North America
“ကြံသကြား အစစ်” ဖြင့် ကိုကာကိုလာ ထုတ်လုပ်ရန် ထရမ့် တောင်းဆို

ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ကိုကာကိုလာ (Coca-Cola) ကုမ္ပဏီသည် အမေရိကန်၌ “ကြံသကြား အစစ်” အသုံးပြု၍ အချိုရည် ထုတ်လုပ်ရန် သဘောတူပြီးဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ကိုကာကိုလာ ကုမ္ပဏီကမူ အသေးစိတ်အကြောင်းအရာများအား အမြန်ဆုံး မျှဝေသွားမည်ဟု တုံ့ပြန်ပြောကြားခဲ့သည်။
“အမေရိကန်မှာ ကြံသကြားအစစ်ကို အသုံးပြုပြီး ကိုကာကိုလာကို ထုတ်လုပ်ဖို့အတွက် ကျွန်တော် ကိုကာကိုလာကုမ္ပဏီနဲ့ အမြဲချိတ်ဆက်ဆွေးနွေးခဲ့ပါတယ်။ သူတို့ကလည်း အဲဒီအတိုင်းလုပ်ဖို့ သဘောတူပြီးပါပြီ” ဟု ထရမ့်က လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
“ဒါကသူတို့အတွက် အရမ်းကောင်းတဲ့ ခြေလှမ်းတစ်လှမ်းပါ။ ခင်ဗျားတို့ စောင့်ကြည့်လိုက်ပါ။ ဒီလို (ကြံသကြားအစစ် ထည့်ထားတာ) က ပိုကောင်းပါတယ်” ဟုလည်း ထရမ့်က ဆိုခဲ့သည်။
ကိုကာကိုလာကုမ္ပဏီက ထိုနေ့တွင် ၎င်းတရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက်ထုတ်ပြန်၍ သမ္မတ ထရမ့်က ၎င်း၏ အမှတ်သင်္ကေတဖြစ်သည့် ကိုကာကိုလာ အမှတ်တံဆိပ်အပေါ် ချစ်မြတ်နိုးမှုအား ကျေးဇူးတင်ရှိကြောင်း၊ “ကိုကာကိုလာ ထုတ်ကုန်ရဲ့ ဆန်းသစ်တီထွင်မှု ထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာများအား အမြန်ဆုံးထုတ်ပြန်သွားမည်” ဟု ပြောကြားခဲ့သည်။
အမေရိကန်ဈေးကွက်၌ ရောင်းချသည့် ကိုကာကိုလာထုတ်ကုန်များသည် အချိုဓာတ်တိုးစေရန် ကြံသကြား အသုံးပြုထားခြင်းမဟုတ်ဘဲ ဖရက်တို့စ်များစွာပါဝင်သော ပြောင်းသကြားရည်ကို အသုံးပြုထားခြင်း ဖြစ်သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ ကြံသကြားနှင့် ဖရက်တို့စ်များစွာ ပါဝင်သော ပြောင်းသကြားရည်တို့တွင် သိသာထင်ရှားသည့် ကွာဟမှုမရှိကြောင်း ဆေးပညာရှင်များက ဆိုကြသည်။ အမေရိကန် ကျန်းမာရေးနှင့် အများပြည်သူဝန်ဆောင်မှု ဝန်ကြီး ရောဘတ် ကနေဒီ ဂျူနီယာက ဖရက်တို့စ်များစွာပါဝင်သော ပြောင်းသကြားရည်အား ကာလကြာရှည်စွာ အမြဲဝေဖန်သည့် သဘောထားရှိသည်။
ကြံသကြားဖြင့် ဖရက်တို့စ်များစွာပါဝင်သော ပြောင်းသကြားရည်အား အစားထိုးခြင်းသည် “အနှစ်သာရမရှိ” ကြောင်း၊ “အမေရိကန် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း အလုပ်အကိုင်ပေါင်း ထောင်သောင်းချီ ဆုံးရှုံးစေပြီး စိုက်ခင်းဝင်ငွေလျော့ကျစေမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ပြည်ပသကြားတွေ တင်သွင်းမှု တိုးလာတာ ဖြစ်စေနိုင်ပါတယ်” ဟု အမေရိကန် ပြောင်းဖူးကုန်ချောထုတ်လုပ်ရေးအသင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် John Bode က ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
特朗普要求用“真正的蔗糖”生产可口可乐
新华社华盛顿7月16日电 美国总统特朗普16日称,可口可乐公司已同意在美国使用“真正的蔗糖”生产饮品。可口可乐公司回应说,将很快分享更多细节。
特朗普在社交媒体上发帖说:“我一直在与可口可乐公司就在美国使用真正的蔗糖生产可乐事宜进行沟通,他们已同意照办。”
特朗普称:“这将是他们非常好的一步——你们等着瞧吧,这样(加了真正的蔗糖)更好!”
可口可乐公司同日在其官网上发表声明说,感谢特朗普总统对其标志性可口可乐品牌的热情。“关于可口可乐产品系列创新产品的更多细节将很快公布”。
据美国媒体报道,美国市场上的可口可乐产品使用高果糖玉米糖浆而非蔗糖来增甜。有医学专家声称,蔗糖和高果糖玉米糖浆之间不存在显著差异。美国卫生与公共服务部部长小罗伯特·肯尼迪长期以来一直对高果糖玉米糖浆持批评态度。
美国玉米加工协会总裁兼首席执行官约翰·博德发表声明说,用蔗糖代替高果糖玉米糖浆“没有意义”,“可能造成成千上万个美国食品制造业岗位流失,降低农场收入,同时可能导致增加对外国糖的进口”。(完)
图说:7月15日,美国总统特朗普在华盛顿白宫回答记者提问。新华社记者 胡友松 摄