China
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ် တရုတ်ပြည်တွင်းပြည်ပဧည့်သည်တော်များ၏ သတင်းစကား (၂)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
BRICS နိုင်ငံများ မီဒီယာနှင့် တတ်သိပညာရှင်များ အဆင့်မြင့်ဖိုရမ်
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်
ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့
၁။ ထန်းကျိချန်
တရုတ်နိုင်ငံ၊ အနောက်တောင် ဘဏ္ဍာရေးနှင့် စီးပွားရေးတက္ကသိုလ်
တတ်သိပညာရှင်အဖွဲ့ ဌာနမှူး၊ ထိပ်တန်းစီးပွားရေးပညာရှင်
တတ်သိပညာရှင်များနှင့် မီဒီယာများသည် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းဖြင့် စုပေါင်းအင်အားသစ်ကို ဖော်ဆောင်ကာ လူသားတို့ အနာဂတ်လမ်းအား ထွန်းလင်းရမည်။
၂။ ဒါတုဆီရီ ဝမ်ချန်ဝိုင်
မလေးရှားနိုင်ငံ၊ Bernama သတင်းဌာန ဥက္ကဋ္ဌ
ကျွန်တော်တို့က နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲနေတဲ့ ခေတ်တစ်ခေတ်မှာ ရောက်ရှိနေပါတယ်။ တစ်ကမ္ဘာလုံး အင်အားအခင်းအကျင်းက ပြန်လည်ပုံသွင်းတည်ဆောက်နေပြီး ကာလကြာရှည်စွာ လျစ်လျူရှုထားခံရတဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း ထုတ်ဖော်ပြောဆိုသံတွေက နောက်ဆုံး ပိုမိုရှင်းလင်း ကျယ်လောင်လာပြီး ပိုမိုဂရုပြုခံလာနေရပါတယ်။
၃။ တာဖက်ခ် ရမ်မန်
အင်ဒိုနီးရှားနိုင်ငံ၊ “The Jakarta Post” အယ်ဒီတာချုပ်
ကာလကြာရှည်စွာ သတင်းအချက်အလက်နဲ့ ဓာတ်ပုံတွေ ဖြန့်ချိမှုက ပုံမှန်အားဖြင့် မြောက်ဘက်ခြမ်း နိုင်ငံတွေက လာကြစမြဲဖြစ်ပါတယ်။ ယနေ့မှာတော့ ဒီလိုအခင်းအကျင်းကို ပြောင်းလဲဖို့အချိန် ကျရောက်နေပါပြီ။
၄။ အလီ မိုဟာမက် အလီ
နိုင်ဂျီးရီးယား သတင်းဌာန (NAN) ဥက္ကဋ္ဌ
BRICS နိုင်ငံများရဲ့ တူစုံထုတ်ဖော်ပြောဆိုသံတွေက တစ်ကမ္ဘာလုံး ပဲ့တင်ထပ်နိုင်အောင် ကျယ်လောင်ပါတယ်။ ကျွန်တော်တို့က သာယာဝပြောတဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း၊ ပိုမို တရားမျှတပြီး တန်းတူညီမျှတဲ့ ကမ္ဘာကြီးတစ်ခုကို မျှော်လင့်နေပါတယ်။
၅။ ဟာမက် အဗ္ဗဒူလာ အယ်လ် ဟာဆာနီ
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)၊ “TREND” တတ်သိပညာရှင်အဖွဲ့၊ အစ္စလာမ်မစ် နိုင်ငံရေး သုတေသနဌာန ဌာနမှူး
ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ နည်းပညာထိုးနှက်မှုနှင့် ဒေသတွင်းလှုပ်ခတ်မတည်ငြိမ်မှု စတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ရာမှာ တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းက စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ သဘောတူညီချက်များ စုစည်းခြင်းနဲ့ ရေရှည်အမြော်အမြင်ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။
