家媒体智库高端论坛。相信论坛将为推动“大金砖合作”高质量发展贡献独具特色的媒体智慧和智库力量。
中美洲议会议长埃尔南德斯等嘉宾表示,赞赏新华社为推动媒体智库协作展现的引领力,期待金砖国家媒体智库进一步加强团结合作,让国际社会更清晰地听到全球南方的响亮声音。(完)
图说:7月16日,新华社社长傅华在巴西里约热内卢集体会见出席金砖国家媒体智库高端论坛的重要嘉宾。 新华社记者 姚大伟 摄