China
တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှုကုန်စည်ပြပွဲ (CISCE) တွင် ဆန်းသစ်တီထွင်မှုဒီရေလှိုင်း မြင့်တက်လျက်ရှိ

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
ဆန်းသစ်တီထွင်မှုသည် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲ (CISCE) (အတိုကောက်- ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ) ၏ အရင်းခံဖြစ်သလို ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ၏ အသက်သွေးကြောလည်းဖြစ်သည်။
တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် မြှင့်တင်မှု ကုန်စည်ပြပွဲကို မကြာသေးမီက တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပလျက်ရှိပြီး ယခုအကြိမ် ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲသည် အဆင့်မြင့်ကုန်ထုတ်လုပ်မှုကွင်းဆက်ပြပွဲဧရိယာတွင် ဆန်းသစ်တီထွင်မှုကွင်းဆက်အထူးဧရိယာကို ပထမဆုံးအကြိမ် ပြုလုပ်ထားရုံသာမက “ထောက်ပံ့ရေးကွင်းဆက် ကုန်စည်ပြပွဲ ပထမဆုံးအကြိမ် မိတ်ဆက်ပြသသည့်နေရာ” ထုတ်ကုန်သစ်မိတ်ဆက်သည့်အထူးဧရိယာကိုလည်း ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ပါသည်။
ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်၏ ထုတ်ကုန်အသစ်၊ နည်းပညာအသစ်၊ အခင်းအကျင်းအသစ်၊ ဂေဟစနစ်အသစ်တို့က အပြိုင်အဆိုင် တောက်ပလျက်ရှိပြီး လာရောက်ကြည့်ရှုသူများ၏ အမြင်ကို ဖမ်းစားလျက်ရှိသည်။ (Xinhua)

အဆင့်မြင့်ကုန်ထုတ်လုပ်မှုကွင်းဆက်ပြပွဲဧရိယာ၊ CRRC ပြခန်းတွင် ပြသထားသော ရထားပုံစံငယ်များကို ကြည့်ရှုလေ့လာနေသူများအား ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
新华全媒+|创新潮涌链博会
新华社照片,北京,2025年7月17日
创新是链博会的底色,也是链博会的生命力所在。第三届中国国际供应链促进博览会近日在北京举办,本届链博会不仅在先进制造链展区首次设置创新链专区,还首次举办“链博首发站”新品发布专区。全球供应链上的新产品、新工艺、新场景、新生态竞相“绽放”,让观众眼前一亮。
图说1:这是7月17日在智能汽车链展区视比特机器人展位拍摄的漆面缺陷检测与磨抛修复系统现场演示。新华社记者 张晨霖 摄
图说2:参观者在先进制造链展区中国中车展台参观展出的列车产品模型(7月16日摄)。新华社记者 鞠焕宗 摄