၆။ အာဘစ်စ် အာဆလမ်
အီရန်နိုင်ငံ၊ အရှေ့အလယ်ပိုင်း မဟာဗျူဟာလေ့လာရေးအဖွဲ့ အယ်ဒီတာချုပ်၊ အဆင့်မြင့်သုတေသီ
BRICS ယန္တရားက ၎င်းရဲ့ ကနဦးအနေအထားဖြစ်တဲ့ ထွန်းသစ်စစီးပွားရေးအစုအဖွဲ့ထက် ကျော်လွန်နေပြီဆိုတာ သိသာထင်ရှားပါတယ်။
၇။ ဝါချယဉ် ဆာထာခူသန်း
ထိုင်းနိုင်ငံ Mass Communications Organization (MCOT)၊ ထိုင်းနိုင်ငံ သတင်းဌာန (Thailand News Agency) ဒုတိယဥက္ကဋ္ဌ
ပထဝီနိုင်ငံရေး တင်းမာမှုအခြေအနေထဲမှာ BRICS နိုင်ငံများက မိမိရဲ့ထုတ်ဖော်ပြောဆိုခွင့်ကို ချဲ့ထွင်ဖို့အတွက် ကြီးမားတဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေနဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိတဲ့ စိတ်ဓာတ်တွေကို ကျွန်မလေးစားမိပါတယ်။
၈။ အယ်လ်လာဝီ ဆာမန်ဒါ
ယူဂန္ဓာနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးစင်တာ အမှုဆောင်ဒါရိုက်တာ၊ အဆင့်မြင့်သုတေသီ
BRICS ယန္တရားက မိမိကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာ့တောင်ဘက်ခြမ်း အတူတကွဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရာမှာ ကြီးမားတဲ့အလားအလာတွေရှိပါတယ်။
၉။ အဗ္ဗဒူလာဇီ ရှာဘန်နီ
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယတ် နိုင်ငံရေးနှင့် မဟာဗျူဟာလေ့လာရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ
မီဒီယာနဲ့ တတ်သိပညာရှင်တွေက ကမ္ဘာလုံးဆိုင်ရာစနစ်ရဲ့ အစားထိုးတင်ဆက်ဖော်ပြမှုအပိုင်းမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။(Xinhua)
————————-
(Chinese Version)
海报:中外嘉宾寄语金砖国家媒体智库高端论坛(二)
金砖国家媒体智库高端论坛
2025年7月16日巴西•里约热内卢
1. 汤继强
中国西南财经大学
智库主任、首席经济学家
智库和媒体需要加强交流合作,形成新合力,照亮人类未来之路。
2. 黄振威
马来西亚国家新闻社主席
我们正处于一个深刻变革的时代-全球力量格局正在重塑,长期被忽视的全球南方声音终于更加清晰、响亮,更受关注。
3. 穆罕默德·陶菲库罗曼
印度尼西亚《雅加达邮报》总编辑
长期以来,新闻信息和图片的传播往往总是来自于北方国家。如今,是时候改变这一格局了。
4. 阿里·穆罕默德·阿里
尼日利亚通讯社社长
金砖合鸣,声彻寰字。我们期待一个繁荣的全球南方,一个更加公正平等的世界。
5. 哈马德·阿卜杜拉·阿勒胡萨尼
阿联酋“趋势”智库伊斯兰政治研究所主任
面对气候变化、粮食安全、技术冲击与地区动荡等全球性挑战,唯一可行的办法是团结协作、凝聚共识与开展有远见的合作。
6. 阿巴斯·阿斯拉尼
伊朗中东战略研究院总编辑、高级研究员
显然,金砖机制已超越其新兴经济体初始定位。
7. 瓦查林·塞塔库丹
泰国大众传播机构泰国新闻社副总裁
金砖国家在地缘政治紧张局势中,为扩大自身话语权所付出的巨大努力和展现出的坚韧不拔的精神,令我钦佩。
8. 阿拉维·塞曼达
乌干达发展观察中心执行主管、高级研究员
金砖机制在自身发展和推动全球南方共同发展方面都潜力巨大。
9. 阿卜杜拉齐兹·沙班尼
沙特阿拉伯利雅得政治与战略研究中心副主任
媒体与智库在构建全球体系的替代性叙事方面发挥着至关重要的作用。