Connect with us

China

ဝမ်ရိနှင့် ခရိုအေးရှား နိုင်ငံခြားရေးဝန်ကြီး Gordan Grlić-Radman တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ခရိုအေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gordan Grlić-Radman တို့ ဇူလိုင် ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ခရိုအေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gordan Grlić-Radman နှင့် ဇူလိုင် ၂၁ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက နှစ်ဖက်အနေဖြင့် Pelješac တံတား ကိုယ်စားပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတည်ဆောက်ရေး ရလဒ်များစွာ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၂၀ ပြည့်နှစ်ကို အခါအခွင့်အဖြစ် ထားရှိကာ နှစ်ဖက်ဆက်ဆံရေး တိုးတက်မှုအသစ်များ ရရှိအောင် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ရမည် ဖြစ်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို အခိုင်အမာ လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ခရိုအေးရှားနိုင်ငံက အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Gordan Grlić-Radman က ခရိုအေးရှားနိုင်ငံအစိုးရသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ကျင့်သုံးကြောင်း၊ ခရိုအေးရှားနိုင်ငံအနေဖြင့် ဥရောပ-တရုတ် ဆက်ဆံရေး စဉ်ဆက်မပြတ် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် ထောက်ခံကြောင်း၊ တရုတ်-အလယ်ပိုင်းနှင့် အရှေ့ပိုင်း ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (CECC) တွင် ဆက်လက်တက်ကြွစွာ ထောက်ခံအားပေး၍ ပါဝင်ဆောင်ရွက်သွားလိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်များကို အားဖြည့်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
王毅同克罗地亚外长拉德曼会谈
新华社北京7月21日电 中共中央政治局委员、外交部长王毅21日在京同克罗地亚外长拉德曼举行会谈。
王毅说,双方以佩列沙茨大桥为代表的高质量共建“一带一路”成果丰硕。要以建立全面合作伙伴关系20周年为契机,推动双边关系取得新进展。要加强多边协调配合,坚持多边主义和自由贸易。希望克方继续为促进中欧合作发挥建设性作用。
拉德曼表示,克政府坚持奉行一个中国政策。克方支持推动欧中关系持续稳定发展,愿继续积极支持并参与中国-中东欧国家合作,愿同中方加强多边协作。(完)
1. 7月21日,中共中央政治局委员、外交部长王毅在北京同克罗地亚外长拉德曼举行会谈。 新华社记者 岳月伟 摄